• Follow Us on
Latest News

Home ဆက်သွယ်ရေးတပ်ဖွဲ့သည် တပ်မတော်အတွက်အရေးပါရုံသာမက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လည်း အရေးပါသည့်အခန်းကဏ္ဍတွင်ပါဝင်နေကြောင်း ဒုတပ်ချုပ်ပြောကြား

ဆက်သွယ်ရေးတပ်ဖွဲ့သည် တပ်မတော်အတွက်အရေးပါရုံသာမက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လည်း အရေးပါသည့်အခန်းကဏ္ဍတွင်ပါဝင်နေကြောင်း ဒုတပ်ချုပ်ပြောကြား

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၆

 

ဆက်သွယ်ရေးတပ်ဖွဲ့သည် တပ်မတော်အတွက် အရေးပါရုံသာမက နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လည်း အရေးပါသည့် အခန်းကဏ္ဍတွင် ပါဝင်နေသည်ကို တွေ့ရှိ ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသည်။

 

(၇၅) နှစ်မြောက်စိန်ရတု ဆက်သွယ်ရေးတပ်ဖွဲ့နေ့အခမ်းအနားကို ယမန်နေ့တွင် နေပြည်တော်၊ စစ် ကြောရေးနှင့် တည်ခိုရေးစခန်းရှိ ဆင်ဖြူရှင်ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

 

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဆက်သွယ်ရေးတပ်ဖွဲ့သည် နိုင်ငံတော်အတွက် အရေးပေါ် အခြေအနေ ကြုံတွေ့လာသည့်အချိန်တိုင်း အဓိကပင်မတာဝန်ဖြစ်သည့် ဆက်သွယ်မှုမပြတ်တောက် စေရေး ဆောင်ရွက်ခြင်းသာမက ရုပ်သံလွှင့်ကဏ္ဍများတွင်လည်း ဝင်ရောက်ဆောင်ရွက်ပေးနိုင်သည်ကိုလည်း တွေ့ရှိ ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့သည့် ၂၀၀၈ ခုနှစ်၊ နာဂစ် ဆိုင်ကလုန်း မုန်တိုင်း၊ ၂၀၁၀ ပြည့်နှစ်၊ ဂီရိဆိုင်ကလုန်းမုန်တိုင်းနှင့် ၂၀၂၃ ခုနှစ်၊ မိုခါ ဆိုင်ကလုန်းမုန်တိုင်း ဖြစ်စဉ်များတွင် ကူညီကယ်ဆယ်ရေးအဖွဲ့အသီးသီး၏ ကြီးကြပ် ကွပ်ကဲမှုလုပ်ငန်းများ အဆင်ပြေစေရေး အခက်အခဲများကြားမှ ဆက်သွယ်မှုရရှိအောင် စွမ်းစွမ်းတမံ ဆောင်ရွက်ပေးနိုင်ခဲ့သည်ကိုလည်း တွေ့မြင်ရမည်ဖြစ်ကြောင်း ပြော သည်။

 

ဆက်သွယ်ရေးတပ်ဖွဲ့သည် တပ်မတော်အတွက် အရေးပါရုံသာမက နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လည်း အရေးပါသည့် အခန်းကဏ္ဍတွင် ပါဝင်နေသည်ကို တွေ့ရှိ ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော် ဖွံ့ဖြိုးတိုး တက်ရန်အတွက် ၂၀၀၁ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ပထမဆုံး Fiber Optic Network ကိုတည်ဆောက်နိုင်ခဲ့ပြီး စစ်ဘက်၊ နယ်ဘက် နှစ်ရပ်လုံးတွင် အသုံးပြုနိုင်ခဲ့သည့်အတွက် Information Communication Technology ဟုခေါ်သည့် ICT ကဏ္ဍတွင် တစ်ဟုန်ထိုး တိုးတက်မြင့်မားလာခဲ့သည်ကို တွေ့ကြရမည်ဖြစ်ကြောင်း၊ ထို့အပြင် ဆက်သွယ်ရေးတပ်ဖွဲ့အနေနှင့် မျက်မှောက်ခေတ် စစ်ပွဲများတွင် မရှိမဖြစ် အရေးပါသည့် Electronic Warfare (EW) အောင်မြင်စွာ ဆင်နွှဲနိုင်ရေးအတွက် ကိုလည်း ကြိုးစားလေ့ကျင့် တည်ဆောက်နေသည်ကိုလည်း တွေ့ရှိ ရမည်ဖြစ်ကြောင်း ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြောသည်။

 

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဆက်သွယ်ရေးတပ်ဖွဲ့ဝင် အရာရှိ၊ စစ်သည်များသည် (၇၅) နှစ်တာကာလအတွင်း အထက်ကပေးအပ်လာသည့် ရည်မှန်းချက်တာဝန်များကို ကျေပွန်အောင် မြင်အောင် ထမ်းဆောင်နိုင်ခဲ့ကြသည့်အတွက် စည်သူဘွဲ့ ၁ ဦး၊ ပြည်ထောင်စုဇာနည်ဘွဲ့ ၁ ဦး၊ သီရိပျံချီဘွဲ့ ၁ ဦး၊ ဇေယျကျော်ထင်ဘွဲ့ ၇ ဦး၊ သူရဲကောင်းမှတ်တမ်းဝင် ၂၇ ဦး အပါအဝင် ဂုဏ်ထူးဆောင်တံဆိပ်၊ စီမံထူးချွန်တံ ဆိပ်၊ လူမှုထူးချွန်တံဆိပ်၊ စက်မှု စီးပွားထူးချွန် တံဆိပ်နှင့် နည်းပညာဆိုင်ရာ  ဂုဏ်ပြုဆုရရှိသူ စုစုပေါင်း ၁၆၈ ဦး ရရှိခဲ့သည့် မှတ်တမ်းကောင်းများကိုလည်း ဂုဏ်ယူဖွယ်ရာ ပိုင်ဆိုင်ခဲ့ကြသည်ကို တွေ့ရှိ ရမည်ဖြစ်ကြောင်း ပြောသည်။

 

ဆက်သွယ်ရေးတပ်ဖွဲ့သည် လွတ်လပ်ရေးကြိုးပမ်းမှုကာလကပင် တပ်မတော်နှင့်အတူ ပေါက်ဖွားလာသည့် တပ်ဖွဲ့တစ်ခုဖြစ်ပြီး ခေတ်အဆက်ဆက်တွင်လည်း တိုင်းပြည်နှင့်လူမျိုးအကျိုး၊ တပ်မတော်၏အကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ခဲ့ကြောင်း ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

 

#PeopleMedia


Share this post