• Follow Us on

Home စည်သူဘွဲ့ရရှိကြသူဦးဝန်(မင်းသုဝဏ်)နှင့် ဦးလွင်(မွန်ပြည်နယ်)တို့ကိုယ်စား နိုင်ငံတော်သမ္မတဟောင်း ဦးထင်ကျော်ထံလက်ရောက်ချီးမြှင့်

စည်သူဘွဲ့ရရှိကြသူဦးဝန်(မင်းသုဝဏ်)နှင့် ဦးလွင်(မွန်ပြည်နယ်)တို့ကိုယ်စား နိုင်ငံတော်သမ္မတဟောင်း ဦးထင်ကျော်ထံလက်ရောက်ချီးမြှင့်

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၁

 

စည်သူဘွဲ့ရရှိကြသူ ဦးဝန်(မင်းသုဝဏ်) (စာရေးဆရာ)နှင့် ဦးလွင်(မွန်ပြည်နယ်)တို့ကိုယ်စား သား/သမက် ဖြစ်သူ နိုင်ငံတော်သမ္မတဟောင်း ဦးထင်ကျော်ထံ ဂုဏ်ထူးဆောင်ဘွဲ့များကို လက်ရောက် ချီးမြှင့်အပ်နှင်းခဲ့ ကြောင်း သိရသည်။

 

၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်နှင့် ၂ ရက်တို့တွင် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ထူးဆောင်ဘွဲ့ များ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားများကို အောင်မြင်စွာကျင်းပကာ အခမ်းအနား တက်ရောက်လာသည့် ဘွဲ့ခံပုဂ္ဂိုလ်များထံ ရရှိသည့်ဂုဏ်ထူးဆောင်ဘွဲ့များအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ကိုယ်တိုင် တစ်ဦးချင်း လက်ရောက်ချီးမြှင့်အပ်နှင်းခဲ့ပြီးဖြစ်သည်။

 

အဆိုပါ ဂုဏ်ထူးဆောင်ဘွဲ့များအပ်နှင်းခြင်း အခမ်းအနားသို့ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်တိုင်သော် လည်းကောင်း၊ ကိုယ်စားသော်လည်းကောင်း တက်ရောက်ရယူနိုင်ခဲ့ခြင်းမရှိဘဲ အဝေးရောက် လက်ခံယူမည့် ဘွဲ့ခံပုဂ္ဂိုလ်များရှိခဲ့ပြီး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ကျန်းမာရေးအခြေအနေအရ အဝေး ရောက်လက်ခံယူသည့် ဘွဲ့ခံပုဂ္ဂိုလ်များထံ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ကိုယ်စား နေပြည်တော်ကောင်စီဥက္ကဋ္ဌ သီရိပျံချီဦးတင်ဦးလွင်၊ နေပြည်တော် တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇေယျကျော်ထင် ဇော်ဟိန်းတို့က နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် နေပြည်တော်စည်ပင်သာယာ ရေးကော်မတီ ဒုတိယမြို့တော်ဝန်တို့နှင့်အတူ ဂုဏ်ထူးဆောင်ဘွဲ့များအား အဝေးရောက်လက်ခံယူသည့် ကာယကံရှင် မိသားစုဝင်များရှိရာနေရာများသို့ ဖေဖော်ဝါရီ ၁၉ ရက် နံနက်ပိုင်းတွင် သွားရောက်ပြီး လက်ခံ ယူသည့် ကာယကံရှင်နှင့် မိသားစုဝင်များထံသို့ လက်ရောက်ချီးမြှင့်အပ်နှင်းခဲ့သည်။

 

ထိုသို့ ပေးအပ်ရာတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ သီရိပျံချီဦးတင်ဦးလွင်နှင့် နေပြည်တော် တိုင်းစစ်ဌာန ချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇေယျကျော်ထင်ဇော်ဟိန်းတို့က စည်သူဘွဲ့ရရှိကြသူ ဦးဝန်(မင်းသုဝဏ်) (စာရေး ဆရာ)နှင့် ဦးလွင်(မွန်ပြည်နယ်) (နိုင်ငံတော်ကောင်စီဝင်)တို့ကိုယ်စား သား/သမက်ဖြစ်သူ နိုင်ငံတော်သမ္မတ ဟောင်း ဦးထင်ကျော်ထံ ဂုဏ်ထူးဆောင်ဘွဲ့များကို လက်ရောက်ချီးမြှင့်အပ်နှင်းခဲ့ကြောင်း သိရသည်။

 

#PeopleMedia

 

(unicode)


……………………………………………

 


 


 


 


 


 

#PeopleMedia


Share this post