စီးပွားရေးအကျပ်အတည်းကို အရေးပေါ်ဖြေရှင်းဆောင်ရွက်ဖို့လိုကြောင်း ထိုင်းပြည်သူအများစု ယုံကြည်
PUBLISHED - January 29, 2024
နိုင်ငံတကာ၊ ဇန်နဝါရီ ၂၉
ထိုင်းစီးပွားရေးဟာ အကျပ်အတည်းကာလကိုဆိုက်ရောက်နေပြီး အရေးပေါ်စီမံဆောင်ရွက်ဖို့ လိုအပ်နေတယ် လို့ ထိုင်းပြည်သူအများစုက ယုံကြည်နေကြောင်း Nida Poll အဖွဲ့က ပြုလုပ်ခဲ့တဲ့စစ်တမ်းတစ်ခုမှာဖော်ပြထားပါ တယ်။
ထိုင်းအမျိုးသားဖွံ့ဖြိုးတိုးတက်မှုစီမံခန့်ခွဲရေး အမျိုးသားအင်စတီကျု (National Institute of Development Administration – NIDA) လက်အောက်က အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Nida Poll အဖွဲ့ကပြုလုပ်ခဲ့တဲ့ဆန်းစစ် လေ့လာမှုဟာ ထိုင်းစီးပွားရေးနဲ့ အစိုးရရဲ့ ဒစ်ဂျစ်တယ်ဝေါလက် (အွန်လိုင်းကန့်သတ်ငွေကြေးစနစ်) နဲ့ပတ် သက်တဲ့ ပြည်သူ့သဘောထားကို အဓိကဆန်းစစ်လေ့လာခဲ့တာဖြစ်ပါတယ်။
ဆန်းစစ်လေ့လာမှုမှာပါဝင်ခဲ့တဲ့ ပြည်သူ ၆၃.၅၁% က စီးပွားရေးအကျပ်အတည်းက ချက်ချင်း ဖြေရှင်းဆောင် ရွက်ဖို့လိုကြောင်း၊ ၂၀.၁၅% က ဖြေရှင်းဖို့လိုပေမဲ့ အလောတကြီးဖြေရှင်းဖို့မလိုကြောင်း၊ ၁၀.၀၈% က စီးပွား ရေးအကျပ်အတည်းဖြစ်နေတယ်လို့ထင်ပေမဲ့ ချက်ချင်းဖြေရှင်းဖို့မလိုသေးဘူးလို့ထင်ကြောင်း၊ ၅.၆၅% က စီး ပွားရေးအကျပ်အတည်းဖြစ်နေတယ်လို့ မမြင်ကြောင်းဖြေဆိုခဲ့သလို ဝ.၆၁% က မသိ/မဖြေ/ စိတ်မဝင်စား ကြောင်းတွေ့ရှိ ရတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
စီးပွားရေးအကျပ်အတည်းတုံ့ပြန်မှုနဲ့ပတ်သက်ပြီး မေးမြန်းရာမှာ ၃၆.၇၂% က အစိုးရအကူအညီအရေးပေါ်လို အပ်မယ်လို့ထင်ကြောင်း၊ ၃၁.၉၁% က အကျပ်အတည်းကို ပြည်သူတွေကိုယ်တိုင်ဖြေရှင်းနိုင်မယ်လို့ ယုံကြည် ကြောင်း၊ ၂၀.၄၅% က အစိုးရအကူအညီလိုအပ်ပေမဲ့ အလောတကြီးမလိုသေးကြောင်း၊ ၁၀.၉၂% က ဘယ်လို စီးပွားရေးအကျပ်အတည်းမှ မကြုံတွေ့ရကြောင်း ဖြေဆိုခဲ့ပါတယ်။
ဒစ်ဂျစ်တယ်ဝေါလက်အစီအစဉ်ကတစ်ဆင့် အသက် ၁၆ နှစ်အထက် နိုင်ငံသားတွေကို ဘတ်ငွေ ၁၀၀၀၀ ထုတ်ပေးမယ့်အစီအစဉ်ဆောင်ရွက်မှုနဲ့ပတ်သက်ပြီး မေးမြန်းရာမှာ ၃၄.၆၆% က အစီအစဉ်ကို ဆက်လက် မဆောင်ရွက်သင့်ကြောင်း၊ ၃၃.၆၆% က ရည်မှန်းထားတဲ့တိုင်း ဆက်လက်ဆောင်ရွက်သင့်ကြောင်း၊ ၁၈.၅၅% က အစီအစဉ်ကိုထောက်ခံပေမဲ့ ရည်မှန်းထားတဲ့စီးပွားရေးအုပ်စုတွေနဲ့သာပြုလုပ်သင့်ကြောင်း၊ ၅.၈၈% က အဲဒီမူဝါဒကို ၂၀၂၅ ခုနှစ်မတိုင်ခင်အထိ ဆိုင်းငံ့ထားသင့်ကြောင်း၊ ၄.၅၈% က ၂၀၂၅ ခုနှစ်မတိုင်ခင်အထိ ဆိုင်း ငံံ့ထားတာကို ထောက်ခံပြီး ရည်မှန်းထားတဲ့စီးပွားရေးအုပ်စုတွေနဲ့သာပြုလုပ်သင့်ကြောင်းဖြေဆိုခဲ့သလို ၂.၆၇% က မသိ/မဖြေ/ စိတ်မဝင်စားကြောင်း တွေ့ရှိတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
ဘတ်ငွေ ၁၀၀၀၀ ထုတ်ပေးမယ့် ဒစ်ဂျစ်တယ်ဝေါလက်အစီအစဉ်ကို ဝန်ကြီးချုပ်ဆရက်ထာထာဗီဆင်က ပယ် ဖျက်လိုက်မယ်ဆိုရင် ဘယ်လိုတုံ့ပြန်မလဲဆိုတဲ့ မေးခွန်းကို ၆၈.၈၅% က လုံးဝစိတ်ဆိုးမှာမဟုတ်ကြောင်း၊ ၁၂.၃၇% က အနည်းငယ်ကသိကအောက်ဖြစ်ကြောင်း၊ ၉.၃၉% က အလွန်ဒေါသထွက်မှာဖြစ်ကြောင်း၊ ၈.၈၅% က အလွန်အမင်း ဒေါသထွက်မှာ မဟုတ်ကြောင်းဖြေဆိုခဲ့သလို ဝ.၅၄% က မသိ/မဖြေ/စိတ်မဝင်စား ကြောင်း တွေ့ရှိရတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
Ref: Most Thais believe country in economic crisis that needs urgent attention: poll
#PeopleMedia