စတော့ဟုမ်းကမ္ဘာ့ငြိမ်းချမ်းရေးဆုရှင် IBEC ဆရာတော်သည် မြန်မာပြည်ငြိမ်းချမ်းရေးအတွက် ငြိမ်းချမ်းရေး သတင်းစကားများပြောကြားရန် ဥရောပတိုက်နိုင်ငံများသို့ စတင်ထွက်ခွာ
PUBLISHED - January 31, 2022
ရန်ကုန်၊ ဇန်နဝါရီ ၃၁ (People Media)
စတော့ဟုမ်းကမ္ဘာ့ငြိမ်းချမ်းရေးဆုရှင် ကမ္ဘာ့ငြိမ်းချမ်းရေးသံတမန်ရဟန်းတော် IBEC ဆရာတော် ဒေါက်တာ အရှင်သောဘိတသည် မြန်မာပြည်ငြိမ်းချမ်းရေးအတွက် ငြိမ်းချမ်းရေးသတင်းစကားများ ပြောကြားရန် ရန်ကုန် မြို့မှ ဥရောပတိုက်နိုင်ငံများသို့ ထွက်ခွာသွားပြီဖြစ်ကြောင်း International Buddhist Education Center မှ ထုတ်ပြန်ထားသည်။
စတော့ဟုမ်းကမ္ဘာ့ငြိမ်းချမ်းရေးဆုရှင် -ကမ္ဘာ့ငြိမ်းချမ်းရေးသံတမန်ရဟန်းတော် IBEC ဆရာတော် ဒေါက်တာ အရှင်သောဘိတသည် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၃၀) ရက်ဒေသစံတော်ချိန်နံနက် ၁၀ နာရီ ၁၅ မိနစ်အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဥရောပတိုက်နိုင်ငံများသို့ ကြွချီသွားပြီဖြစ်သည်။
မြန်မာပြည်ငြိမ်းချမ်းရေးအတွက် အာဆီယံဒေသတွင်းနှင့် ဥရောပသမဂ္ဂအတွင်း အပြုသဘောဆောင်မူများကို ဆောင်ရွက်ကြရန် ငြိမ်းချမ်းရေးသတင်းစကားများ ပြောကြားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
Photo – IBEC
#PeopleMedia #IBEC
(unicode)
……………………………………………………..
Photo – IBEC
#PeopleMedia #IBEC