• Follow Us on

Home စဉ်ဆက်မပြတ်တန်းတူဆက်ဆံရေးကို အလေးထားဆောင်ရွက်ကြရန် ပါတီဝင်များအား ပြည်ခိုင်ဖြိုးပါတီ ဒုဥက္ကဋ္ဌ မှာကြား

စဉ်ဆက်မပြတ်တန်းတူဆက်ဆံရေးကို အလေးထားဆောင်ရွက်ကြရန် ပါတီဝင်များအား ပြည်ခိုင်ဖြိုးပါတီ ဒုဥက္ကဋ္ဌ မှာကြား

Share this post

နေပြည်တော်၊ စက်တင်ဘာ ၈

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိန်း ရန်ကုန်တိုင်းဒေသကြီးကော်မတီ ဝင်များနှင့် ဗိုလ်တထောင်ခရိုင် ခရိုင်/မြို့နယ် ကော်မတီဝင်များအား စက်တင်ဘာ ၆ ရက်နေ့ နံနက် ၉ နာရီ တွင် ရန်ကုန်တိုင်းဒေသကြီး တိုင်းပါတီရုံးအစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့သည်။

 

တွေ့ဆုံစဉ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌက မြို့နယ်/ရပ်ကျေးများ အောက်ခြေ အဆင့်ဆင့်ထိ ဖွဲ့စည်းပုံ ကျစ်လစ်ခိုင်မာရေးနှင့် မှန်ကန်မှုရှိစေရေး၊ ပြည့်မဏ္ဍိုင်လှုပ်ရှားဆောင်ရွက်မှုကိစ္စ ရပ်များ၊ ရက် (၉၀) စီမံချက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့် စဉ်ဆက်မပြတ်တန်းတူဆက်ဆံရေး ကို အလေးထားဆောင်ရွက်ကြရန်၊ အထူးသဖြင့် လုံခြုံရေးသတိရှိကြဖို့ အထူးဂရုပြုကြရန်လိုကြောင်း အသေး စိတ်ရှင်းလင်းပြောကြားခဲ့သည်။

 

ထို့နောက် ဗိုလ်တထောင်ခရိုင်ဥက္ကဋ္ဌ ဦးဉာဏ်ဝင်းထိုက်မှ ခရိုင်/မြို့နယ် ဖွဲ့စည်းထားရှိမှုတို့အား Power Point ဖြင့် အသေးစိတ်တင်ပြခဲ့ကာ မြို့နယ်ဥက္ကဋ္ဌများမှ မြို့နယ်အလိုက်အခြေအနေများအား အသီးသီး တင်ပြခဲ့ ကြပြီး၊ တိုင်းပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးမှ ဖြည့်စွက်ပြောကြားခဲ့သည်။

 

ထို့နောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌမှ ခရိုင်အတွင်းရှိ မြို့နယ်များမှ တင်ပြချက် များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့သည်။

 

#PeopleMedia


Share this post