• Follow Us on
Latest News

Home စလင်းမြို့ရှိ သုဿာန်ဇရပ်ပေါ်တွင် အမျိုးသမီးတစ်ဦး ဒဏ်ရာများဖြင့်သေဆုံး

စလင်းမြို့ရှိ သုဿာန်ဇရပ်ပေါ်တွင် အမျိုးသမီးတစ်ဦး ဒဏ်ရာများဖြင့်သေဆုံး

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၁၁

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ကန်တော်ကျေးရွာ၏ အနောက်ဘက် သုသာန်ဇရ ပ်ပေါ်တွင် အမျိုးသမီးတစ်ဦး ဒဏ်ရာများဖြင့်သေဆုံးနေကြောင်း သိရသည်။

 

ဒီဇင်ဘာလ ၉ ရက် ညနေ ၄ နာရီကျော်တွင် ကန်တော်ကျေးရွာအနောက်ဘက်ရှိ သုဿာန်ဇရပ်ပေါ်တွင် အမျိုးသမီးတစ်ဦး ဒဏ်ရာများဖြင့်သေဆုံးနေကြောင်း သတင်းရရှိသောကြောင့် လုံခြုံရေးတပ်ဖွဲ့များမှ သွား ရောက်စစ်ဆေးရာ ထိုသတ်ဖြတ်ခံရသည့် ဒေါ်လဲ့လဲ့စိုး၏ ဘေးတွင်သွေးစွန်းနေသည့် သစ်သားချောင်း ၁ ချောင်း၊ ပစ္စတိုသေနတ်လက်ကိုင်ဘေးကာဗာ ၁ ခြမ်း၊ ထိုအမျိုးသမီးမှာ ဦးခေါင်းနောက်စေ့ကွဲဒဏ်ရာ ၁ ချက်၊ ဘယ်ဘက်ပါး ပေါက်ပြဲဒဏ်ရာ ၁ ချက်၊ ဘယ်ဘက်ပုခုံးကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့ရရှိပြီး သေဆုံး နေကြောင်း သိရသည်။

 

ထိုသတ်ဖြတ်ခံရသည့် အသက်(၅၅) နှစ်အရွယ် ဒေါ်လဲ့လဲ့စိုးမှာ စလင်းမြို့နယ်၊ ဈေးမရပ်ကွက်တွင် နေ ထိုင်သူဖြစ်ကြောင်း၊ ၎င်း၏အမျိုးသားအား မေးမြန်းတာ ဇနီးဖြစ်သူမှာ နေအိမ်မှ မွန်းလွဲ ၁၂ နာရီတွင် မော်တော်ဆိုင်ကယ်ဖြင့် ထွက်သွားကြောင်း ပြောသည်။

 

Photo – Credit

 

#PeopleMedia


Share this post