ဆက္ဆံေရးပံုမွန္ျဖစ္ရန္ အစၥေရးႏွင့္ယူေအအီးတို႔ သမိုင္း၀င္ သေဘာတူညီခ်က္ရ႐ွိ

PUBLISHED - August 14, 2020

အစၥေရးႏွင့္အာရပ္ေစာ္ဘြားမ်ားျပည္ေထာင္စု(ယူေအအီး)ႏိုင္ငံတို႔ၾကား ဆက္ဆံေရးပံုမွန္ျဖစ္ေစရန္ သေဘာတူညီခ်က္ရခဲ့ၿပီး ထိန္းသိမ္းခံအေနာက္ဘက္ကမ္းေျမာက္၏အစိတ္အပိုင္းတခ်ိဳ႕ ကိုသိမ္းယူရန္အစီအစဥ္ကို အစၥေရးက ေ႐ႊ႕ဆိုင္းရန္ သေဘာတူခဲ့သည္။
ေဆြးေႏြးမႈကို ၾကားခံၫွိႏႈိင္းေပးခဲ့သည့္အေမရိကန္သမၼတ ေဒၚနယ္ ထရမ့္၏အံ့အားသင့္ဖြယ္ထုတ္ျပန္ခ်က္အရ အစၥေရးႏွင့္ယူေအအီးတို႔က သေဘာတူညီခ်က္ကို သမိုင္း၀င္ျဖစ္ရပ္ဟုသံုးႏႈန္းခဲ့ၿပီး ၿငိမ္းခ်မ္းေရးထံ ဦးတည္ေနသည့္လုပ္ရပ္ဟုလည္း ေျပာသည္။
ယခုအခ်ိန္မတိုင္မီအထိ အစၥေရးသည္ ပင္လယ္ေကြ႕အာရပ္ႏိုင္ငံမ်ားႏွင့္ သံတမန္ဆက္ဆံေရးမ႐ွိေသးေခ်။ သို႔ေသာ္ အီရန္အေပၚစိုးရိမ္စိတ္မ်ားေၾကာင့္ ႏွစ္ဖက္ၾကား တရား၀င္မဟုတ္ေသာအဆက္အသြယ္မ်ား ႐ွိေနသည္။
ပါလက္စတိုင္းေခါင္းေဆာင္မ်ားလည္း အံ့အားသင့္ေနၾကၿပီး သေဘာတူညီခ်က္သည္ သစၥာေဖာက္မႈဟု သမၼတမာမြတ္ အာဘတ္စ္၏ေျပာခြင့္ရသူတစ္ေယာက္ကေျပာသည့္အျပင္ ယူေအအီးဆိုင္ရာပါလက္စတိုင္း သံအမတ္ကိုလည္း ျပန္လည္ဆင့္ေခၚခဲ့သည္။
အစၥေရး၀န္ႀကီးခ်ဳပ္ဘန္ဂ်မင္ ေနတန္ညာဟုႏွင့္ အဘူဒါညီအိမ္ေ႐ွ႕စံမင္းသား မိုဟာမက္ ဘင္ ေဇယက္ အယ္ နာယန္တို႔ၾကားသေဘာတူညီခ်က္ကို အမွန္တကယ္သမိုင္း၀င္ျဖစ္ရပ္ဟု အေမရိကန္သမၼတ ေဒၚနယ္ ထရမ့္က ေျပာသည္။
၁၉၄၈ ခုႏွစ္တြင္ လြတ္လပ္ေရးေၾကညာခဲ့ၿပီးေနာက္ ယခုသေဘာတူညီခ်က္သည္ အီဂ်စ္ႏွင့္ေဂ်ာ္ဒန္ၿပီးပါက အစၥေရး-အာရပ္ တတိယေျမာက္ၿငိမ္းခ်မ္းေရးစာခ်ဳပ္ျဖစ္သည္။
Ref: Israel and UAE strike historic deal to normalise relations
#PeopleMedia
(unicode)
ဆက်ဆံရေးပုံမှန်ဖြစ်ရန် အစ္စရေးနှင့်ယူအေအီးတို့ သမိုင်းဝင် သဘောတူညီချက်ရရှိ
…………………………………………………
တယ်အဗီ၊ ဩဂုတ် ၁၄
အစ္စရေးနှင့်အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး)နိုင်ငံတို့ကြား ဆက်ဆံရေးပုံမှန်ဖြစ်စေရန် သဘောတူညီချက်ရခဲ့ပြီး ထိန်းသိမ်းခံအနောက်ဘက်ကမ်းမြောက်၏အစိတ်အပိုင်းတချို့ ကိုသိမ်းယူရန်အစီအစဉ်ကို အစ္စရေးက ရွှေ့ဆိုင်းရန် သဘောတူခဲ့သည်။
ဆွေးနွေးမှုကို ကြားခံညှိနှိုင်းပေးခဲ့သည့်အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်၏အံ့အားသင့်ဖွယ်ထုတ်ပြန်ချက်အရ အစ္စရေးနှင့်ယူအေအီးတို့က သဘောတူညီချက်ကို သမိုင်းဝင်ဖြစ်ရပ်ဟုသုံးနှုန်းခဲ့ပြီး ငြိမ်းချမ်းရေးထံ ဦးတည်နေသည့်လုပ်ရပ်ဟုလည်း ပြောသည်။
ယခုအချိန်မတိုင်မီအထိ အစ္စရေးသည် ပင်လယ်ကွေ့အာရပ်နိုင်ငံများနှင့် သံတမန်ဆက်ဆံရေးမရှိသေးချေ။ သို့သော် အီရန်အပေါ်စိုးရိမ်စိတ်များကြောင့် နှစ်ဖက်ကြား တရားဝင်မဟုတ်သောအဆက်အသွယ်များ ရှိနေသည်။
ပါလက်စတိုင်းခေါင်းဆောင်များလည်း အံ့အားသင့်နေကြပြီး သဘောတူညီချက်သည် သစ္စာဖောက်မှုဟု သမ္မတမာမွတ် အာဘတ်စ်၏ပြောခွင့်ရသူတစ်ယောက်ကပြောသည့်အပြင် ယူအေအီးဆိုင်ရာပါလက်စတိုင်း သံအမတ်ကိုလည်း ပြန်လည်ဆင့်ခေါ်ခဲ့သည်။
အစ္စရေးဝန်ကြီးချုပ်ဘန်ဂျမင် နေတန်ညာဟုနှင့် အဘူဒါညီအိမ်ရှေ့စံမင်းသား မိုဟာမက် ဘင် ဇေယက် အယ် နာယန်တို့ကြားသဘောတူညီချက်ကို အမှန်တကယ်သမိုင်းဝင်ဖြစ်ရပ်ဟု အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က ပြောသည်။
၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေးကြေညာခဲ့ပြီးနောက် ယခုသဘောတူညီချက်သည် အီဂျစ်နှင့်ဂျော်ဒန်ပြီးပါက အစ္စရေး-အာရပ် တတိယမြောက်ငြိမ်းချမ်းရေးစာချုပ်ဖြစ်သည်။
Ref: Israel and UAE strike historic deal to normalise relations
#PeopleMedia