စဉ့်ကိုင်မြို့နယ်၌ ပြည်ခိုင်ဖြိုးပါတီဝင် စည်ရုံးရေးမှူး၏ နေအိမ်အတွင်းသို့ တူမီးသေနတ်ကိုင်ဆောင်ထား သူများက ဝင်ရောက်လုပ်ကြံရာ စည်းရုံးရေးမှူးအပါအဝင် ၎င်း၏ မိသားစုဝင် လေးဦး သေဆုံး

PUBLISHED - October 15, 2021
မန္တလေး၊ အောက်တိုဘာ ၁၅ (People Media)
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ မီးသွေးဘုတ်ကျေးရွာအုပ်စု၊ ကင်းတုံကျေးရွာရှိ ပြည်ခိုင်ဖြိုးပါတီဝင် စည်ရုံးရေးမှူး၏ နေအိမ်အတွင်းသို့ တူမီးသေနတ်ကိုင်ဆောင်ထားသူများက ဝင်ရောက် လုပ်ကြံရာ စည်းရုံးရေးမှူးအပါအဝင် ၎င်း၏ မိသားစုဝင် လေးဦး သေဆုံးခဲ့သည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၁၃ ရက်၊ ညအချိန်၌ ကင်းတုံကျေးရွာတွင် နေထိုင်သည့် ပြည်ခိုင်ဖြိုးပါတီ စည်းရုံး ရေးမှူး၏ နေအိမ်အတွင်းသို့ တူမီးသေနတ်ကိုင်ဆောင်ထားသူများက ဝင်ရောက်ပြီး နေအိမ်ရှိ စည်းရုံးရေးမှူး အပါအဝင် ၎င်း၏ မိသားစုအဖွဲ့ဝင် လေးဦးကို လုပ်ကြံခဲ့ခြင်းဖြစ်သည်။
“၁၃ ရက်နေ့က အသတ်ခံရတာ USDP စည်းရုံးရေးမှူးရယ်၊ သူ့ရဲ့ သား၊ ပြီးတော့ သားမတ်လည်းပါတယ်။ နောက်ထပ် ၂ ယောက် စုစုပေါင်း ၄ ဦး အသတ်ခံရတာ။ အဲဒီ့အိမ်မှာ လာသတ်တဲ့သူတွေကတော့ ၁၅ ဦး လောက်ရှိမယ်” လို့ အမည်မဖော်လိုသူ ဒေသခံပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းရှိ မြို့နယ်များ၌ ပြည်ခိုင်ဖြိုးပါတီဝင်များ၊ ဒလံဟုစွပ်စွဲခံရသူများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာဝန်ထမ်းအချို့နှင့် ဆရာတော်များ ဖမ်းဆီးသတ်ဖြတ်ခံရမှု ဖြစ်ပေါ် လျှက်ရှိသည်။
Photo – Credit
#PeopleMedia #စဉ့်ကိုင်မြို့နယ် #USDP
(unicode)
……………………………………………………………
မန်တလေး၊ အောကျတျိုဘာ ၁၅ (People Media)
Photo – Credit