စားသုံးဆီကိုလိုအပ်သည်ထက်ပိုမိုစားသုံးနေကြသဖြင့် ပြည်သူအချို့မှာ ကျန်းမာရေးအရထိခိုက်မှုများရှိနေသ လို ပြည်ပမှ မှာယူတင်သွင်းရမှုများမြင့်တက်လျက်ရှိကြောင်း နစကဥက္ကဋ္ဌပြောဆို
PUBLISHED - March 4, 2024
နေပြည်တော်၊ မတ် ၄
စားသုံးဆီကို လိုအပ်သည်ထက် ပိုမိုစားသုံးနေကြသဖြင့် ပြည်သူအချို့မှာ ကျန်းမာရေးအရ ထိခိုက်မှုများရှိနေ သလို တစ်ဖက်မှာလည်း ပြည်တွင်းလိုအပ်ချက်ကို ပြည်ပမှ မှာယူတင်သွင်းရမှုများ မြင့်တက်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ တောင်သူ လယ်သမားနေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာတွင် ပြောဆိုထားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက လက်ရှိအချိန်တွင် စားသုံးဆီကို လိုအပ်သည်ထက် ပိုမိုစား သုံးနေကြသဖြင့် ပြည်သူအချို့မှာ ကျန်းမာရေးအရ ထိခိုက်မှုများရှိနေသလို တစ်ဖက်မှာလည်း ပြည်တွင်း လိုအပ်ချက်ကို ပြည်ပမှ မှာယူတင်သွင်းရမှုများ မြင့်တက်လျက်ရှိကြောင်း၊ ပြောဆိုသည်။
စားသုံးဆီကို လိုသလောက်သာ သုံးစွဲခြင်းဖြင့် ကျန်းမာရေးကောင်းမွန်မှုကို အထောက်အကူပြုနိုင်မည်ဖြစ်သည့် အပြင် ပြည်တွင်းဆီထွက်သီးနှံများမှ ထုတ်လုပ်သော စားသုံးဆီဖြင့် လုံလောက်စေရန် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံခြားငွေသုံးစွဲမှုကိုလည်း လျှော့ချစေနိုင်မည်ဖြစ်သောကြောင့် ဆီထွက်သီးနှံ တိုးမြှင့်ထုတ်လုပ်ရေးကို ကြိုး စားဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် ပြည်တွင်းစားသုံးဆီ ဖူလုံစွာ ထုတ်လုပ်နိုင်ရန် ဆီထွက်သီးနှံများ ဧကပြည့်စိုက်ပျိုးပြီး ပန်းတိုင်အထွက်နှုန်းရရှိအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောဆိုသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက လက်ရှိအချိန်၌ ကမ္ဘာတစ်ဝန်း ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ အရ စိုက်ပျိုးထားသောသီးနှံများ ရိတ်သိမ်းချိန်မတိုင်မီ ထိခိုက်ပျက်စီးမှုများရှိနေပြီး အဆိုပါဖြစ်စဉ်များကြောင့် စားရေရိက္ခာမလုံလောက်မှုအန္တရာယ်မှ ကျော်လွှားနိုင်ရေးနှင့် ရင်ဆိုင်တုံ့ပြန်နိုင်စွမ်း အားကောင်း ရေးတို့ကို ကြိုတင်စဉ်းစားလုပ်ဆောင်ကြရန်လိုကြောင်း၊ နိုင်ငံတော်ကလည်း အရန်မျိုးစေ့များ စုဆောင်းထားရှိခြင်း၊ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ခြင်း၊ သီးနှံပျက်စီးဧရိယာများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင် ရွက်ခြင်းတို့ကို တောင်သူလယ်သမားများ၏ အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးလုပ်ငန်း များ ဆောင်ရွက်နိုင်ရေးအတွက် ဥပဒေ၊နည်းဥပဒေများ ပြဋ္ဌာန်းထားပြီး အထူးအလေးထား အားပေးကူညီ ဆောင်ရွက်လျက်ရှိကြောင်း ပြောဆိုသည်။
မိမိတို့နိုင်ငံ၏ (၇၀) ရာခိုင်နှုန်းသော ကျေးလက်နေပြည်သူများတွင် အပါအဝင်ဖြစ်သော တောင်သူလယ်သမား များ၏ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများ တိုးတက်အောင်မြင်ပါက နိုင်ငံတစ်ဝန်းရှိ ပြည်သူများ စားဝတ်နေရေးနှင့် လူနေမှုဘဝတိုးတက်လာ မည်ဖြစ်ကြောင်း၊ ပြည်တွင်းစားသုံးမှုဖူလုံရုံသာမက အခြားသော ကမ္ဘာ့နိုင်ငံအသီးသီး သို့ တင်ပို့နိုင်ခြင်းကြောင့် ဝင်ငွေများ တိုးတက်ရရှိလာပြီး နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများတွင် ပါဝင်ဆောင်ရွက်နေကြသူများ အားလုံးက ကောင်းမွန်သော အခြေခံ စိတ်ဓာတ်ဖြင့် လုံ့လ၊ ဝီရိယ ပေါင်းစပ်၍ အဘက်ဘက်က အကျိုးရှိအောင် ဝိုင်းဝန်းလုပ်ဆောင်ပေးကြရန် တိုက် တွန်းနှိုးဆော်အပ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောဆိုခဲ့သည်။
#PeopleMedia