• Follow Us on

Home စိုက်ပျိုးရေးလုပ်ငန်းများ တွန်းအားပေးဆောင်ရွက်လျက်ရှိသော်လည်း ထိုက်သင့်သလောက်တိုးတက်မှု မရှိသေးကြောင်း နစကဥက္ကဋ္ဌပြောကြား

စိုက်ပျိုးရေးလုပ်ငန်းများ တွန်းအားပေးဆောင်ရွက်လျက်ရှိသော်လည်း ထိုက်သင့်သလောက်တိုးတက်မှု မရှိသေးကြောင်း နစကဥက္ကဋ္ဌပြောကြား

Share this post

နေပြည်တော်၊ အောက်တိုဘာ ၂၂

 

စိုက်ပျိုးရေးလုပ်ငန်းများ တွန်းအားပေးဆောင်ရွက်လျက်ရှိသော်လည်း ထိုက်သင့်သလောက် တိုးတက်မှု မရှိသေးကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

 

ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ်ကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

 

မိမိတို့အနေဖြင့် ကိုဗစ် – ၁၉ ရောဂါဖြစ်ပွားခဲ့မှုကြောင့် ကျဆင်းခဲ့သည့် နိုင်ငံ့စီးပွားရေး ပြန်လည်ဦးမော့ လာစေရေး ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံ၏ အဓိကကုန်ထုတ်လုပ်ငန်းများဖြစ်သည့် စိုက်ပျိုး ရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကိုအားပေးဆောင်ရွက်ခဲ့သဖြင့် နိုင်ငံ့စီးပွားရေးမှာ ပြန်လည်ဦးမော့လာခဲ့ကြောင်း၊ သို့သော် ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက တိုးတက်မှုအားနည်း နေဆဲဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများတွင် ပန်းတိုင်ရည်မှန်းချက်များပြည့်မီစေရေး တွန်းအားပေး ဆောင်ရွက်လျက်ရှိသော်လည်း ထိုက်သင့်သလောက် တိုးတက်မှုမရှိသေးကြောင်း၊ သီးနှံများ ပန်းတိုင် ရည်မှန်းချက်ပြည့်မီစေရေး တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် တာဝန်ရှိသူများအနေဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုအပ်ပြီး တိုင်းဒေသကြီး၊ပြည်နယ်နှင့်ဒေသအလိုက် စံပြစိုက်ခင်းများစိုက်ပျိုး၍ စံနမူနာပြ ဆောင်ရွက်သွားရန်လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပန်းတိုင်ရည်မှန်းချက်ပြည့်မီအောင် စိုက်ပျိုးထုတ်လုပ်နိုင်မည် ဆိုပါက ၎င်းနှင့်ဆက်စပ်သည့် ကုန်ထုတ်လုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းများပါ တိုးတက်လာပြီး နိုင်ငံ၏ GDP တိုးတက်မှုနှုန်းမြင့်မားလာမည်ဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားရေးအား တိုးတက်လာစေရေးနှင့် ကုန်ထုတ်လုပ်ငန်း များတွင် အင်ပြည့်အားပြည့် အလုပ်လုပ်ကိုင်နိုင်ရန်အတွက် ဝိုင်းဝန်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ မိမိတို့တွင်ပိုင်ဆိုင်ထားသည့် ရေခံမြေခံကောင်းများနှင့် အခြေခံကောင်းများကို အကျိုးရှိစွာအသုံးချပြီး စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်နိုင်ကြ ရန်လိုကြောင်း၊ ရေကို အကျိုးရှိစွာ အသုံးချနိုင်ရမည်၊ မြေကို စနစ်တကျပြုပြင်ဆောင်ရွက်နိုင်ရမည်ဖြစ်ပြီး စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကိုအောင်မြင်စွာဆောင်ရွက်နေကြသည့် ပြည်ပနိုင်ငံများ၏နည်းစနစ်များ ကိုလည်း လေ့လာအတုယူဆောင်ရွက်ကြရန်လိုကြောင်း၊ ပြည်ပပို့ကုန်တိုးမြှင့်နိုင်ရေးအတွက်လည်း အသီးအနှံများ ပိုမိုထုတ်လုပ်တင်ပို့နိုင်ရေးအတွက် အားပေးဆောင်ရွက်သွားရန်လိုကြောင်း ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက စိုက်ပျိုးရေးလုပ်ငန်းများ တိုးတက်စေရေး စံပြစိုက်ခင်းများ စိုက်ပျိုး၍ ဆောင်ရွက်သွားရန်လိုကြောင်း၊ မိုးရာသီကာလအတွင်း စိုက်ပျိုးခဲ့သည့်သစ်ပင်များ ရှင်သန်ဖြစ်ထွန်း စေရေး ဆက်လက်ဆောင်ရွက်သွားရန်လိုကြောင်း၊ မူဝါဒများကို အောက်ခြေအဆင့်အထိ သိရှိအောင် ဆောင်ရွက်သွားရန်လိုကြောင်း၊ ဒေသအလိုက် ဖွံ့ဖြိုးတိုးတက်စေရေး ဝိုင်းဝန်းဆောင်ရွက်သွားရန်လိုကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် Check၊ Recheck I Counter Check ဖြင့် ဆောင်ရွက်သွားမည်ဆိုပါက လုပ်ငန်းများအောင်မြင်နိုင်မည်ဖြစ်ကြောင်းဖြင့် ပြောသည်။

 

#PeopleMedia


Share this post