• Follow Us on

Home စိန့်မာတင်ကျွန်း လုံခြုံရေးနဲ့ပတ်သက်ပြီး လူမှုကွန်ရက်ပေါ်က ကောလာဟလတွေကို မယုံကြည်ဖို့ ဘင်္ဂလား ဒေ့ရှ် ပြည်သူတွေကို ISPR သတိပေး

စိန့်မာတင်ကျွန်း လုံခြုံရေးနဲ့ပတ်သက်ပြီး လူမှုကွန်ရက်ပေါ်က ကောလာဟလတွေကို မယုံကြည်ဖို့ ဘင်္ဂလား ဒေ့ရှ် ပြည်သူတွေကို ISPR သတိပေး

Share this post

နိုင်ငံတကာ၊ ဇွန် ၁၉

 

စိန့်မာတင်ကျွန်းလုံခြုံရေးအကြောင်း လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေတဲ့ ကောလာဟလတွေနဲ့ ပတ်သက်ပြီး အ ထင်အမြင်လွဲမှားခြင်းမရှိဖို့ ဘင်္ဂလားဒေ့ရှ်ပြည်သူတွေကို ဘင်္ဂလားဒေ့ရှ် လက်နက်ကိုင်တပ်ဖွဲ့များပြည်သူ့ဆက် ဆံရေးဌာန ISPR က ဇွန်လ ၁၇ ရက်နေ့က တိုက်တွန်းလိုက်ပါတယ်။

 

စိန့်မာတင်ကျွန်းနဲ့ အနီးမှာရှိနေတဲ့ မြန်မာနိုင်ငံထဲမှာ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ထဲကို ပျံ့နှံ့လာနေတယ်ဆိုတဲ့ ကောလာဟလတွေ တချို့နေရာတွေမှာ ပြောဆိုနေကြကြောင်း ISPR က တနင်္လာနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

 

“အဲဒီလို ကောလာဟလတွေကို ယုံစားပြီး အတွေးအမြင်မမှားဖို့ တိုက်တွန်းပြောကြားလိုပါတယ်။” လို့ ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။

 

မြန်မာ့တပ်မတော်အနေနဲ့ ရခိုင်ပြည်နယ်မှာရှိတဲ့ ရခိုင့်တပ်မတော်ခေါ် AA သူပုန်အဖွဲ့ကို ထိုးစစ်ဆင်တိုက်ခိုက် နေတာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

အဲဒီတိုက်ခိုက်မှုကြောင့် နတ်မြစ်ထဲနဲ့ အနီးမှာရှိတဲ့နယ်မြေထဲက ဘင်္ဂလားဒေ့ရှ်လှေတချို့ကို မတော်တဆ ထိ မှန်ခဲ့တာတွေရှိတယ်လို့ ဆိုပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန်လ ၁၂ ရက်နေ့မှာ တရားဝင်ကန့်ကွက် လွှာပို့ထားတယ်လို့ ဆိုပါတယ်။

 

AA သူပုန်အဖွဲ့က မြန်မာရေတပ်ကို ပစ်ခတ်တဲ့အတွက် မြန်မာရေတပ်က စိန့်မာတင်ကျွန်းအနီးမှာရှိတဲ့ ၎င်းတို့ ရေပိုင်နက်ကနေ AA သူပုန်အဖွဲ့ရှိရာကို ပစ်မှတ်ထားတိုက်ခိုက်နေတာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

 

အဲဒီဒေသတစ်ဝိုက်မှာ မြန်မာရေတပ်က စစ်သင်္ဘောပေါင်းစုံရောက်ရှိနေပြီး ၎င်းတို့ရောက်ရှိနေကြောင်းကိုလည်း ဘင်္ဂလားဒေ့ရှ်ရေတပ်ကို အကြောင်းကြားထားကြောင်း ISPR က ပြောပါတယ်။

 

ဘင်္ဂလားဒေ့ရှ်ရေတပ်နဲ့ ကမ်းခြေစောင့်တပ် နှစ်ခုစလုံးက အဲဒီဒေသတွင်း ကင်းလှည့်ရင်း အခြေအနေကို စောင့် ကြည့်လေ့လာနေတယ်လို့ ဆိုပါတယ်။

 

Ref: ISPR warns against social media rumours about Saint Martin’s Island security

 

#PeopleMedia


Share this post