• Follow Us on
Latest News

Home စမ်းချောင်းမြို့နယ်၊ သီရိခေမာရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင် အမျိုးသမီးတစ်ဦး သေနတ်ဖြင့် လုပ်ကြံခံရပြီး သေဆုံး

စမ်းချောင်းမြို့နယ်၊ သီရိခေမာရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင် အမျိုးသမီးတစ်ဦး သေနတ်ဖြင့် လုပ်ကြံခံရပြီး သေဆုံး

Share this post

ရန်ကုန်၊ ဒီဇင်ဘာ ၃၀ (People Media)

 

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ သီရိခေမာရပ်ကွက်၊ အုပ်ချုပ်ရေးအဖွဲ့ဝင်ဖြစ်သူ ဒေါ်မေသူအောင် သည် ဒီဇင်ဘာ ၂၉ ရက် မွန်းလွဲ ၂ နာရီကျော်အချိန်က သေနတ်ဖြင့် လုပ်ကြံခံရပြီး သေဆုံးခဲ့သည်။

 

ဖြစ်စဉ်မှာ ဒေါ်မေသူအောင်သည် ယမန်နေ့ မွန်းလဲပိုင်းအချိန်က သီရိလမ်းနေအိမ်ရှေ့၌ ရပ်နေစဉ် အမည်မသိ လူတစ်စုမှ သေနတ်ဖြင့် အနီးကပ်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး၊ ယင်းသို့ ပစ်ခတ်ခဲ့ခြင်းကြောင့် နားထင်အပါဝင် ကျည် ဖောက်ဝင်ဒဏ်ရာများရရှိခဲ့ပြီး နေရာ၌ပင် သေဆုံးခဲ့ကြောင်း သိရသည်။

 

အခင်းဖြစ်ပွားရာနေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့ပြီး၊ ပစ်ခတ်မှုဖြစ်ပွားရာ အနီးတစ်ဝိုက် တွင် 380 Auto သေနတ်၏ ကျည်ခွံတစ်ချို့တွေ့ရှိခဲ့ကာ သေဆုံးသူ၏ အလောင်းကို သက်ဆိုင်ရာ ဆေးရုံကြီး သို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia #တရားဥပဒေစိုးမိုးရေး #ပြည်ထဲရေးဝန်ကြီးဌာန

 

(unicode)


……………………………………………………………..

 


 


 


 


 

Photo – Credit

 



Share this post