• Follow Us on

Home စတုတ္ထအကြိမ် သီတဂူစက္ခုဒါနအစီအစဉ်မှ မျက်စိဝေဒနာရှင် ၁၉၆၂ ဦး စစ်ဆေးခဲ့ပြီး လူနာ ၆၁၂ ဦးအား အခမဲ့ ခွဲစိပ်ကုသ

စတုတ္ထအကြိမ် သီတဂူစက္ခုဒါနအစီအစဉ်မှ မျက်စိဝေဒနာရှင် ၁၉၆၂ ဦး စစ်ဆေးခဲ့ပြီး လူနာ ၆၁၂ ဦးအား အခမဲ့ ခွဲစိပ်ကုသ

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၁၃

 

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်(ရန်ကုန်)၌ စတုတ္ထအကြိမ် စက္ခုဒါနအစီအစဉ်ကို ဖေဖော်ဝါရီလ ၂ ရက်နေ့မှ ဖေ ဖော်ဝါရီလ ၉ ရက်နေ့အထိ စမ်းသပ်စစ်ဆေးပြီး မျက်စိဝေဒနာရှင် ၁၉၆၂ ဦး၊ လေဆာာဖြင့် ကုသရသည့် လူနာ ၃၄ ဦး၊ ခွဲစိပ်ကုသရသည့် လူနာ ၆၁၂ဦးတို့အား အခမဲ့ ကုသပေးခဲ့ကြောင်း သီတဂူစက္ခုဒါနဆေးရုံကြီးမှ သိရ သည်။

 

မျက်စိဝေဒနာရှင်များအား ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ ပြင်ဦးလွင်တို့မှ ဆရာဝန်၊ ဆရာမများနှင့် သူနာပြုများမှ စေတနာဖြင့် ကုသပေးခဲ့ကြကြောင်း သိရသည်။

 

ပထမအကြိမ်မှ စတုတ္ထအကြိမ်အထိ စမ်းသပ်စစ်ဆေးပြီး မျက်စိဝေဒနာရှင် ၆၁၂၄ ဦး၊ ခွဲစိပ်ကုသရသည့် လူနာ ၁၆၈၁ ဦးနှင့် လေဆာဖြင့် ကုသရသည့် လူနာ ၁၁၉ ဦးတို့အား မျက်စိအလင်း ပေးလှူနိုင်ခဲ့ကြောင်း သိရသည်။

 

ပဉ္စမအကြိမ်မြောက် မျက်စိကုသမှုအစီအစဉ်ကို လာမည့် ဧပြီလတွင် စုံစမ်းနိုင်ကြောင်း သီတဂူစက္ခုဒါနဆေးရုံ (ရန်ကုန်)မှ သိရသည်။

 

#PeopleMedia


Share this post