စွမ်းအင်ထောက်ပံ့ကြေးနဲ့ပတ်သက်ပြီး ပရာဘိုဝို ဘာမှမဆုံးဖြတ်ရသေး
PUBLISHED - February 17, 2024
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၇
အင်ဒိုနီးရှားနိုင်ငံရဲ့ ဦးစားပေးလုပ်ငန်းတွေကို ဘတ်ဂျက်သုံးစွဲနိုင်ရေးအတွက် ဘတ်ဂျက်လုံလောက်အောင် တိုး မြှင့်သွားဖို့ အင်ဒိုနီးရှားသမ္မတသစ်ဖြစ်လာနိုင်ဖွယ်ရှိတဲ့ ပရာဘိုဝိုဆူဘီယန်တိုကို အကြံပေးထားပေမဲ့ စွမ်းအင် ထောက်ပံ့ကြေးငွေနဲ့ပတ်သက်ပြီး ပြန်လည်ညှိနှိုင်းဖို့ ဘာမှ ဆုံးဖြတ်ချက်မချရသေးကြောင်း ထိပ်တန်းအစိုးရအ ဖွဲ့ဝင်တစ်ဦးက သောကြာနေ့ (ဖေဖော်ဝါရီ ၁၆ ရက်နေ့) က ပြောကြားလိုက်ပါတယ်။
ဆင်းရဲသားတွေအကျိုးအမြတ်ရရှိလာအောင်ဆောင်ရွက်ဖို့ ပြီးခဲ့တဲ့နှစ်က ရူးပီယာငွေ ၅၀၀ ထရီလီယန် (ဒေါ်လာ ၃၂ ဘီလျံ) အထိ ရောက်ရှိသွားတဲ့ ကုန်ကျစရိတ်များပြားလှတဲ့ လောင်စာဆီထောက်ပံ့ကြေးငွေကို ပြန်လည်ဆန်းစစ်လေ့လာဖို့ အကြံပေးချက်ကို ပရာဘိုဝို လက်ခံရရှိခဲ့ပေမဲ့ ၎င်းအနေနဲ့ ဘယ်လိုဆောင်ရွက်မယ် ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ ရွေးကောက်ပွဲအဖွဲ့ဒုတိယဥက္ကဋ္ဌ အက်ဒီဆိုပါနိုက ရိုက်တာသတင်း ဌာနကို ပြောပါတယ်။
“အဲဒီအကြံအစည်ကို ပရာဘိုဝိုသဘောတူသလားဆိုတာ ကျွန်တော်မပြောတတ်ဘူးဗျ။ ဒါပေမဲ့ ကျွမ်းကျင်သူ တွေနဲ့ဖွဲ့စည်းထားတဲ့အဖွဲ့က သူ့ကိုအကြံပေးခဲ့တာကတော့ နိုင်ငံတော်ဘတ်ဂျက်ကို ပိုမိုအကျိုးရှိရှိသုံးစွဲဖို့ အကြံ ပေးခဲ့တာပါပဲ။” လို့ အက်ဒီက ပြောပါတယ်။
လာမယ့် အောက်တိုဘာလမှာ သမ္မတတာဝန်စတင်ထမ်းဆောင်တဲ့အချိန်မှာ ပရာဘိုဝို ပထမဦးဆုံးလုပ်မယ့်အ လုပ်က ထောက်ပံ့ကြေးတွေကို ပစ်မှတ်ထားမှာဖြစ်ကြောင်း မီဒီယာတွေက သတင်းတွေထွက်ပေါ်လာချိန်မှာ အက်ဒီက အခုလို ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။
ဗုဒ္ဓဟူးနေ့က သမ္မတရွေးကောက်ပွဲမှာ အထူးတပ်ဖွဲ့အကြီးအကဲဟောင်းဖြစ်တဲ့ ပရာဘိုဝို ထောက်ခံမဲ ၅၈% ရရှိ ကြောင်း ပြင်ပရွေးကောက်ပွဲစော့်ကြည့်ရေးအဖွဲ့တွေက ကြေညာလိုက်ပြီးနောက် ပရာဘိုဝိုက ရွေးကောက်ပွဲမှာ အနိုင်ရရှိကြောင်း ကြေညာခဲ့ပါတယ်။
ရွေးကောက်ပွဲရလဒ် တရားဝင်ကြေညာပြီးတာနဲ့ အစိုးရသစ်အဖွဲ့ဟာ အောက်တိုဘာလအတွင်းမှာ စတင်တာ ဝန်ထမ်းဆောင်ရမှာဖြစ်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ လက်ရှိအချိန်မှာ လောင်စာဆီနဲ့ လျှပ်စစ်ဓာတ်အားအတွက် အခွန်အခတွေကို ထောက်ပံ့ ကြေးထုတ်ပေးနေပြီး အဲဒီမူဝါဒဟာ ငွေကြေးဖောင်းပွမှုကို လျော့ကျစေပေမဲ့ ကမ္ဘာ့ရေနံဈေးနှုန်းမှာ နိုင်ငံတော် ဘဏ္ဍာငွေကို ထိခိုက်စေတယ်လို့ ဆိုပါတယ်။
ပရာဘိုဝိုရဲ့ ရွေးကောက်ပွဲမဲဆွယ်ပွဲကတိကဝတ်တွေနဲ့ ဘတ်ဂျက်တွေ ပိုမိုသုံးစွဲသွားမယ်ဆိုတဲ့ ပြောကြားချက် တွေကြောင့် စီးပွားရေးအဖွဲ့အစည်းတွေနဲ့ စီးပွားရေးပညာရှင်တွေကြားမှာ စိုးရိမ်ပူပန်နေကြပါတယ်။
Ref: UPDATE 1-Indonesia’s Prabowo has made no decision on energy subsidies, says aide
#PeopleMedia