စနိုက်ပါနဲ့ ဗုံးတွေကို ရှာဖွေထောက်လှမ်းချေမှုန်းနိုင်တဲ့ နည်းပညာသစ်ကိရိယာတစ်မျိုး အမေရိကန် BMRT ကုမ္ပဏီ ထုတ်ဖော်ပြသ
PUBLISHED - September 28, 2024
နိုင်ငံတကာ၊ စက်တင်ဘာ ၂၈
စနိုက်ပါနဲ့ ဗုံးခြိမ်းခြောက်မှုတွေကို ရှာဖွေထောက်လှမ်းပြီး ချေမှုန်းနိုင်တဲ့ နည်းပညာသစ်တစ်ခုကို အမေရိကန် နည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ BMRT (Base Molecular Resonance Technologies) က စတင်မိတ်ဆက် ပေးလိုက်ပါတယ်။
အဲဒီနည်းပညာဟာ ယမ်းမှုန့်တွေနဲ့ တခြားပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေမှာ အသုံးပြုထားတဲ့ ပစ္စည်တွေးတွေ က ထုတ်လွှတ်ပေးတဲ့ မော်လီကျူးလှိုင်းနှုန်းတွေကို ရှာဖွေပြီး အလုပ်လုပ်တယ်လို့ ဆိုပါတယ်။
ဒီနည်းပညာဟာ ကိုက်ပေါင်းများစွာအကွာအဝေးက ခြိမ်းခြောက်မှုတွေကို ရှာဖွေရာမှာ အဆောက်အဦတွေရဲ့ နောက်မှာ ပုံဖျက်ဖုံးကွယ်ထားတဲ့ ခြိမ်းခြောက်မှုတွေနဲ့ ရည်ရွယ်ထားတဲ့ ပစ်မှတ်နဲ့ အဝေးကြီးရှိနေတဲ့နေရာက ခြိမ်းခြောက်မှုတွေကိုပါ စုံစမ်းထောက်လှမ်းနိုင်ပါတယ်။
ဒီနည်းပညာစွမ်းရည်ကြောင့် စစ်၊ ရဲ၊ လုံခြုံရေးအဖွဲ့အစည်းအသီးသီးက တပ်ဖွဲ့ဝင်တွေဟာ ၎င်းတို့ အတိုက်ခိုက် မခံရမီ တစ်ဖက်ရန်သူကို ကြိုတင်ချေမှုန်းနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒီနည်းပညာကို မကြာသေးခင်က စမ်းသပ်ခဲ့ရာ စမ်းသပ်မှု ၁၀ နေရာစလုံးမှာ ပေ ၅၈၀ (၁၇၆ မီတာ) အကွာအ ဝေးမှာရှိတဲ့ ကျည်အပြည့်ဖြည့်ထားတဲ့ AR-15 rifle တွေရဲ့တည်နေရာတွေကို ထောက်လှမ်းဖော်ထုတ်နိုင်ခဲ့ တယ်လို့ BMRT ကုမ္ပဏီက ပြောပါတယ်။
“ဒီနည်းပညာကိုအသုံးပြုပြီး ရန်သူ့တည်နေရာကို အဆက်မပြတ်ထောက်လှမ်းရှာဖွေနိုင်ပြီး ရန်သူ့ခြိမ်းခြောက်မှု တွေကို ကြိုတင်လက်ဦးမှု ရယူတိုက်ခိုက်နိုင်ပါတယ်။ ဒါဟာ ခြိမ်းခြောက်မှု ကာကွယ်ရေးနယ်ပယ်မှာ ကစားပွဲ အပြောင်းအလဲတစ်ရပ်ပါပဲ။” လို့ BMRT ကုမ္ပဏီတည်ထောင်သူ လီးဒတ်ခ်က ပြောပါတယ်။
အခုတီထွင်ထုတ်လုပ်လိုက်တဲ့ နည်းပညာသစ်ဟာ လက်ရှိသုံးစွဲနေတဲ့လက်နက်စနစ်တွေနဲ့ တစ်ဆက်တည်း ပေါင်းစပ်အသုံးပြုနိုင်တဲ့ အခက်အခဲမရှိ သုံးစွဲနိုင်တဲ့ ဒီဇိုင်းဖြစ်ကြောင်း BMRT ကုမ္ပဏီက ပြောပါတယ်။
ဒီနည်းပညာဟာ ပြင်ပနယ်မြေမျိုးစုံကနေ စစ်ဘက်နဲ့ အစိုးရဘက် လုံခြုံရေးအဆင့်မြင့် အဆောက်အဦတွေအ ထိ လုံခြုံရေးနယ်မြေ အမျိုးမျိုးမှာလည်း သုံးစွဲနိုင်တဲ့ နည်းပညာဖြစ်ပါတယ်။
အဲဒီလိုနယ်မြေတွေမှာ စနိုက်ပါနဲ့ ဗုံးခြိမ်းခြောက်မှုတွေဟာ ကြိုတင်ထောက်လှမ်းရှာဖွေဖို့ ခက်ခဲပြီး နာမည်ဆိုး နဲ့ ကျော်ကြားနေတဲ့ ခြိမ်းခြောက်မှုတွေပဲဖြစ်ကြောင်း BMRT ကုမ္ပဏီ ပူးတွဲတည်ထောင်သူ ရောဘတ်ရှော့တ် က ပြောပါတယ်။
အဝေးက ခြိမ်းခြောက်မှုတွေ ရှာဖွေထောက်လှမ်းချေမှုန်းနိုင်ဖို့အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အသုံးပြုနေတဲ့ လိုအပ်တဲ့ပစ္စည်းတွေမှာ ဒီနည်းပညာသစ်အသုံးပြုထားတဲ့ကိရိယာကို တပ်ဆင်ပေးသွားမှာဖြစ်ပြီး တစ်ဖက်ရန် သူ သတိမပြုမိဘဲ ချေမှုန်းတိုက်ခိုက်သွားနိုင်မှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။
“ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က အဲဒီလို ခြိမ်းခြောက်မှုတွေကို လုံးဝ ချေမှုန်းပစ်ဖို့ ဖြစ်ပါတယ်။ တိုက်ခိုက်မှု တွေမဖြစ်ပွားခင်မှာပဲ ရန်သူ့ခြိမ်းခြောက်မှုကို ချေမှုန်းနိုင်မယ့် စွမ်းရည်ကို မိမိတပ်ဖွဲ့ဝင်တွေကို တပ်ဆင်ပေးဖို့ နည်းပညာသစ်အသုံးပြုထားတဲ့ ကိရိယာကို ကျွန်တော်တို့ ဒီဇိုင်းရေးဆွဲထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။” လို့ ၎င်း က ပြောပါတယ်။
Ref: US Firm Unveils New Tech for Detecting Sniper, Bomb Threats
#PeopleMedia