• Follow Us on
Latest News

Home စာဆိုတော်ရှင်မဟာရဋ္ဌသာရ ၅၅၅ နှစ်မြောက်မွေးနေ့အထိမ်းအမှတ်စာတမ်းဖတ်ပွဲဖွင့်ပွဲအခမ်းအနားသို့ နစကဥက္ကဋ္ဌ တက်ရောက်

စာဆိုတော်ရှင်မဟာရဋ္ဌသာရ ၅၅၅ နှစ်မြောက်မွေးနေ့အထိမ်းအမှတ်စာတမ်းဖတ်ပွဲဖွင့်ပွဲအခမ်းအနားသို့ နစကဥက္ကဋ္ဌ တက်ရောက်

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂၅

 

စာဆိုတော် ရှင်မဟာရဋ္ဌသာရ ၅၅၅ နှစ်မြောက်မွေးနေ့ အထိမ်းအမှတ် စာတမ်းဖတ်ပွဲ ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၂၃ရက်တွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်း ပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ကြသည်။

 

ထို့နောက် စာဆိုတော် ရှင်မဟာရဋ္ဌသာရ ၅၅၅ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်ပြခန်းအတွင်း လှည့်လည်၍ စာဆိုတော် ရှင်မဟာရဋ္ဌသာရ၏ ဘဝမှတ်တမ်းများ၊ မှတ်တမ်းဓာတ်ပုံများ၊ ရေးသား ပြုစုတော်မူခဲ့သည့် စာ ပေနှင့် ပေကျမ်းများ၊ ခေတ်ပြိုင်စာဆိုတော်များ၊ စာဆိုတော် ရှင်မဟာရဋ္ဌသာရ ကို ဂုဏ်ပြုရေးသားထားသည့်  ဆောင်းပါးများ ခင်းကျင်းပြသ ထားရှိမှုကို စိတ်ဝင်တစား ကြည့်ရှုလေ့လာပြီး တာဝန်ရှိသူများ၏ တင်ပြချက်များ အပေါ် လိုအပ်သည်များ ပြန်လည်ဆွေးနွေးပြောကြားသည်။

 

ထို့နောက် စာဆိုတော် ရှင်မဟာရဋ္ဌသာရ ၅၅၅ နှစ်မြောက်မွေးနေ့ အထိမ်း အမှတ်စာတမ်းဖတ်ပွဲကို စတင် ကျင်းပပြုလုပ်ရာ သမိုင်းသုတေသနနှင့် အမျိုးသား စာကြည့်တိုက်များဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ လဲ့လဲ့ဝင်းက ရှင်မဟာ ရဋ္ဌသာရ(သမိုင်းအမြင်ဖြင့် လေ့လာခြင်း) စာတမ်းအားလည်းကောင်း၊ ဦးအမ်းယုမောင် (မောင်လူမွှေး-မြန်မာမှု)က သံဝရပျို့မှ သင်ပုန်းကြီးရေးထုံးသင်ရိုးနှင့် သတ်ပုံရေးထုံး စာတမ်းအားလည်း ကောင်း၊  သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်များ ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ထွန်း ထွန်းဦး က မြန်မာလူမျိုးတို့ လိုက်နာ ကျင့်သုံးရသော ကျင့်ဝတ်တရားတို့မှ မင်းတို့ကျင့်ရာသောတရားများ စာတမ်းအား လည်းကောင်း အသီးသီးဖတ်ကြားကြပြီး ပြင်ပပညာရှင် ဦးသူရဇော်က ရဟန်း စာဆိုရှင် ရှင်မဟာရဋ္ဌသာရ ကို ကဗျာ၊ လင်္ကာရှုထောင့်မှ ဖတ်ရှု ပူဇော်ခဲ့‌ကြောင်း သိရသည်။

 

မြန်မာတို့၏ စာပေသမိုင်းတွင် ယနေ့ထက်တိုင် အမြတ်တနိုးတန်ဖိုးထား၍ လေ့ လာဖတ်ရှုပြီး အတုယူစံ ထားရသည့် စာပေပညာရှင်များ အမြောက်အများ ပေါ်ထွန်းခဲ့ကြောင်း၊ မြန်မာစာပေသည် ထေရဝါဒ ဗုဒ္ဓသာသနာဆိုင်ရာ  စာပေကျမ်းဂန်များနှင့် ယှဉ်တွဲပေါ်ထွန်းလာခဲ့သကဲ့သို့ စာပေပညာရှင်စာဆိုတော်ကြီး များတွင် ရဟန်းပညာ ရှင်၊ လူပညာရှိ၊ မင်းမှုထမ်း၊ နန်းတွင်းသူနှင့် သာမာန်အရပ်သူအရပ်သားများလည်း ပါဝင်ကြောင်း၊ ယင်းစာပေပညာရှင်များအနက် အင်းဝခေတ် သက္ကရာဇ် (၈၃၀) က ပေါ်ထွန်းခဲ့သည့် ရှင်မဟာရဋ္ဌသာရသည်လည်း တစ်ပါးအပါအဝင်ဖြစ်ကြောင်း သိရသည်။

 

#PeopleMedia


Share this post