• Follow Us on

Home စားသုံးဆီရရှိရေးအတွက် စိုက်ပျိုးထုတ်လုပ်နိုင်မည့်လိုအပ်သည့်သွင်းအားစုရေနှင့် လူစွမ်းအားအရင်းအမြစ်များ ရှိသော်လည်း စားသုံးဆီဖူလုံစွာထုတ်လုပ်နိုင်ခြင်းမရှိသည်မှာမဖြစ်သင့်ကြောင်း နစကဥက္ကဋ္ဌပြောကြား

စားသုံးဆီရရှိရေးအတွက် စိုက်ပျိုးထုတ်လုပ်နိုင်မည့်လိုအပ်သည့်သွင်းအားစုရေနှင့် လူစွမ်းအားအရင်းအမြစ်များ ရှိသော်လည်း စားသုံးဆီဖူလုံစွာထုတ်လုပ်နိုင်ခြင်းမရှိသည်မှာမဖြစ်သင့်ကြောင်း နစကဥက္ကဋ္ဌပြောကြား

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၇

 

မိမိတို့နိုင်ငံ၌ စားသုံးဆီရရှိရေးအတွက် စိုက်ပျိုးထုတ်လုပ်နိုင်မည့် စိုက်ပျိုးမြေများ၊ လိုအပ်သည့်သွင်းအားစု ရေနှင့် လူစွမ်းအားအရင်းအမြစ်များရှိသော်လည်း စားသုံးဆီဖူလုံစွာ ထုတ်လုပ်နိုင်ခြင်းမရှိသည်မှာ မဖြစ် သင့်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်က ပြောသည်။

 

ဝါသီးနှံ၊ ဆီထွက်သီးနှံ၊ ကော်ဖီနှင့် အသား၊ နို့ထွက်ပစ္စည်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးအစည်းအဝေးခန်းမ၌ ကျင်းပ ပြုခဲ့သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နှစ်စဉ်ပြည်ပမှ စားသုံးဆီများ တင်သွင်းနေရသဖြင့် ပြည်တွင်းဆီ စားသုံးမှုဖူလုံမှုရှိစေရေး အလေးထားဆောင်ရွက်ကြရန် မိမိတို့ စတင်တာဝန်ယူစဉ်ကတည်းက ပြောကြားခဲ့ပြီး အထောက်အကူဖြစ်စေရေးအတွက်လည်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ရင်းနှီးမတည်ငွေများ ဆောင်ရွက် ပေးခဲ့ကြောင်း၊ သို့သော် စားသုံးဆီတင်သွင်းမှုအနေဖြင့် လျော့ကျခြင်းမရှိသည်ကို တွေ့ရှိရပြီး လက်ရှိအချိန် အထိ တင်သွင်းနေရဆဲဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၌ စားသုံးဆီ ရရှိရေးအတွက် စိုက်ပျိုးထုတ်လုပ်နိုင်မည့် စိုက်ပျိုး မြေများ၊ လိုအပ်သည့်သွင်းအားစု ရေနှင့် လူစွမ်းအားအရင်းအမြစ်များရှိသော်လည်း စားသုံးဆီဖူလုံစွာ ထုတ်လုပ်နိုင်ခြင်းမရှိသည်မှာ မဖြစ်သင့်ကြောင်း ပြောသည်။

 

ဆီထွက် သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာ တို့အနက် မြေပဲသည်တစ်ဧကအထွက်နှုန်း ကောင်းမွန် သည်ကို တွေ့ရှိရကြောင်း၊ အချက်အလက်များအရ နေကြာသည်မြေပဲနှင့်နှမ်းတို့ထက်ဆီအထွက်နှုန်း ပိုမို ကောင်းမွန်သည်ကို တွေ့ရှိရကြောင်း၊ မိမိတို့နိုင်ငံ၌ အထက်ပါ ဆီထွက်သီးနှံသုံးမျိုးလုံး အောင်မြင်စွာ စိုက်ပျိုးထုတ်လုပ်နိုင်သည် ကိုတွေ့ရှိရကြောင်း၊ နေကြာစိုက်ပျိုးမှုတွင် ဝတ်မှုန်ကူးမှုအောင်မြင်စေရေးအတွက် ပျားမွေးမြူရေးကိုပါတွဲ၍ ဆောင်ရွက်ရန်လိုသည်ကို တွေ့မြင်ရကြောင်း၊ ဆီထွက်သီးနှံများသည် လေးလတာ ကာလအတွင်း စိုက်ပျိုးထုတ်လုပ်နိုင်ပြီး တစ်နှစ်လျင် နှစ်သီးစိုက်ပျိုး၍ရသည်ကို တွေ့ရှိရသောကြောင့် မည်ကဲ့သို့ အောင်မြင်အောင် ဆောင်ရွက်ရမည်ကို အဖြေရှာဆောင်ရွက်ကြရန်လိုကြောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မိမိတို့အနေဖြင့် ပြည်ပမှ နှစ်စဉ်တင်သွင်းနေရသည့် စားသုံးဆီများ၊ နို့နှင့်နို့ထွက် ပစ္စည်းများ၊ ချည်ထည်ပစ္စည်းများကို ပြည်တွင်းလုံလောက်စွာထုတ်လုပ်နိုင်ပြီး ပြည်ပသို့တင်ပို့နိုင် မည်ဆိုပါက နိုင်ငံခြားငွေသုံးစွဲမှုများကိုလျှော့ချနိုင်မည်ဖြစ်သကဲ့သို့ နိုင်ငံတော်အတွက်လိုအပ်သည့် နိုင်ငံခြားငွေ များကိုပါ ရရှိနိုင်မည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုများတိုးတက်လာခြင်းဖြင့် လုပ်ငန်းများဆောင်ရွက်လျက်ရှိ သည့် ပြည်သူတစ်ဦးချင်း၏ ဝင်ငွေများတိုးတက်လာပြီး လူမှုစီးပွားများတိုးတက်လာမည်ဖြစ်သဖြင့်  နိုင်ငံဖွံ့ဖြိုး တိုးတက်ပြီး များစွာပြောင်းလဲသွားနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် စိုက်ပျိုးမွေးမြူရေးနှင့် ကုန် ထုတ်လုပ်မှုများတိုးတက်စေရေး အမြဲမပြတ် တိုက်တွန်းပြောကြားနေခြင်းဖြစ်ကြောင်း ပြောကြားသည်။

 

#PeopleMedia


Share this post