• Follow Us on
Latest News

Home စမ်းချောင်းမြို့တွင် အမျိုးသမီးတစ်ဦးမှ ဓာတ်ပုံဆရာအမျိုးသားအား ဓားဖြင့်ထိုးရာ ထိုအမျိုးသား သေဆုံး

စမ်းချောင်းမြို့တွင် အမျိုးသမီးတစ်ဦးမှ ဓာတ်ပုံဆရာအမျိုးသားအား ဓားဖြင့်ထိုးရာ ထိုအမျိုးသား သေဆုံး

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၇

 

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်၊ စမ်းချောင်းလမ်း၊ တိုက် (၆) လွှာရှိ တိုက်ခန်းထဲ၌ အမျိုးသမီးတစ်ဦ်းမှ ဓာတ်ပုံဆရာအမျိုးသားအား ဓားဖြင့်ထိုးရာ ထိုအမျိုးသားမှာ သေဆုံးသွားကြောင်း သိရပါတယ်။

 

ဖေဖော်ဝါရီလ ၂၆ ရက် ည ၁၁ နာရီဝန်းကျင်တွင် တာဝန်ရှိသူများမှ ဖုန်းဆက်အကြောင်းကြားသောကြောင့် စမ်းချောင်းအရန်မီးသတ်တပ်ဖွဲ့မှ သွားရောက်ခဲ့ကြောင်း သိရပါတယ်။

 

“ကောင်လေးက ဓာတ်ပုံဆရာ သူကတော့သေတယ်။ ကောင်မလေးကတော့ ဒဏ်ရာရတယ်။ မော်ဒယ်လို့တော့ ပြောတယ်စုံစမ်းဆဲ။ စပြီး ဓားနဲ့ထိုးတာကတော့ ကောင်မလေးလို့ သိရတယ်။ သူတို့အချင်းချင်း ဘာတွေဖြစ် လည်းတော့ မသိဘူး။ ကောင်လေးကတော့ အသက် (၃၀) ခန့်လောက်ရှိတယ်၊ ကောင်မလေးကတော့ အသက် (၂၀) လောက်ရှိတယ်” လို့ သွားရောက်ကူညီသည့် စမ်းချောင်းအရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးမှ ပြောပါတယ်။

 

ဓားထိုးခံရမှုကြောင့် သေဆုံးသွားသည့် ဓာတ်ပုံဆရာမှာ လည်ပင်းနှင့် ဗိုက်ရင်ညွှန့်တို့၌ ဓားဒဏ်ရာ ၅ ချက် ရရှိပြီး၊ စုံစမ်းဆဲမော်ဒယ်အမျိုးသမီးမှာ ဗိုက်နှင့် ပေါင်တို့တွင် ဓားဒဏ်ရာ ၂ ချက်တို့ရရှိကြောင်း ၎င်းတို့ကိုရန် ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရပါတယ်။

 

Photo – Credit

 

#PeopleMedia

 

(unicode)


…………………………………………

 


 


 


 


 


 

Photo – Credit

 

#PeopleMedia


Share this post