• Follow Us on
Latest News

Home စပိန်နိုင်ငံက Airbus ကုမ္ပဏီထုတ် SIRTAP ဒရုန်း ဒေါ်လာ ၅၃၉ သန်းဖိုးမှာယူ

စပိန်နိုင်ငံက Airbus ကုမ္ပဏီထုတ် SIRTAP ဒရုန်း ဒေါ်လာ ၅၃၉ သန်းဖိုးမှာယူ

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၄

 

စပိန်တပ်မတော်အတွက် စွမ်းဆောင်ရည်မြင့်မားတဲ့ SIRTAP ဒရုန်းတွေဝယ်ယူဖို့ ဥရောပငွေ ၄၉၅ သန်း (ဒေါ် လာ ၅၃၉ သန်း) တန်ကြေးရှိ စစ်လက်နက်ပစ္စည်းဝယ်ယူရေးစာချုပ်တစ်ရပ်ကို စပိန်ကာကွယ်ရေးဝန်ကြီးဌာန က Airbus ကုမ္ပဏီနဲ့ လက်မှတ်ရေးထိုးလိုက်ပါတယ်။

 

စပိန်နိုင်ငံရဲ့ စစ်ဆင်ရေးအမျိုးမျိုးအတွက် အထောက်အကူပေးနိုင်ဖို့ စပိန် ကြည်းတပ်၊ လေတပ်နဲ့ အာကာသ တပ်ဖွဲ့တွေအတွက် လက်နက်စနစ် ၉ စုံကို ပေးပို့သွားမှာဖြစ်ကြောင်း Airbus ကုမ္ပဏီက ပြောပါတယ်။

 

လက်နက်စနစ်တစ်ချင်းစီမှာ မောင်းသူမဲ့လေယာဉ် (UAV) ၃ စင်းစီနဲ့ မြေပြင်ထိန်းချုပ်ရေးကိရိယာတစ်စုံပါရှိမှာ ဖြစ်သလို စပိန်အစိုးရအနေနဲ့ SIRTAP ဒရုန်းတပ်ဖွဲ့ဝင်တွေကို လေ့ကျင့်သင်ကြားပေးဖို့အတွက်လည်း သဏ္ဍန် တူလက်နက်စနစ်နှစ်စုံ လက်ခံရရှိမှာဖြစ်ပါတယ်။

 

ဒေသတွင်း ခြိမ်းခြောက်မှုတွေတိုးမြင့်နေတဲ့ကြားမှာ အဲဒီဒရုန်းတွေဟာ စပိန်နိုင်ငံရဲ့ အမျိုးသား အချုပ်အခြာ အာဏာကို အားဖြည့်ပေးသွားမှာဖြစ်ကြောင်း Airbus ကုမ္ပဏီရဲ့ စစ်ဘက်ဆိုင်ရာလေကြောင်းစနစ်အကြီးအကဲ ဂျိန်း-ဘရိုက်စ် ဒူးမောင့်တ်က ပြောပါတယ်။

 

“SIRTAP ဒရုန်းတွေကို စပိန်နိုင်ငံက အမျိုးသားစွမ်းရည်တွေနဲ့အတူ ပေါင်းစပ်ပြီး အပြည့်အဝထုတ်လုပ်သွားမှာ ပါ။ ဒါပေမဲ့ SIRTAP ဒရုန်းတွေရဲ့ ဘက်စုံသုံးနိုင်တဲ့စွမ်းရည်တွေနဲ့ နိုင်ငံတကာလက်နက်ကုန်သွယ်မှု စည်းမျဉ်း တွေကနေ ကင်းလွတ်ခွင့်ရထားတာတွေကြောင့် နိုင်ငံတကာဈေးကွက်မှာလည်း ဒီဒရုန်းတွေဟာ အဓိကအခန်း ကဏ္ဍကနေ ပါဝင်လာမယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်။” လို့ ဒူးမောင့်တ်က ပြောပါတယ်။

 

SIRTAP ဒရုန်းဟာ အလေးချိန် ကီလိုဂရမ် ၁၅၀ (၃၃၀ ပေါင်) သယ်ယူနိုင်စွမ်းရှိတဲ့ အဆင့်မြင့်ဒရုန်းဖြစ်ကြောင်း Airbus ကုမ္ပဏီက ပြောပါတယ်။

 

SIRTAP ဒရုန်းဟာ အမြင့်ပေ ၂၁၀၀၀ ကနေ အကွာအဝေး ၁၂၄၂ မိုင် အထိ တစ်ဆက်တစ်စပ်တည်း နာရီ ၂၀ ကျော် ပျံသန်းနိုင်ပါတယ်။

 

ဒါ့အပြင် တိုက်ခိုက်ရေးတာဝန်တွေထမ်းဆောင်ဖို့လည်း SIRTAP ဒရုန်းမှာ ပဲ့ထိန်းဒုံးကျည်တွေရော သမရိုးကျ လက်နက်တွေကိုပါ တပ်ဆင်နိုင်တယ်လို့ ဆိုပါတယ်။

 

SIRTAP ဒရုန်းတွေဟာ စပိန်နိုင်ငံမှာရှိတဲ့ အမေရိကန်ထုတ် Predator ဒရုန်းတွေနဲ့အတူ တွဲဖက်ပြီး ထောက် လှမ်းရေး၊ စောင့်ကြည့်ထောက်လှမ်းရေး၊ ကင်းထောက်တာဝန်တွေကို ထမ်းဆောင်သွားမှာဖြစ်ပါတယ်။

 

Ref: Spain Orders Airbus SIRTAP Drones for $539M

 

#PeopleMedia


Share this post