စိတ္ေ၀ဒနာအခံ႐ွိသည့္ ဖီလာဒဲဖီးယားၿမိဳ႕မွ လူမည္းအမ်ိဳးသားတေယာက္ကို ရဲကပစ္ခဲ့ၿပီးေနာက္ အံုႂကြမႈမ်ား ျဖစ္ေန

PUBLISHED - October 29, 2020
ဖီလာဒဲဖီးယား၊ ေအာက္တိုဘာ ၂၈
ရဲမ်ားက လူမည္းအမ်ိဳးသားတေယာက္ကို ေသလုေမ်ာပါးျဖစ္သည္အထိေသနတ္ျဖင့္ပစ္ခတ္ၿပီးေနာက္ လူမ်ိဳးေရးခြဲျခားမႈမ႐ွိဘဲ တရားမွ်တမႈ႐ွိေစေရးေတာင္းဆိုသည့္ဆႏၵျပပြဲမ်ား ဖီလာဒဲဖီးယားၿမိဳ႕တြင္ ၂ ရက္ဆက္တိုက္ျဖစ္ေနသည္။
ပစ္ခံရသည့္အသက္ ၂၇ ႏွစ္အ႐ြယ္ ေ၀ၚတာ ေဝါေလ့စ္၏မိသားစုမ်ားက သူသည္ စိတ္ေ၀ဒနာ႐ွိေနသူျဖစ္ေၾကာင္းေျပာသည္။
ကိုင္ထားသည့္ဓားကိုမခ်သျဖင့္ ပစ္ခတ္ခဲ့ျခင္းျဖစ္ေၾကာင္း ရဲမ်ားကေျပာသည္။ ရဲအင္အားျဖည့္ထား႐ံုသာမက အမ်ိဳးသားအေစာင့္တပ္ဖြဲ႔မ်ားလည္း ေနရာယူထားၿပီး ပထမဆံုးညဆႏၵျပမႈမ်ားတြင္ လူအေယာက္ ၃၀ ဒဏ္ရာရခဲ့သည္ဟု ရဲမ်ားကေျပာသည္။
အဂၤါေန႔ညဆႏၵျပခ်ီတက္မႈသည္ အစပိုင္းတြင္ၿငိမ္းခ်မ္းခဲ့ေသာ္လည္း ညေနပိုင္းေရာက္လာၿပီးေနာက္ ထိပ္တိုက္ရင္ဆိုင္မႈမ်ားပိုမ်ားလာသည္။
အံုႂကြမႈမ်ားတြင္ ဆိုင္မ်ားမွလုယက္ၿပီး စီးပြားေရးလုပ္ငန္းမ်ားကိုဖ်က္ဆီးခဲ့သည္ဟု ဖီလာဒဲဖီးယားရဲတပ္ဖြဲ႔ ကေျပာသည္။
ဆႏၵျပသူမ်ားက တိုက္ခိုက္ၿပီးေနာက္ ရဲမ်ားက င႐ုတ္ေကာင္းျဖန္းေဆးမ်ား၊ ေရာ္ဘာတုတ္မ်ားျဖင့္ ျပန္ခုခံခဲ့သည္။ ဆိုင္မ်ားေစာေစာပိတ္ထားၿပီး အတားအဆီးမ်ားလုပ္ထားသည္ကိုျမင္ေတြ႕ရသည္။
Ref : Philadelphia rocked by fresh unrest after police shooting
#PeopleMedia
(unicode)
စိတ်ဝေဒနာအခံရှိသည့် ဖီလာဒဲဖီးယားမြို့မှ လူမည်းအမျိုးသားတယောက်ကို ရဲကပစ်ခဲ့ပြီးနောက် အုံကြွမှုများ ဖြစ်နေ
…………………………………………………….
ဖီလာဒဲဖီးယား၊ အောက်တိုဘာ ၂၈
ရဲများက လူမည်းအမျိုးသားတယောက်ကို သေလုမျောပါးဖြစ်သည်အထိသေနတ်ဖြင့်ပစ်ခတ်ပြီးနောက် လူမျိုးရေးခွဲခြားမှုမရှိဘဲ တရားမျှတမှုရှိစေရေးတောင်းဆိုသည့်ဆန္ဒပြပွဲများ ဖီလာဒဲဖီးယားမြို့တွင် ၂ ရက်ဆက်တိုက်ဖြစ်နေသည်။
ပစ်ခံရသည့်အသက် ၂၇ နှစ်အရွယ် ဝေါ်တာ ဝေါလေ့စ်၏မိသားစုများက သူသည် စိတ်ဝေဒနာရှိနေသူဖြစ်ကြောင်းပြောသည်။
ကိုင်ထားသည့်ဓားကိုမချသဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ရဲများကပြောသည်။ ရဲအင်အားဖြည့်ထားရုံသာမက အမျိုးသားအစောင့်တပ်ဖွဲ့များလည်း နေရာယူထားပြီး ပထမဆုံးညဆန္ဒပြမှုများတွင် လူအယောက် ၃၀ ဒဏ်ရာရခဲ့သည်ဟု ရဲများကပြောသည်။
အင်္ဂါနေ့ညဆန္ဒပြချီတက်မှုသည် အစပိုင်းတွင်ငြိမ်းချမ်းခဲ့သော်လည်း ညနေပိုင်းရောက်လာပြီးနောက် ထိပ်တိုက်ရင်ဆိုင်မှုများပိုများလာသည်။
အုံကြွမှုများတွင် ဆိုင်များမှလုယက်ပြီး စီးပွားရေးလုပ်ငန်းများကိုဖျက်ဆီးခဲ့သည်ဟု ဖီလာဒဲဖီးယားရဲတပ်ဖွဲ့ ကပြောသည်။
ဆန္ဒပြသူများက တိုက်ခိုက်ပြီးနောက် ရဲများက ငရုတ်ကောင်းဖြန်းဆေးများ၊ ရော်ဘာတုတ်များဖြင့် ပြန်ခုခံခဲ့သည်။ ဆိုင်များစောစောပိတ်ထားပြီး အတားအဆီးများလုပ်ထားသည်ကိုမြင်တွေ့ရသည်။
Ref : Philadelphia rocked by fresh unrest after police shooting
#PeopleMedia