• Follow Us on

Home စိုးရိမ်မှုတွေမြင့်တက်နေပေမဲ့ အစ္စရေးနဲ့ ဟစ်ဘိုလာ ပြင်းပြင်းထန်ထန် အပြန်အလှန် တိုက်ခိုက်နေဆဲဖြစ်

စိုးရိမ်မှုတွေမြင့်တက်နေပေမဲ့ အစ္စရေးနဲ့ ဟစ်ဘိုလာ ပြင်းပြင်းထန်ထန် အပြန်အလှန် တိုက်ခိုက်နေဆဲဖြစ်

Share this post

နိုင်ငံတကာ၊ သြဂုတ် ၂၆

 

ဟစ်ဘိုလာအဖွဲ့က တနင်္ဂနွေနေ့ (သြဂုတ်လ ၂၅ ရက်နေ့) က အစ္စရေးနိုင်ငံကို ရော့ကက်တွေ၊ ဒရုန်းတွေအများ အပြားအသုံးပြုပြီး တိုက်ခိုက်ခဲ့သလို အစ္စရေးကလည်း ဟစ်ဘိုလာတိုက်ခိုက်မှုကို ကာကွယ်ဖို့ ဂျက်တိုက်လေ ယာဉ်အစင်း ၁၀၀ နီးပါး အသုံးပြုပြီး လက်ဘနွန်နိုင်ငံကို တိုက်ခိုက်ခဲ့ကြောင်း ပြောပါတယ်။

 

အစ္စရေး-ဟစ်ဘိုလာ နယ်စပ်တစ်လျှောက် အပြန်အလှန်ပစ်ခတ်ခဲ့တဲ့ ၁၀ လကျော်ကာလမှာ အခုတိုက်ပွဲဟာ အပြင်းထန်ဆုံးတိုက်ပွဲဖြစ်တယ်လို့ ဆိုပါတယ်။

 

အစ္စရေးနိုင်ငံတစ်ဝန်း လေကြောင်းရန်အချက်ပေး ဥသြသံတွေဆူညံနေပြီး ကောင်းကင်မှာလည်း ဒုံးကျည်တွေ ပျံသန်းနေတာတွေ့နေရသလို လက်ဘနွန်တောင်ပိုင်း ခီယမ်မြို့က အိမ်တွေဆီကလည်း မီးခိုးလုံးတွေ လှိမ့် တက်လာတာကို တွေ့မြင်နေရပါတယ်။

 

တနင်္ဂနွေနေ့ညနေပိုင်းက အစ္စရေးနိုင်ငံအလယ်ပိုင်းက ရီရွှန်လက်ဇီယွန်မြို့မှာ အချက်ပေးဥသြသံတွေဆူညံနေ ပြီး ဂါဇာတောင်ပိုင်းက ပစ်လွှတ်လိုက်တဲ့ဒုံးကျည်တစ်စင်းဟာ လူမရှိတဲ့နေရာမှာ ကျရောက်ခဲ့ကြောင်း အစ္စရေး စစ်တပ်က ပြောပါတယ်။

 

ဟားမတ်စ်အဖွဲ့ကတော့ ၎င်းတို့အနေနဲ့ M90 ရော့ကက်တစ်စင်းနဲ့ တဲလ်ဗစ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပြောပါတယ်။

 

ဟစ်ဘိုလာနဲ့ အစ္စရေးတို့ အပြင်းအထန် တိုက်ခိုက်နေကြတဲ့အတွက် ဒေသတွင်း ကြီးမားတဲ့စစ်ပွဲကြီးတစ်ခုဖြစ် လာမှာကို စိုးရိမ်နေကြပါတယ်။

 

လက်ဘနွန်ဘက်မှာ သုံးယောက်သေဆုံးပြီး အစ္စရေးဘက်က တစ်ယောက်သေဆုံးခဲ့ပြီး နှစ်ဘက်စလုံးက နောက်ထပ်ကြီးမားတဲ့စစ်ပွဲကြီးဖြစ်မလာအောင် ရှောင်ရှားသွားမယ်လို့ ပြောပေမဲ့ နောက်ထပ်တိုက်ခိုက်မှုတွေ ထပ်မံဖြစ်ပွားလာနိုင်တယ်လို့ ပြောပါတယ်။

 

ပြီးခဲ့တဲ့လက ဟစ်ဘိုလာထိပ်တန်းခေါင်းဆောင် ဖူရှုပ်ကာလုပ်ကြံခံရမှုအတွက် တန်ပြန်လက်စားချေမှုဟာ စီစဉ် ထားတဲ့အတိုင်း အောင်မြင်အောင်ဆောင်ရွက်ခဲ့ပြီးပြီလို့ ဟစ်ဘိုလာခေါင်းဆောင် ဆေယက်ဒ်ဟက်ဆန်နက်ရှ် ရာလာက ပြောပါတယ်။

 

ဒါပေမဲ့ ဟစ်ဘိုလာအဖွဲ့အနေနဲ့ ၎င်းတို့ရဲ့လက်တုံ့ပြန်တိုက်ခိုက်မှုမှာ ထိရောက်ခြင်းရှိမရှိ ဆန်းစစ်လေ့လာသွား မှာဖြစ်ပြီး ထိရောက်မှုမရှိသေးဘူးဆိုရင် နောင်တစ်ချိန်မှာ ပြန်လည်လက်စားချေတုံ့ပြန်သွားဦးမှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

 

အစ္စရေးနိုင်ငံအနေနဲ့ စစ်ပွဲကြီးတစ်ခုဖြစ်ပွားလာအောင် ကြိုးပမ်းသွားမှာမဟုတ်ကြောင်း အစ္စရေးနိုင်ငံခြားရေးဝန် ကြီးက ပြောပေမဲ့ “ဒါဟာ အဆုံးသတ်ဇာတ်လမ်း မဟုတ်သေးဘူး။” လို့ ဝန်ကြီးချုပ်နတန်ယာဟုက ပြောပါ တယ်။

 

“ကျွန်တော်တို့နိုင်ငံကို ကာကွယ်ဖို့ ကျွန်တော်တို့ လုပ်နိုင်တာမှန်သမျှ အားလုံးဆောင်ရွက်သွားဖို့ သံန္နိဋ္ဌာန်ချ ထားပြီးသားဖြစ်တယ်။ ကျွန်တော်တို့ကို ထိခိုက်နာကျင်အောင်လုပ်တဲ့သူတွေကိုလည်း ကျွန်တော်တို့က ထိခိုက် နာကျင်အောင် ပြန်လုပ်မှာပဲဖြစ်တယ်။” လို့ အစောပိုင်းမှာ နတန်ယာဟုက ပြောပါတယ်။

 

Ref: Israel and Hezbollah continue missile exchange amid escalation fears

 

#PeopleMedia


Share this post