ဆခါေရာ့ဗ္ဆုရထားသူမ်ားအသိုက္အ၀န္းမွ ေဒၚေအာင္ဆန္းစုၾကည္ကို ဥေရာပလႊတ္ေတာ္ဖယ္႐ွား

PUBLISHED - September 11, 2020
ဘရပ္ဆဲလ္၊ စက္တင္ဘာ ၁၁
ျမန္မာအရပ္သားေခါင္းေဆာင္ေဒၚေအာင္ဆန္းစုၾကည္ကို လူ႔အခြင့္အေရးႏွင့္လြတ္လပ္စြာေတြးေခၚမႈကာ ကြယ္သူဆု ဆခါေရာ့ဗ္ရ႐ွိထားသူအသိုက္အ၀န္းမွ ဥေရာပလႊတ္ေတာ္ကဖယ္႐ွားလိုက္သည္။
ဘဂၤါလီ(မူရင္းတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပ)အသိုက္အ၀န္းကို ႏိုင္ငံေတာ္အဆင့္ျပစ္မႈမ်ားက်ဴးလြန္ခဲ့သည္ကို လက္ခံခဲ့ျခင္းေၾကာင့္ ႐ုတ္သိမ္းလိုက္ျခင္းျဖစ္သည္။
ႏိုဘယ္ၿငိမ္းခ်မ္းေရးဆုမရမီတစ္ႏွစ္အလို ၁၉၉၀ ျပည့္ႏွစ္တြင္ ဒီမိုကေရစီစည္း႐ံုးလႈံ႕ေဆာ္သူေဒၚေအာင္ဆန္းစု ၾကည္ကို ဥေရာပလႊတ္ေတာ္က ထိပ္တန္းလူ႔အခြင့္အေရးဆုေပးအပ္ခဲ့ျခင္းျဖစ္ေသာ္လည္း ယခုဖယ္႐ွား မႈေၾကာင့္ ဆုရထားသူမ်ားအတြက္အခမ္းအနားမ်ားတြင္ ထပ္မံတက္ေရာက္ႏိုင္ေတာ့မည္မဟုတ္ေခ်။
၁၉၉၀ ျပည့္ႏွစ္မတိုင္မီက ေဒၚေအာင္ဆန္းစုၾကည္၏လုပ္ရပ္မ်ားေၾကာင့္ ဆုေပးအပ္ခဲ့ျခင္းျဖစ္ၿပီး ႐ုတ္သိမ္း ၍မရႏိုင္ေၾကာင္း ဥေရာပလႊတ္ေတာ္ႏွင့္နီးစပ္သူတစ္ေယာက္ကေျပာၿပီး ၾကာသပေတးေန႔က႐ုတ္သိမ္းမႈသည္ ဥေရာပလႊတ္ေတာ္အမတ္မ်ားအျပင္းထန္ဆံုးလုပ္ႏိုင္သည့္ပိတ္ဆို႔အေရးယူမႈျဖစ္ေၾကာင္းသိရသည္။
လူမ်ိဳးတုန္းသတ္ျဖတ္မႈမ်ားျဖင့္စြပ္စြဲခံေနရေသာျမန္မာႏိုင္ငံက စြပ္စြဲခ်က္မ်ားကိုျငင္းဆိုထားၿပီး ဘဂၤါလီစစ္ ေသြးႂကြမ်ားရန္မွကာကြယ္ရန္ နယ္ေျမ႐ွင္းလင္းေရးစစ္ဆင္ေရးမ်ားျပဳလုပ္ခဲ့ျခင္းဟုတံု႔ျပန္ထားသည္။
Ref : EP removes Aung San Suu Kyi from Sakharov Prize community
(unicode)
ဆခါရော့ဗ်ဆုရထားသူများအသိုက်အဝန်းမှ ဒေါ်အောင်ဆန်းစုကြည်ကို ဥရောပလွှတ်တော်ဖယ်ရှား
………………………………………………………
ဘရပ်ဆဲလ်၊ စက်တင်ဘာ ၁၁
မြန်မာအရပ်သားခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို လူ့အခွင့်အရေးနှင့်လွတ်လပ်စွာတွေးခေါ်မှုကာ ကွယ်သူဆု ဆခါရော့ဗ်ရရှိထားသူအသိုက်အဝန်းမှ ဥရောပလွှတ်တော်ကဖယ်ရှားလိုက်သည်။
ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြ)အသိုက်အဝန်းကို နိုင်ငံတော်အဆင့်ပြစ်မှုများကျူးလွန်ခဲ့သည်ကို လက်ခံခဲ့ခြင်းကြောင့် ရုတ်သိမ်းလိုက်ခြင်းဖြစ်သည်။
နိုဘယ်ငြိမ်းချမ်းရေးဆုမရမီတစ်နှစ်အလို ၁၉၉၀ ပြည့်နှစ်တွင် ဒီမိုကရေစီစည်းရုံးလှုံ့ဆော်သူဒေါ်အောင်ဆန်းစု ကြည်ကို ဥရောပလွှတ်တော်က ထိပ်တန်းလူ့အခွင့်အရေးဆုပေးအပ်ခဲ့ခြင်းဖြစ်သော်လည်း ယခုဖယ်ရှား မှုကြောင့် ဆုရထားသူများအတွက်အခမ်းအနားများတွင် ထပ်မံတက်ရောက်နိုင်တော့မည်မဟုတ်ချေ။
၁၉၉၀ ပြည့်နှစ်မတိုင်မီက ဒေါ်အောင်ဆန်းစုကြည်၏လုပ်ရပ်များကြောင့် ဆုပေးအပ်ခဲ့ခြင်းဖြစ်ပြီး ရုတ်သိမ်း ၍မရနိုင်ကြောင်း ဥရောပလွှတ်တော်နှင့်နီးစပ်သူတစ်ယောက်ကပြောပြီး ကြာသပတေးနေ့ကရုတ်သိမ်းမှုသည် ဥရောပလွှတ်တော်အမတ်များအပြင်းထန်ဆုံးလုပ်နိုင်သည့်ပိတ်ဆို့အရေးယူမှုဖြစ်ကြောင်းသိရသည်။
လူမျိုးတုန်းသတ်ဖြတ်မှုများဖြင့်စွပ်စွဲခံနေရသောမြန်မာနိုင်ငံက စွပ်စွဲချက်များကိုငြင်းဆိုထားပြီး ဘင်္ဂါလီစစ် သွေးကြွများရန်မှကာကွယ်ရန် နယ်မြေရှင်းလင်းရေးစစ်ဆင်ရေးများပြုလုပ်ခဲ့ခြင်းဟုတုံ့ပြန်ထားသည်။
Ref : EP removes Aung San Suu Kyi from Sakharov Prize community