• Follow Us on

Home စေတုတ္တရာ-ပဒါန်းလမ်းပေါ်က သက်လယ်ကျေးရွာ အုပ်ချုပ်ရေးမှူးကို စစ်သွေးကြွတွေက သတ်ဖြတ်ပြီး သမီး နှစ်ယောက်ကိုပါ ဖမ်းဆီးသွား

စေတုတ္တရာ-ပဒါန်းလမ်းပေါ်က သက်လယ်ကျေးရွာ အုပ်ချုပ်ရေးမှူးကို စစ်သွေးကြွတွေက သတ်ဖြတ်ပြီး သမီး နှစ်ယောက်ကိုပါ ဖမ်းဆီးသွား

Share this post

နေပြည်တော်၊ ဩဂုတ် ၂၆

 

မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်၊ စေတုတ္တရာ- ပဒါန်းလမ်းပေါ်ရှိ သက်လယ်ကျေးရွာတွင် ကျေးရွာ အုပ်ချုပ်ရေးမှူးကို စစ်သွေးကြွ PDF အဖွဲ့ဝင်များမှ သတ်ဖြတ်ပြီး အုပ်ချုပ်ရေးမှူး၏ သမီး နှစ်ဦးကို ဖမ်းဆီးသွားကြောင်း သိရသည်။

 

ဩဂုတ်လ (၂၅)ရက် ည (၈)နာရီခွဲခန့်က သက်လယ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသိန်းရွှေသည် နေအိမ်တွင် ရှိနေစဉ် စစ်သွေးကြွ PDF အဖွဲ့ဝင်များရောက်ရှိလာကာ အုပ်ချုပ်ရေးမှူးကို သေနတ်ဖြင့် ငါးချက်ခန့် ပစ်ခတ်ကာ သတ်ဖြတ်သွားကြောင်း သိရသည်။

 

ယင်းနောက်တွင် စစ်သွေးကြွ PDF အဖွဲ့ဝင်များသည် အုပ်ချုပ်ရေးမှူး ဦးသိန်းရွှေ၏ သမီး နှစ်ယောက်အား ဖမ်းဆီးသွားကာ သက်လယ်ကျေးရွာ၏ အနောက်ဘက် တောထဲသို့ ထွက်ခွါသွားကြောင်း သိရသည်။

 

#PeopleMedia


Share this post