
PUBLISHED - March 17, 2020
ရန်ကုန်၊ မတ် – ၁၇
(Unicode)
စာမေးပွဲရက် ရွှေ့ဆိုင်းခြင်းမရှိပါက ဖြစ်ပေါ်လာမည့်ကိစ္စအဝဝသည့် ပညာရေးဝန်ကြီးဌာန၏ တာဝန်ဖြစ် ကြောင်း ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ထုတ်ပြန်
……………………………………………………
ရန်ကုန်၊ မတ် – ၁၇
ရန်ကုန်တက္ကသိုလ်၌ ဖြေဆိုမည့်တက္ကသိုလ်စာမေးပွဲကို ယာယီရွှေ့ဆိုင်းပေးရန်နှင့် စာမေးပွဲရက် ရွှေ့ဆိုင်းခြင်း မရှိပါက ဖြစ်ပေါ်လာမည့်ကိစ္စအဝဝသည့် ပညာရေးဝန်ကြီးဌာန၏ တာဝန်ဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ ယနေ့ထုတ်ပြန်လိုက်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် မတ်(၁၈)၌ အဆင့်မြင့်တက္ကသိုလ်စာမေးပွဲများနှင့်ပတ်သက်၍ ကျောင်းသူ/သားများ အကြား၌ စိုးရိမ်ပူပန်မှုများ မြင့်တက်လျှက်ရှိကြောင်း ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂထုတ်ပြန်ချက်၌ ဖော်ပြထားပါတယ်။
အလားတူ မတ်(၁၈)ရက်နေ့၌ ဖြေဆိုရမည့် ရန်ကုန်တက္ကသိုလ်တွင်း စာမေးပွဲများကို ကူးစက်ရောဂါ မပြန့်ပွား နိုင်တော့သည့် အခြေအနေတစ်ရပ်ထိ ပညာရေးဝန်ကြီးဌာနက ရွှေ့ပြောင်းပေးရမည်ဖြစ်ပါတယ်။
ထိုကဲ့သို့ ပညာရေးဝန်ကြီးဌာနက မရွှေ့ပြောင်းပေးခဲ့လျှင် ဖြစ်ပေါ်လာမည့်ကိစ္စအဝဝသည့် ပညာရေးဝန်ကြီး ဌာန၏တာဝန်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
#PeopleMedia #ပညာရေး