စီအိုင္ေအအရာ႐ွိေဟာင္းမ်ား တ႐ုတ္ထံလွ်ိဳ႕၀ွက္ခ်က္မ်ားေရာင္းခ်

PUBLISHED - August 19, 2020
ဝါ႐ွင္တန္၊ ၾသဂုတ္ ၁၈
အေမရိကန္ဗဟိုေထာက္လွမ္းေရးေအဂ်င္စီ CIA ၀န္ထမ္းေဟာင္းႏွင့္ ျပည္ေထာင္စုစံုစမ္းစစ္ေဆးေရးဗ်ဴရို FBI ၏ ဘာသာ စကားကြ်မ္းက်င္သူ၀န္ထမ္းေဟာင္း အသက္ ၆၇ ႏွစ္ အရြယ္ အန္ဒ႐ူး ယုခ်င္းမာကို တ႐ုတ္မွအေမရိကန္သတင္းေပးမ်ား ၏အခ်က္အလက္မ်ားေဖာ္ထုတ္ခဲ့ျခင္းအပါအ၀င္ အေမရိကန္လွ်ိဳ႕၀ွက္ခ်က္မ်ားေရာင္းခ်မႈျဖင့္ ဟာဝိုင္ယီ႐ွိျပည္ေထာင္စု တရား႐ံုးတစ္႐ံုးတြင္ စြဲခ်က္တင္ထားသည္။
ၿပီးခဲ့သည့္ႏွစ္က တ႐ုတ္ေထာက္လွမ္းေရးအရာ႐ွိတစ္ေယာက္အျဖစ္ အသြင္ယူထားသည့္အေမရိကန္ေထာက္လွမ္းေရးအရာ႐ွိ တစ္ေယာက္ကို ၂၀၁၉ ခုႏွစ္တြင္ သူ႔လုပ္ရပ္မ်ားကို ၀န္ခံခဲ့ၿပီး အနည္းဆံုးဆယ္စုႏွစ္တစ္ခုၾကာတာ၀န္အတြက္ သူ႔ကို ေငြအနည္းငယ္သာေပးသည္ဟု မာက ထိုအရာ႐ွိကိုေျပာသည္။
ထိုအသြင္ယူအရာ႐ွိႏွင့္ေတြ႕ဆံုၿပီး ေငြမ်ားလက္ခံသည့္အျပင္ ယခုလမတိုင္မီအထိ လွ်ိဳ႕၀ွက္ခ်က္မ်ားေပးေနေၾကာင္းလည္း သိရသည္။
မာကို ၾသဂုတ္ ၁၄ ရက္တြင္ ဖမ္းမိခဲ့ေၾကာင္း တရားေရး၀န္ႀကီးဌာနကေျပာေသာ္လည္း အခ်က္အလက္မ်ားကို တနလၤာေန႔တြင္ထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။
အသက္ ၆၇ ႏွစ္႐ွိ မာသည္ ေဟာင္ေကာင္တြင္ေမြးဖြားသည့္အေမရိကန္ႏိုင္ငံသားျဖစ္ၿပီး စီအိုင္ေအအတြက္ အဆင့္ျမင့္လံု ျခံဳေရး႐ွင္းလင္းမႈျဖင့္ ၁၉၈၂ ခုႏွစ္မွာ ၁၉၈၃ ခုႏွစ္အထိ အလုပ္လုပ္ခဲ့သည္။
Ref : Ex-CIA officers sold secrets to China: Indictment
#PeopleMedia
(unicode)
စီအိုင်အေအရာရှိဟောင်းများ တရုတ်ထံလျှို့ဝှက်ချက်များရောင်းချ
…………………………………………………………
ဝါရှင်တန်၊ ဩဂုတ် ၁၈
အမေရိကန်ဗဟိုထောက်လှမ်းရေးအေဂျင်စီ CIA ဝန်ထမ်းဟောင်းနှင့် ပြည်ထောင်စုစုံစမ်းစစ်ဆေးရေးဗျူရို FBI ၏ ဘာသာ စကားကျွမ်းကျင်သူဝန်ထမ်းဟောင်း အသက် ၆၇ နှစ် အရွယ် အန်ဒရူး ယုချင်းမာကို တရုတ်မှအမေရိကန်သတင်းပေးများ ၏အချက်အလက်များဖော်ထုတ်ခဲ့ခြင်းအပါအဝင် အမေရိကန်လျှို့ဝှက်ချက်များရောင်းချမှုဖြင့် ဟာဝိုင်ယီရှိပြည်ထောင်စု တရားရုံးတစ်ရုံးတွင် စွဲချက်တင်ထားသည်။
ပြီးခဲ့သည့်နှစ်က တရုတ်ထောက်လှမ်းရေးအရာရှိတစ်ယောက်အဖြစ် အသွင်ယူထားသည့်အမေရိကန်ထောက်လှမ်းရေးအရာရှိ တစ်ယောက်ကို ၂၀၁၉ ခုနှစ်တွင် သူ့လုပ်ရပ်များကို ဝန်ခံခဲ့ပြီး အနည်းဆုံးဆယ်စုနှစ်တစ်ခုကြာတာဝန်အတွက် သူ့ကို ငွေအနည်းငယ်သာပေးသည်ဟု မာက ထိုအရာရှိကိုပြောသည်။
ထိုအသွင်ယူအရာရှိနှင့်တွေ့ဆုံပြီး ငွေများလက်ခံသည့်အပြင် ယခုလမတိုင်မီအထိ လျှို့ဝှက်ချက်များပေးနေကြောင်းလည်း သိရသည်။
မာကို ဩဂုတ် ၁၄ ရက်တွင် ဖမ်းမိခဲ့ကြောင်း တရားရေးဝန်ကြီးဌာနကပြောသော်လည်း အချက်အလက်များကို တနင်္လာနေ့တွင်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အသက် ၆၇ နှစ်ရှိ မာသည် ဟောင်ကောင်တွင်မွေးဖွားသည့်အမေရိကန်နိုင်ငံသားဖြစ်ပြီး စီအိုင်အေအတွက် အဆင့်မြင့်လုံ ခြုံရေးရှင်းလင်းမှုဖြင့် ၁၉၈၂ ခုနှစ်မှာ ၁၉၈၃ ခုနှစ်အထိ အလုပ်လုပ်ခဲ့သည်။
Ref : Ex-CIA officers sold secrets to China: Indictment
#PeopleMedia