• Follow Us on

Home စိန်ခေါ်မှုတွေအတွက် အသင့်ပြင်ထားဖို့ အစိုးရအဖွဲ့သစ်ကို သက်ဆင်တိုက်တွန်း

စိန်ခေါ်မှုတွေအတွက် အသင့်ပြင်ထားဖို့ အစိုးရအဖွဲ့သစ်ကို သက်ဆင်တိုက်တွန်း

Share this post

နိုင်ငံတကာ၊ သြဂုတ် ၂၃

 

အစိုးရအဖွဲ့သစ်အနေနဲ့ ထိုင်းနိုင်ငံက ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုအများအပြားအတွက် အသင့်ပြင်ဆင်ထားဖို့ ဝန် ကြီးချုပ်ဟောင်းသ်ကဆင်ရှင်နာဝပ်က အကြံပေးလိုက်သလို ပြဿနာတစ်ခုချင်းစီအတွက် တစ်ဦးချင်းသီးသန့် ကိုင်တွယ်ဖြေရှင်းသွားဖို့ ဝန်ကြီးချုပ်ပေထောင်တန်ရှင်နာဝပ်က တာဝန်ပေးသွားမှာဖြစ်ကြောင်း ပြောကြား လိုက်ပါတယ်။

 

ကြာသပတေးနေ့ (သြဂုတ်လ ၂၂ ရက်နေ့) က ဘန်ကောက်မြို့ Siam Paragon ဈေးဝယ်စင်တာမှာ Nation အုပ်စုက စီစဉ်ခဲ့တဲ့ “ထိုင်းနိုင်ငံရဲ့ အနာဂတ် မျှော်မှန်းချက်” (Vision for Thailand) အခမ်းအနားမှာ မိန့်ခွန်း ပြောကြားစဉ် သက်ဆင်က အခုလိုပြောကြားလိုက်တာဖြစ်ပါတယ်။

 

ရာသီဥတုအပြောင်းအလဲတွေကြားက ရေရှည်တည်တံ့ခိုင်မြဲတဲ့ဖွံ့ဖြိုးတိုးတက်မှုအတွက် ထိုင်းနိုင်ငံရဲ့ အနာ ဂတ်အလားအလာကို အလေးထားပြောကြားသွားပေမဲ့ ပထဝီနိုင်ငံရေးစိန်ခေါ်မှုတွေအတွက် အသင့်ပြင်ဆင် ထားရမှာဖြစ်ကြောင်း သက်ဆင်က ပြောပါတယ်။

 

အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲက ကုန်သွယ်ရေးအတားအဆီးပေါင်း မြောက်မြားစွာကို ဖြစ်ပေါ်စေပြီး လာမယ့်အမေရိကန်သမ္မတရွေးကောက်ပွဲမတိုင်ခင် အမေရိကန်နဲ့ ကုန်သွယ်ရေးလိုငွေပြနေတာကို ထိုင်းနိုင်ငံ က ကိုင်တွယ်ဆောင်ရွက်သွားရမှာဖြစ်ကြောင်း သက်ဆင်က ဥပမာအဖြစ် အကြံပေးပြောကြားခဲ့ပါတယ်။

 

Covid-19 ကပ်ရောဂါဘေးရဲ့ ထိခိုက်မှုတွေနဲ့ နိုင်ငံတကာထောက်ပံ့ရေးကွင်းဆက်အပေါ် ရုရှား-ယူကရိန်း စစ်ပွဲ ရဲ့ ထိခိုက်မှုတွေကို လျော့ပါးသက်သာစေဖို့အတွက်လည်း မဟာဗျူဟာတွေ ချမှတ်ရေးဆွဲဖို့ လိုအပ်ကြောင်း လည်း ၎င်းက အလေးထားပြောကြားပါတယ်။

 

ဝန်ကြီးချုပ်ဟောင်းက နည်းပညာအလျင်အမြန်တိုးတက်လာမှု အထူးသဖြင့် ကုန်ထုတ်နယ်ပယ်မှာ ပွဲဖျက်တဲ့မိုး အဖြစ်ဆောင်ရွက်နေတဲ့ AI (ဉာဏ်ရည်တုနည်းပညာ) အကြောင်းကိုလည်း ထောက်ပြသွားပါတယ်။

 

ဒါ့အပြင် ထိုင်းအာဏာပိုင်တွေအနေနဲ့ မူးယစ်ဆေးစွဲတဲ့သူတွေကို ဆေးဝါးကုသပေးခြင်း၊ မူးယစ်ဆေးဝါးဝယ်လို အားကို လျှော့ချပေးခြင်းအားဖြင့် မူးယစ်ဆေးဝါးသုးစွဲမှုနဲ့ ရောင်းဝယ်ဖောက်ကားမှုအန္တရာယ်ကို ထိထိရောက် ရောက် ကိုင်တွယ်ဖြေရှင်းဆောင်ရွက်ရမှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

 

“ထိုင်းနိုင်ငံဟာ အဲဒီပြဿနာတွေကို သဘောပေါက်ထားပြီးဖြစ်ပေမဲ့ မဖြေရှင်းခဲ့သေးပါဘူး။ အစိုးရအဖွဲ့အနေနဲ့ အဲဒီပြဿနာကို ဖြေရှင်းဖို့အတွက် တစ်သင်းတစ်ဖွဲ့လုံးတာဝန်ရှိတယ်ဆိုတယ်လို့ ခံယူပြီး ပေထောင်တန်နဲ့အတူ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရမှာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

“ပိုင်ဆိုင်မှုစိတ်ဓာတ် (တာဝန်ယူမှု/တာဝန်ခံမှု) လုံးဝမရှိဘူးဆိုရင် စိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်းနိုင်မှာ မ ဟုတ်ဘူးလို့ သူက ကျွန်တော့်ကို ပြောပါတယ်။” လို့ သက်ဆင်က ပြောပါတယ်။

 

Ref: Thaksin urges new Cabinet to get ready for challenges

 

#PeopleMedia


Share this post