စြပ္စြဲျပစ္တင္ၿပီး သမၼတအျဖစ္က ႏုတ္ထြက္ခိုင္းဖို႔ တရားခြင္ကေန ထရမ့္ကို တရားေသလႊတ္ေပး

PUBLISHED - February 6, 2020
ဝါ႐ွင္တန္ဒီစီ၊ ေဖေဖာ္ဝါရီ – ၆
စြပ္စြဲျပစ္တင္ၿပီး သမၼတအျဖစ္ကေန ႏုတ္ထြက္ခိုင္းမယ့္ တရားခြင္ကေန အေမရိကန္သမၼတေဒၚနယ္ထရမ့္ကို သူ႔ရဲ႕ရီပတ္လဘလစ္ကန္ပါတီ၀င္အမ်ားစု႐ွိတဲ့ ဆီးနိတ္လႊတ္ေတာ္က တရားေသလႊတ္ေပးလိုက္ပါတယ္။
လာမယ့္ႏို၀င္ဘာ ၃ ရက္ အေမရိကန္ေ႐ြးေကာက္ပြဲမွာ ဒီမိုကရက္သမၼတေလာင္းအျဖစ္ ၀င္ေ႐ြးေကာက္ခံဖို႔ ယွဥ္ၿပိဳင္ေနတဲ့ ဂ်ိဳးဘိုင္ဒန္ကို စံုစမ္းစစ္ေဆးဖို႔ အာဏာသံုးၿပီး ယူကရိန္းႏိုင္ငံကို တိုက္တြန္းခဲ့တယ္ဆိုတဲ့ စြဲခ်က္ အတြက္ ကန္႔ကြက္မဲ ၅၂ မဲ၊ ေထာက္ခံမဲ ၄၈ မဲနဲ႔ ထရမ့္ကို ဆီးနိတ္လႊတ္ေတာ္က ေထာက္ခံခဲ့ပါတယ္။
ေအာက္လႊတ္ေတာ္က တင္သြင္းတဲ့သက္ေသေတြနဲ႔ အေထာက္အထားေတြကို ပိတ္ဆို႔ျခင္းအားျဖင့္ ကြန္ဂရက္ လႊတ္ေတာ္ကို တားဆီးခဲ့တယ္ဆိုတဲ့စြဲခ်က္အတြက္ ကန္႔ကြက္မဲ ၅၃ မဲ၊ ေထာက္ခံမဲ ၄၇ မဲရခဲ့ပါတယ္။ ထရမ့္ ဟာ အေမရိကန္သမိုင္းမွာ တတိယေျမာက္စြပ္စြဲျပစ္တင္ခံရဖို႔ အဆိုတင္သြင္းခံရတဲ့သမၼတျဖစ္လာၿပီး စြပ္စြဲျပစ္ တင္ဖို႔အဆိုတင္ၿပီးေနာက္ ေ႐ြးေကာက္ပြဲဲျပန္၀င္ႏိုင္တဲ့ပထမဆံုးသမၼတျဖစ္လာပါတယ္။
အေမရိကန္ဖြဲ႔စည္းပံုအေျခခံဥပေဒအရ သမၼတတစ္ေယာက္ဟာ သက္တမ္းႏွစ္ဆက္သာ သမၼတအျဖစ္ တာ၀န္ ယူႏိုင္ပါတယ္။
Source – Reuters
Photo – CNN, Business Insider
#PeopleMedia #USA #Trump #ImpeachmentTrial
(Unicode)
စွပ်စွဲပြစ်တင်ပြီး သမ္မတအဖြစ်က နုတ်ထွက်ခိုင်းဖို့ တရားခွင်ကနေ ထရမ့်ကို တရားသေလွှတ်ပေး
…………………………………………………………
ဝါရှင်တန်ဒီစီ၊ ဖေဖော်ဝါရီ – ၆
စွပ်စွဲပြစ်တင်ပြီး သမ္မတအဖြစ်ကနေ နုတ်ထွက်ခိုင်းမယ့် တရားခွင်ကနေ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကို သူ့ရဲ့ရီပတ်လဘလစ်ကန်ပါတီဝင်အများစုရှိတဲ့ ဆီးနိတ်လွှတ်တော်က တရားသေလွှတ်ပေးလိုက်ပါတယ်။
လာမယ့်နိုဝင်ဘာ ၃ ရက် အမေရိကန်ရွေးကောက်ပွဲမှာ ဒီမိုကရက်သမ္မတလောင်းအဖြစ် ဝင်ရွေးကောက်ခံဖို့ ယှဉ်ပြိုင်နေတဲ့ ဂျိုးဘိုင်ဒန်ကို စုံစမ်းစစ်ဆေးဖို့ အာဏာသုံးပြီး ယူကရိန်းနိုင်ငံကို တိုက်တွန်းခဲ့တယ်ဆိုတဲ့ စွဲချက် အတွက် ကန့်ကွက်မဲ ၅၂ မဲ၊ ထောက်ခံမဲ ၄၈ မဲနဲ့ ထရမ့်ကို ဆီးနိတ်လွှတ်တော်က ထောက်ခံခဲ့ပါတယ်။
အောက်လွှတ်တော်က တင်သွင်းတဲ့သက်သေတွေနဲ့ အထောက်အထားတွေကို ပိတ်ဆို့ခြင်းအားဖြင့် ကွန်ဂရက် လွှတ်တော်ကို တားဆီးခဲ့တယ်ဆိုတဲ့စွဲချက်အတွက် ကန့်ကွက်မဲ ၅၃ မဲ၊ ထောက်ခံမဲ ၄၇ မဲရခဲ့ပါတယ်။ ထရမ့် ဟာ အမေရိကန်သမိုင်းမှာ တတိယမြောက်စွပ်စွဲပြစ်တင်ခံရဖို့ အဆိုတင်သွင်းခံရတဲ့သမ္မတဖြစ်လာပြီး စွပ်စွဲပြစ် တင်ဖို့အဆိုတင်ပြီးနောက် ရွေးကောက်ပွဲပြန်ဝင်နိုင်တဲ့ပထမဆုံးသမ္မတဖြစ်လာပါတယ်။
အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတတစ်ယောက်ဟာ သက်တမ်းနှစ်ဆက်သာ သမ္မတအဖြစ် တာဝန် ယူနိုင်ပါတယ်။
Source – Reuters
Photo – CNN, Business Insider
#PeopleMedia #USA #Trump #ImpeachmentTrial