ဆက်ဆံရေးအများစု ပြတ်တောက်သွားတဲ့အတွက် ဘော်လတစ်နိုင်ငံတွေကို ရုရှားအပြစ်တင်

PUBLISHED - May 6, 2024
နိုင်ငံတကာ၊ မေ ၆
ဘော်လတစ်နိုင်ငံတွေရဲ့ ရန်လိုတဲ့ရပ်တည်ချက်ကြောင့် ရုရှားနိုင်ငံနဲ့ ဆက်ဆံရေးအများစု ပြတ်တောက်သွား တဲ့အထိ ဖြစ်လာတဲ့အတွက် ရုရှားအစိုးရအနေနဲ့ အချိုးမညီတဲ့အရေးယူဆောင်ရွက်မှုတွေနဲ့ ပြန်လည်တုံ့ပြန် သွားမှာဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ တနင်္ဂနွေနေ့ (မေလ ၅ ရက်နေ့) က ထုတ်ပြန်ကြေညာ ချက်ထဲမှာ ဖော်ပြထားပါတယ်။
“လစ်သူယေးနီးယား၊ လတ်ဗီးယားနဲ့ အက်စ်တိုးနီးယားနိုင်ငံတွေရဲ့ ရန်လိုတဲ့ရပ်တည်ချက်ကြောင့် အဲဒီနိုင်ငံ တွေနဲ့ ရုရှားနိုင်ငံရဲ့ နိုင်ငံချင်း ဆက်ဆံမှု၊ ဝန်ကြီးဌာနချင်းဆက်ဆံမှု၊ ဒေသတွင်းအချင်းချင်းဆက်ဆံမှုနဲ့ စီးပွား ရေးကဏ္ဍအလိုက်ဆက်ဆံမှု အားလုံး ပြတ်တောက်သွားပြီဖြစ်ပါတယ်။” လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနပြော ခွင့်ရပုဂ္ဂိုလ် မာရီယာဇာခါရိုဗာက ရုရှားအစိုးရသတင်းဌာန RIA ကို ပြောပါတယ်။
ရုရှားအစိုးရအနေနဲ့ ဘော်လတစ်နိုင်ငံတွေနဲ့ပတ်သက်ပြီး သြဇာလွှမ်းမိုးနိုင်ရေးအတွက် သံတမန်ပိုင်းဆိုင်ရာ ဆောင်ရွက်ချက်တွေကို ဆက်လက်အသုံးပြုသွားမှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။
ရုရှားနိုင်ငံဟာ GPS အချက်ပြဆက်သွယ်ရေးတွေနဲ့ ကြားဝင်နှောင့်ယှက်ခြင်းအားဖြင့် နိုင်ငံတကာလေကြောင်း စဉ်းမျဉ်းတွေကို ချိုးဖောက်ခဲ့တယ်လို့ အက်စ်တိုးနီးယားနိုင်ငံက ပြီးခဲ့တဲ့သီတင်းပတ်က စွပ်စွဲခဲ့ပါတယ်။
အလားတူ ရုရှားနိုင်ငံရဲ့ သူလျှိုလုပ်ငန်းတွေကို စိုးရိမ်နေတဲ့နိုင်ငံတွေထဲမှာ ဘော်လတစ်နိုင်ငံတွေလည်းပါဝင် ကြောင်း နေတိုးအဖွဲ့ကလည်း ပြီးခဲ့တဲ့သီတင်းပတ်က ပြောပါတယ်။
ဘယ်နိုင်ငံက ဘယ်အဆင့်ဆောင်ရွက်ခဲ့တယ်ဆိုတာ အသေးစိတ်ပြောကြားခြင်းမရှိဘဲ ဘော်လတစ်သုံးနိုင်ငံနဲ့ ပတ်သက်ပြီး ရုရှားနိုင်ငံက အရွယ်အစားအချိုးမညီတဲ့အရေးယူဆောင်ရွက်မှုတွေနဲ့ တုံ့ပြန်သွားမယ်လို့ ဇာခါရို ဗာက RIA ကို ပြောပါတယ်။
“ဘော်လတစ်သုံးနိုင်ငံရဲ့ ရန်လိုမှုတွေကို အချိုးမညီတဲ့အရေးယူဆောင်ရွက်မှုတွေနဲ့ ကျွန်မတို့ တုံ့ပြန်သွားမှာ ဖြစ်ပါတယ်။ ကနဦးအနေနဲ့ စီးပွားရေးနဲ့ ကုန်စည်အကူးအပြောင်းအတင်အချကဏ္ဍတွေမှာ အရေးယူတုံ့ပြန် သွားမှာပါ။” လို့ ၎င်းက ပြောပါတယ်။
အက်စ်တိုးနီးယားဝန်ကြီးချုပ်ကာယာကားလတ်စ်၊ လစ်သူယေးနီးယားယဉ်ကျေးမှုဝန်ကြီးနဲ့ လတ်ဗီးယားလွှတ် တော်အမတ်ဟောင်းတွေကို ဆိုဗီယက်ခေတ်အထိမ်းအမှတ်တွေ ဖျက်ဆီးမှုနဲ့ ရုရှားရဲတပ်ဖွဲ့က ဖေဖော်ဝါရီလအ တွင်းက ရဲတပ်ဖွဲ့အလိုရှိတဲ့စာရင်းမှာ ထည့်သွင်းဖော်ပြထားပါတယ်။
Ref: Russia blames Baltic countries for severing of most ties
#PeopleMedia