• Follow Us on

Home စလင်းနှင့် ဆင်ပေါင်ဝဲတို့တွင် PDF က အမျိုးသမီး ၂ ဦးကို သတ်ဖြတ်

စလင်းနှင့် ဆင်ပေါင်ဝဲတို့တွင် PDF က အမျိုးသမီး ၂ ဦးကို သတ်ဖြတ်

Share this post

နေပြည်တော်၊ ဇွန် ၂၆

 

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်နှင့် ဆင်ပေါင်ဝဲမြို့နယ်တို့တွင် PDF အကြမ်းဖက်သမားများမှ အမျိုးသမီး ၂ ဦးကို သတ်ဖြတ်သွားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

ဇွန်လ ၂၃ ရက်နေ့ နံနက် ၁၀ နာရီ ၁၀ မိနစ်တွင် ဆင်ပေါင်ဝဲမြို့နယ်၊ ဆင်မြူးအောင်ကျေးရွာနေ ဒေါ်အုန်းမြင့် (၆၁)နှစ်သည် ၎င်း၏နေအိမ်မှ သပြေစမ်းကျေးရွာသို့ ထွက်ခွာလာစဉ် သပြေစမ်း ကျေးရွာ၏အနောက်ဘက် ၁ ဖာလုံခန့်အကွာ ကိုးပင်-သာဂရကားလမ်းဘေးအရောက် PDF အမည်ခံ အကြမ်းဖက်သမားလေးဦး(စိစစ်ဆဲ)က ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ် ထွက်ပြေးသွားခဲ့သဖြင့် ဒေါ်အုန်းမြင့်တွင် ကျည်ထိ မှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ထို့နောက် ဇွန် ၂၂ ရက်နေ့ နံနက် ၁၀ နာရီတွင် စလင်းမြို့နယ်၊ ကုန်းခြားကျေးရွာနေ ဒေါ်ဝေ (၃၆) နှစ်သည် ဆင်ဖြူကျွန်းမြို့မှ ၎င်း၏နေအိမ်သို့ ပြန်လာစဉ် ကျေးရွာ၏ ရွာလယ်လမ်းအရောက် PDF အမည်ခံ အကြမ်း ဖက်အဖွဲ့ အင်အား(စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်သွားခဲ့သဖြင့် ဒေါ်ဝေတွင် ကျည်ထိမှန်ဒဏ် ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

#PeopleMedia


Share this post