စလင်းနှင့် စစ်ကိုင်းတွင် PDF သတ်ဖြတ်မှုကြောင့် ကျောင်းဆရာမတစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံး
PUBLISHED - August 8, 2024
နေပြည်တော်၊ သြဂုတ် ၈
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်တွင် PDF အကြမ်းဖက် သမားများ သတ်ဖြတ်မှုကြောင့် ကျောင်းဆရာမတစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ ဩဂုတ်လ ၅ ရက်နေ့ ည ၁၀ နာရီခွဲတွင် စလင်းမြို့နယ်၊ ရေပေါ်ကျွန်းလေးကျေးရွာနေ တညောင် ကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်းမှ အထက်တန်းပြကျောင်းဆရာမဖြစ်သူ ဒေါ်ဖြူဖြူသင်း (၄၈) နှစ်သည် ၎င်း၏ နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမားခြောက်ဦး(စိစစ်ဆဲ)က ဆိုင်ကယ်သုံးစီး ဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့၍ ဒေါ်ဖြူဖြူသင်းတွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အလားတူ ယင်းနေ့ နံနက် ၁၁ နာရီတွင် စစ်ကိုင်းမြို့နယ်၊ ဧမြဝတီရပ်ကွက်နေဒေါ်နီနီမြင့် (၄၄) နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမားခြောက်ဦး(စိစစ်ဆဲ)ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့၍ ဒေါ်နီနီမြင့်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံး သွားခဲ့ကြောင်း သိရသည်။
#PeopleMedia