• Follow Us on
Latest News

Home စေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးစော်ကားနေသည့် အကြမ်းဖက်သောင်းကျန်းသူများအား ကန့်ကွက်ရှုတ်ချပွဲ မိုင်းရှူးမြို့တွင် ပြုလုပ်

စေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးစော်ကားနေသည့် အကြမ်းဖက်သောင်းကျန်းသူများအား ကန့်ကွက်ရှုတ်ချပွဲ မိုင်းရှူးမြို့တွင် ပြုလုပ်

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၁၈

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ စေတီ ပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးစော်ကားနေသည့် အကြမ်းဖက်သောင်းကျန်းသူများ၊ သာသနာ ဖျက်မိစ္ဆာများအား ရှုတ်ချကန့်ကွက်သည့် ဆန္ဒထုတ်ဖော်ပွဲကို ယနေ့နံနက် ၉ နာရီက မြို့လယ်အားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

 

အဆိုပါပွဲအား မြို့နယ်အတွင်းရှိ ဆရာတော်၊ သံဃာတော်၊ ပြည်သူလူထု စုပေါင်းအင်အား (၁၃၅၀) ဦးတို့ဖြင့် မြို့လယ်ဟံသာမုနိဘုရားကြီးကျောင်း တိုက်ရှေ့စုရပ်မှလည်းကောင်း၊ စာတိုက်ရုံးရှေ့စုရပ်မှသော်လည်းကောင်း စတင်ကာ မြို့တွင်းလမ်းအတိုင်း ကြွေးကြော်သံများဖြင့် ငြိမ်းချမ်းစွာ လှည့်လည်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

 

ထိုနောက် မြို့လယ်အားကစားကွင်းတွင် ဦးဆောင်သူဆရာတော်နှင့် ပြည်သူတစ်ဦးက အဆိုပါရှုတ်ချကန့်ကွက် ဆန္ဒဖော်ထုတ်ပွဲ ပြုလုပ်ရခြင်းများနှင့်ပတ်သက်၍ ဟောပြောခဲ့သည်။

 

ယင်းနောက်တက်ရောက်လာကြသူအားလုံးက ဗုဒ္ဓသာသနာအား အကြမ်းဖက်ဖျက်ဆီးနေသည့် လူသတ်မိစ္ဆာ သူပုန်များအား ရှင်းလင်းရေး၊ ဘုရားစေတီဆင်းတုတော်များအား ဖျက်ဆီးသူ ဒို့ရန်သူစသည့်ကြွေးကြော်သံ များနှင့်အတူ နိုင်ငံတော်အလံ၊ သာသနာအလံများ ကိုင်ဆောင်လျက် ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း သိရသည်။

 

#PeopleMedia


Share this post