• Follow Us on

Home စည်းစနစ်ကျနမှုရှိသည့် ရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေးနှင့် ၎င်းရွေးကောက်ပွဲမှ ထွက်ပေါ်လာသည့် အစိုးရကို နိုင်ငံတော်တာဝန်များလွှဲအပ်နိုင်ရေးဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌပြောဆို

စည်းစနစ်ကျနမှုရှိသည့် ရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေးနှင့် ၎င်းရွေးကောက်ပွဲမှ ထွက်ပေါ်လာသည့် အစိုးရကို နိုင်ငံတော်တာဝန်များလွှဲအပ်နိုင်ရေးဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌပြောဆို

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၅

 

စည်းစနစ်ကျနမှုရှိသည့် အထွေထွေရွေးကောက်ပွဲတစ်ရပ် ဖြစ်စေရေးနှင့် ၎င်းရွေးကောက်ပွဲမှ ထွက်ပေါ်လာ သည့် အစိုးရကို နိုင်ငံတော်တာဝန်များ လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ပြောဆိုထားသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက အသက်တမျှအရေးကြီးသည့် လွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးအတွက် မြန်မာ့တပ်မတော်မှ တိုင်းရင်းသား ပြည်သူများနှင့် တွဲလက်ညီညီ ရင်ဆိုင်ကာကွယ်ခဲ့ခြင်းကြောင့် လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာ တည်တံ့နေခြင်းသာ ဖြစ်ကြောင်း၊ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး အတွက် အဓိကမဏ္ဍိုင်ဖြစ်သော ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်း သား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးသည် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး၏ လေးနက်စွာခံယူစောင့်ထိန်းကြရမည့် ကျင့်ဝတ်တစ်ခုပမာ ထင်ရှားစွာတည်ရှိနေကြောင်း၊ ထို့ကြောင့် တိုင်းရင်းသား စည်းလုံးညီညွတ်မှုစွမ်းအားကို အားကောင်းစေသည့် စစ်မှန်၍ စည်းကမ်းပြည့်ဝပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည် ထောင်စုဖော်ဆောင်ရေးတွင် ပြည်ထောင်စုဖွား တိုင်းရင်းသား အားလုံးမှ လေးနက်စွာလိုက်နာ အကောင် အထည်ဖော်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောဆိုသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အန္တိမ ရည်မှန်းချက်မှာ လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးပင်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ပြည်တွင်း ပြည်ပ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများ စာရင်းမှန်ကန်မှုရှိစေရေး၊ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများအားလုံး ဆန္ဒမဲ ပေးနိုင်ရေးနှင့် တစ်နိုင်ငံလုံး ရာနှုန်းပြည့် ဆန္ဒမဲ ပေးနိုင်ရေးတို့အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း၊ မဲဆန္ဒရှင် စာရင်းများ အောင်မြင်စွာ ကောက်ယူနိုင်ရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် လိုအပ်သည့် အချက်အလက်များ ရရှိစေရေးအတွက် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူရန် လိုအပ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောဆိုသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ထို့ကြောင့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်မှစတင်၍ စမ်း သပ်သန်းခေါင်စာရင်း ကောက်ယူခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ယင်းအပေါ်မူတည်၍ ခိုင်မာမှန်ကန်သည့် မဲစာရင်းများ ရရှိ လာပါက ဥပဒေနှင့်အညီ လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်း ပနိုင်ရေးနှင့် တစ်နိုင်ငံလုံး အကြားအလပ်မရှိ ဆန္ဒမဲ ပေးပိုင်ခွင့် ရရှိစေရေးအတွက် ကြိုးပမ်းဆောင်ရွက်သွား ကြရမည် ဖြစ်ကြောင်း၊ စည်းစနစ်ကျနမှုရှိသည့် အထွေထွေရွေးကောက်ပွဲတစ်ရပ် ဖြစ်စေရေးနှင့် ၎င်းရွေး ကောက်ပွဲမှ ထွက်ပေါ်လာသည့် အစိုးရကို နိုင်ငံတော် တာဝန်များ လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်းဖြင့် ပြောဆိုသည်။

 

နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းရင်းသားအားလုံး၏ သွေးစည်းညီညွတ်မှု၊ အပြန်အလှန် လေးစားယုံကြည်မှု များဖြင့် ပြည်ထောင်စု စိတ်ဓာတ်ကို မဏ္ဍိုင်ပြု၍ ချမှတ်ထားသော အဂ္ဂမဟာဗျူဟာ၊ မဟာဗျူဟာ၊ နည်းဗျူ ဟာများကို လက်တွေ့ကျကျ ကျင့်သုံးပြီး ဆက်လက်၍ ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောကြားခဲ့သည်။

 

#PeopleMedia


Share this post