• Follow Us on
Latest News

Home စတုတ္ထအကြိမ်သီတဂူစက္ခုဒါန-သီတဂူမျက်စိအလှူတော်ကို ဖေဖော်ဝါရီ ၂ ရက်မှ ၈ ရက်နေ့အထိ ဆောင် ရွက်ပေးမည်

စတုတ္ထအကြိမ်သီတဂူစက္ခုဒါန-သီတဂူမျက်စိအလှူတော်ကို ဖေဖော်ဝါရီ ၂ ရက်မှ ၈ ရက်နေ့အထိ ဆောင် ရွက်ပေးမည်

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၉

 

သီတဂူစက္ခုဒါနဆေးရုံ(ရန်ကုန်)၌ စတုတ္ထအကြိမ် သီတဂူစက္ခုဒါန-သီတဂူမျက်စိ အလှူတော်အစီအစဉ်ကို ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ သီတဂူဗုဒ္ဓတက္ကသိုလ်(ရန်ကုန်)၌ သီတဂူအဖွဲ့က မြန်မာနိုင်ငံအဝှမ်း အရပ်မျက်မှာအသီးသီးမှ မျက်စိဝေဒနာရှင်များအား ကြည့်ရှုစမ်းသပ် ခွဲစိပ်ကုသခြင်းလုပ်ငန်းများကို အခမဲ့ စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

စားရင်းပေးသွင်းပြီးသော မျက်စိဝေဒနာရှင်များသည် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့မှ ဖေဖော်ဝါရီလ ၈ရက်နေ့အထိ သီတဂူစက္ခုဒါနဆေးရုံ(ရန်ကုန်)၌ စတုတ္ထအကြိမ် ကြည့်ရှုစမ်းသပ် စစ်ဆေးခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်သွားမည်ဖြစ်ပါ၍ ကြေညာထားသည့်နေ့ရက်တို့၌ လာရောက်ပြသနိုင်ကြောင်း သိရသည်။

 

လူနာစာရင်းလက်ခံခြင်းများကို ယခု ဇန်နဝါရီလ ၂၀ရက်နေ့အထိသာ လက်ခံတော့မည်ဖြစ်ပြီး၊ စုံစမ်းလိုသူများ အနေဖြင့် ၀၉၄၂၀၀၆၂၂၂၇၊ ၀၉၄၅၇၇၇၁၃၁၃နှင့် ၀၉၂၅၉၁၄၇၄၄၆တို့ကို ဆက်သွယ်နိုင်ကြောင်း သိရသည်။

 

သီတဂူစက္ခုဒါဆေးရုံ (ရန်ကုန်)၌ ပထမအကြိမ်၊ ဒုတိယအကြိမ်၊၊ တတိယအကြိမ် မျက်စိအလှူတော်တို့တွင် Eye Out patients ၄၁၆၂ဦး၊ Eye Operation Patients ၁၀၆၉ ဦး၊ Eye Laser Therapeutic Patients ၈၅ဦးတို့အား မျက်စိအလင်းပေးနိုင်ခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post