• Follow Us on

Home စွမ်းရည်ရှိသည့်တပ်မတော်တစ်ရပ်ဖြစ်စေရေးကြိုတင်မျှော်မှန်းပြီး ပြင်ဆင်ဆောင်ရွက်ခဲ့ကြောင်း တပ်ချုပ် ပြောဆို

စွမ်းရည်ရှိသည့်တပ်မတော်တစ်ရပ်ဖြစ်စေရေးကြိုတင်မျှော်မှန်းပြီး ပြင်ဆင်ဆောင်ရွက်ခဲ့ကြောင်း တပ်ချုပ် ပြောဆို

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၁၂

 

စွမ်းရည်ရှိသည့်တပ်မတော်တစ်ရပ်ဖြစ်စေရေး ကြိုတင်မျှော်မှန်းပြီးပြင်ဆင်ဆောင်ရွက်ခဲ့ကြောင်း၊ ယမန်နေ့ မွန်းလွဲပိုင်းတွင် ပြင်ဦးလွင်မြို့၊ စစ်တက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ပြင်ဦးလွင်တပ်နယ်ရှိ နည်းပြအရာရှိ ကြီးများနှင့် ဆရာ၊ ဆရာမများအား တွေ့ဆုံစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုသည်။

 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စစ်တက္ကသိုလ်သည် လက်ရုံးရည်နှလုံးရည်နှင့် ပြည့်စုံသည့် အရာရှိ ကောင်းများ မွေးထုတ်ပေးရန်အတွက် ဖြစ်ကြောင်း၊ အစကောင်းမှ အနှောင်း သေချာဆိုသည့်အတိုင်း လေ့ ကျင့်ရေး၌ အခြေခံအစကတည်းကကောင်းရန်လိုကြောင်း၊ အဓိကအားဖြင့် စစ်ဘက်ဆိုင်ရာ ခေါင်းဆောင် များကို မွေးထုတ်ပေးခြင်းပင်ဖြစ် သော် လည်း စစ်ဘက်ဆိုင်ရာတစ်ခုတည်းကိုသာ ကျွမ်းကျင်နေ၍မရကြောင်း၊ လိုအပ်သော အသိဉာဏ်၊ ဗဟုသုတနှင့် နှလုံးရည်ပြည့်ဝရန်အတွက် သက်ဆိုင်ရာစာပေပညာ ရပ်များကိုလည်း သင်ကြားလေ့ကျင့်ပေးလျက်ရှိကြောင်း ပြောဆိုသည်။

 

ခေတ်သစ်စစ်ပွဲများတွင် တိုက်စွမ်းရည်၊ တိုက်စွမ်းအားများ တိုးတက်စေရေးအတွက် စစ်ဘက်နည်းပညာရပ်ဆိုင် ရာများတိုးတက်ရေး၊ အသုံးအဆောင်ပစ္စည်းများကို ခေတ်နှင့် လျော်ညီမှုရှိစေရေး ဆောင်ရွက်ခဲ့ကြောင်း၊ စွမ်း ရည်ရှိသည့်တပ်မတော်တစ်ရပ်ဖြစ်စေရေး ကြိုတင်မျှော်မှန်းပြီးပြင်ဆင်ဆောင်ရွက်ခဲ့ကြောင်း၊ အဆင့်မြင့်ပညာ ရပ်များ သင်ကြားနိုင်ရေး ပြည်ပနိုင်ငံများသို့ တပ်မတော်သားအရာရှိများကို စေလွှတ်သင်ကြားစေခဲ့ပြီး လက်ရှိ အချိန်တွင်လည်း တက်ရောက်လျက်ရှိကြောင်း၊ ခေတ်မီတပ်မတော်တစ်ရပ်တည်ဆောက်ရေးအတွက်လို အပ်သည့် လူသားအရင်းအမြစ်များ ရရှိစေရေး ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်က ပြောဆိုသည်။

 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သင်တန်းများသင်ကြားပို့ချရာတွင် အရေအတွက်ထက် အရည်အချင်း ပြည့်မီအောင် မွေးထုတ်ပေးရန်လိုကြောင်း၊ စစ်ဘက်ခေါင်းဆောင်များကိုမွေးထုတ်ပေးခြင်းဖြစ်သဖြင့် လေ့ ကျင့်ရေးနှင့်ပတ်သက်၍ စတင်ချိန်ကတည်းက စနစ်တကျဖြင့်လေ့ကျင့်ပေးရန် ၄ နှစ်တာကာလသည် စစ်ပညာနှင့် တက္ကသိုလ်ပညာရပ်များသင်ကြားပေးရန်အတွက် လုံလောက်သည့် အချိန်ကာလတစ်ခုဖြစ် ကြောင်း၊ ဗိုလ်လောင်းများအနေဖြင့် သင်တန်း ပြီးမြောက်ချိန်တွင် လူငယ်ခေါင်းဆောင်စိတ်ဖြင့် နေထိုင် ဆောင်ရွက်ကြရန်လိုကြောင်း၊ ရေသာခိုသည့်စိတ်၊ အလွယ်တကူလုပ်ဆောင်လိုသည့်စိတ်များ မရှိအောင် လေ့ကျင့်ဆောင်ရွက်ပေးရန် လိုကြောင်း၊ အားလုံးမှဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားမည်ဆိုပါက အရည် အချင်းရှိသည့် စစ်ဘက်ခေါင်းဆောင်များ မွေးထုတ်ပေးနိုင်မည်ဖြစ်ကြောင်းဖြင့် ပြောဆိုခဲ့သည်။

 

#PeopleMedia


Share this post