• Follow Us on

Home စွယ်တော်မြတ်စေတီတော်(ရန်ကုန်)သို့ နစကဥက္ကဋ္ဌ သွားရောက်ဖူးမြော်

စွယ်တော်မြတ်စေတီတော်(ရန်ကုန်)သို့ နစကဥက္ကဋ္ဌ သွားရောက်ဖူးမြော်

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂

 

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ဓမ္မပါလ ကုန်းတော်ပေါ်၌ တည်ထားကိုးကွယ်သည့် စွယ်တော်မြတ် စေတီတော်(ရန်ကုန်)သို့ ယမန်နေ့က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှသွားရောက် ဖူးမြော်ခဲ့ကြသည်။

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးသည် စွယ်တော်မြတ်စေတီတော် အား ဖူးမြော်ကြည်ညိုကာ ပန်း၊ ရေချမ်း၊ ဆီမီးနှင့် သစ်သီး ဆွမ်း ကပ်လှူပူဇော်ကြသည်။

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ဇနီးတို့က စေတီတော်ကြီးဘက်စုံပြုပြင်မွမ်းမံရန် အတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများမှ လှူဒါန်းသည်အလှူငွေများနှင့် စုပေါင်းအလှူတော်ငွေ များကို ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့ဝင်များက လက်ခံရယူကြပြီး ဓမ္မလက်ဆောင်များ ပြန်လည် ပေးအပ်သည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စေတီ တော်ကြီးတွင် ကိန်းဝပ်စံပယ်တော်မူလျက်ရှိသည့် မြတ်ဗုဒ္ဓ၏ စွယ်တော်ပွားကို ဖူးမြော်ကြည်ညိုကြသည်။ ၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က စေတီတော်ကြီး ဧည့်သည် တော်မှတ်တမ်း စာအုပ်တွင် လက်မှတ်ရေးထိုး ပူဇော်သည်။

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် စေတီတော်မြတ်အား လက်ယာရစ်လှည့်လည်ပူဇော်၍ စေတီတော်ကြီး ရေရှည် တည်တံ့ခိုင်မြဲရေး ထိန်းသိမ်းဆောင်ရွက်ထားရှိမှု အခြေအနေများအား ကြည့်ရှုကာ စေတီတော်မြတ်ကြီး အမြဲသန့်ရှင်းသာယာပြီး ကြည်ညိုဖွယ်ဖြစ်နေစေရေး အတွက် ဆောင်ရွက်ရန်၊ စေတီတော်ကြီးရင်ပြင်တော်သန့်ရှင်းရေးအပါအဝင် ဘက်စုံပြုပြင် မွမ်းမံရန် လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

 

#PeopleMedia


Share this post