• Follow Us on

Home စိုက်ပျိုးမွေးမြူရေးဇုန်များမှ ထွက်ကုန်ပစ္စည်းများအားဈေးကွက်အတွင်းသို့ရောင်းချရာ၌ ပြည်သူလူထု၏ လက်ဝယ်သို့ တိုက်ရိုက်ရောက်ရှိမှသာလျင် ဈေးနှုန်းသက်သာမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌပြောကြား

စိုက်ပျိုးမွေးမြူရေးဇုန်များမှ ထွက်ကုန်ပစ္စည်းများအားဈေးကွက်အတွင်းသို့ရောင်းချရာ၌ ပြည်သူလူထု၏ လက်ဝယ်သို့ တိုက်ရိုက်ရောက်ရှိမှသာလျင် ဈေးနှုန်းသက်သာမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌပြောကြား

Share this post

နေပြည်တော်၊ ဇွန် ၁၀

 

စိုက်ပျိုးမွေးမြူရေးဇုန်များမှ ထွက်ကုန်ပစ္စည်းများအား ဈေးကွက်အတွင်းသို့ ဖြန့်ဖြူးရောင်းချရာ၌ ပြည်သူလူထု တို့၏ လက်ဝယ်သို့ တိုက်ရိုက်ရောက်ရှိမှသာလျင် ဈေးနှုန်းသက်သာမည်ဖြစ်သည့်အတွက် မြို့တော်စည်ပင် သာယာရေးအဖွဲ့၊ တိုင်းစစ် ဌာနချုပ် သက်သာချောင်ချိရေး အရောင်းဆိုင်များနှင့် ချိတ်ဆက်ဆောင်ရွက်နေ ရန်လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ဇွန်လ ၈ရက်နေ့တွင် ခရီးစဉ်တွင် လိုက်ပါလာသည့်အဖွဲ့ဝင်များ လိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်း မြို့နယ်၊ ရန်ကုန်မြစ်နှင့် မှော်ဝန်းချောင်းကြားနေရာရှိ မြန်မာ စီးပွားရေးကော်ပိုရေးရှင်း၊ သီလဝါ ဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေ အနေများကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ရန်ကုန်တိုင်းဒေသကြီးအတွင်း ယခုကဲ့သို့ စိုက်ပျိုးမွေးမြူရေးဇုန် များ ဖော်ဆောင်၍ ဆောင်ရွက်လျက်ရှိခြင်းသည် ရန်ကုန်တိုင်းဒေသကြီးအတွင်း အသား၊ ငါးနှင့် ရာသီသီးနှံဖူ လုံမှုရှိစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီး အတွင်း စက်ရုံ၊ အလုပ်ရုံများစွာရှိပြီး လူဦးရေများပြားစွာရှိနေခြင်းကြောင့် ဝယ်လိုအားနှင့် ရောင်းလိုအား မျှတစေရန်နှင့် အခြေခံစားကုန်များ ကုန် ဈေးနှုန်းကြီးမြင့်မှုကို ထိန်း သိမ်းနိုင်ရန်ရည်ရွယ်၍ အသား၊ ငါးနှင့် ရာသီသီးနှံများ ထုတ်လုပ်မှုကို တိုးမြှင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်းစိုက်ပျိုးမွေးမြူရေးဇုန်များအတွင်း မြေအသုံးချမှုများကို အကျိုးရှိရှိ အသုံးနိုင် ရန်လိုကြောင်း ပြောသည်။

 

ပဲခူးမြစ်ကူးတံတား(သန်လျင်တံတား အမှတ်-၃)  ကို ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်သည့်အတွက် သန်လျင်ဒေသသည် ယခင်ကထက် များစွာ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း များကိုလည်း တိုးချဲ့ဆောင်ရွက်သွားရန်လိုသကဲ့သို့ အထွက်နှုန်းများ တိုးမြင့်လာစေရေးအတွက်လည်း စနစ်တကျဆောင် ရွက်ကြရမည်ဖြစ်ကြောင်း၊ ဥစားကြက်၊ ဘဲမွေးမြူရေးနှင့်ပတ်သက်၍ ဥထွက်ရှိမှုပမာဏ၊ ဥသည့် အချိန် ကာလတို့ကို စနစ်တကျ တွက်ချက်ချိန်ညှိ၍ အသုတ်လိုက် မွေးမြူသည့်စနစ်ဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက် ကြရမည်ဖြစ်ပြီး အထွက်နှုန်းတိုးမြင့်လာစေမည့် မွေးမြူရေးနည်းလမ်းများကိုလည်း ဆက်လက်လေ့လာ ဆောင်ရွက်သွားကြရန်လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အမြတ်ရရှိရေးသည် အဓိကမဟုတ်ဘဲ ရန်ကုန်တိုင်းဒေသကြီးရှိ ပြည်သူလူထု အနေဖြင့် အသား၊ ငါးနှင့် ရာသီသီးနှံများကို သက်သာသောဈေးနှုန်းများဖြင့် ဝယ်ယူစား သောက်နိုင်စေရေးအတွက် အဓိကဆောင်ရွက်ခြင်းဖြစ်သဖြင့် ယခုထက်ပိုမို အောင်မြင်အောင် ဆောင်ရွက် သွားကြရန်မှာကြားလိုကြောင်း၊ မွေးမြူရေးဆောင်ရွက်ရာ၌ နည်းလမ်းစနစ်မှန်ကန်ရန်နှင့် အစာနှင့်ရေကို ပြည့်ပြည့်ဝဝ ကျွေးမွေးမည်ဆိုပါက အထွက်နှုန်းများလည်း တိုးတက်ကောင်းမွန်နေမည်ဖြစ်ကြောင်း ပြောသည်။

 

စိုက်ပျိုးမွေးမြူရေးဇုန်များမှ ထွက်ကုန်ပစ္စည်းများအား ဈေးကွက်အတွင်းသို့ ဖြန့်ဖြူးရောင်းချရာ၌ ပြည်သူ လူထုတို့၏ လက်ဝယ်သို့ တိုက်ရိုက်ရောက်ရှိမှသာလျင် ဈေးနှုန်းသက်သာမည်ဖြစ်သည့်အတွက် မြို့တော် စည်ပင်သာယာရေးအဖွဲ့၊ တိုင်းစစ် ဌာနချုပ် သက်သာချောင်ချိရေး အရောင်းဆိုင်များနှင့် ချိတ်ဆက်ဆောင် ရွက်နေရန်လိုကြောင်း၊ ပြည်တွင်းစားသုံးမှုဖူလုံအောင် ထုတ်လုပ်နိုင်ပြီးပါက ထပ်မံတိုးချဲ့ထုတ်လုပ်၍ အိမ်နီး ချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများသို့လည်း အေးခဲ အသား၊ ငါးများ တင်ပို့ ရောင်းချနိုင်မည်ဖြစ်ကြောင်း၊  ဒေသတွင်းနိုင်ငံအများအပြားအနေဖြင့် အသား၊ ငါး နှင့် စိုက်ပျိုးရေးထွက်ကုန်သီးနှံ လိုအပ်ချက်မြင့်မား လျက်ရှိသည်ကို လေ့လာတွေ့ရှိချက်များအရ သိရှိရသဖြင့် ခိုင်မာသည့်ဈေးကွက်ဝယ်လိုအားရှိပြီးဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ပြည်တွင်းစားသုံးသူများ၏ လိုအပ်ချက်ကို ပြည့်မီအောင်ဆောင်ရွက်ပြီး ပြည်ပသို့ အရည်အသွေးပြည့်မီသည့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များတင်ပို့နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောကြားခဲ့သည်။

 

#PeopleMedia


Share this post