စားသုံးသူပြည်သူများအတွက် သက်သာသောဈေးဖြင့် ဆန်များအား ကားများဖြင့် လှည့်လည်ရောင်းချ
PUBLISHED - December 12, 2024
နေပြည်တော်၊ ဒီဇင်ဘာ ၁၂
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ကြီးကြပ်စီစဉ်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း အခြေခံ စားသုံးသူ ပြည်သူများအတွက် သက်သာသောဈေးနှုန်းဖြင့် ဆန်များအား ကားများဖြင့် မြို့နယ်များတွင် လှည့်လည် ရောင်းချနေကြောင်း သိရသည်။
ထိုသို့ ရောင်းချပေးရာတွင် ပေါ်ဆန်း ဆန် (၅)ကီလို (၂)ပြည်ခွဲတစ်အိတ်လျှင် ၁၃၅၀၀ ကျပ်၊ ဧည့်မထဆန် (၅)ကီလို (၂)ပြည်ခွဲတစ်အိတ်လျှင် ၈၀၀၀ ကျပ်ဖြင့် လိုက်လံရောင်းချပေးနေကြောင်း သိရသည်။
သက်သာသောဈေးနှုန်းဖြင့် ဆန်များအား ကားများဖြင့် ရောင်းချရာတွင် ရွှေပြည်သာ၊ လှိုှုင်သာယာ၊ အင်းစိန်၊ ဒဂုံတောင် အပါအဝင် မြို့နယ်များတွင် ရောင်းချပေးနေလျက်ရှိကြောင်း သိရသည်။
#PeopleMedia