• Follow Us on
Latest News

Home ဆင်ဆာဖြတ်တောက်သဖြင့် တရုတ်ဖုန်းများမဝယ်ရန် လစ်ယူယေးနီးယားပြော

ဆင်ဆာဖြတ်တောက်သဖြင့် တရုတ်ဖုန်းများမဝယ်ရန် လစ်ယူယေးနီးယားပြော

Share this post

 

 

နိုင်ငံတကာ၊ စက်တင်ဘာ ၂၂ (People Media)

 

တရုတ်နိုင်ငံထုတ် ရှောင်းမီဖုန်းများတွင် လိုအပ်သလိုစိစစ်ဖြတ်တောက်နိုင်သည့် ပစ္စည်းကိရိယာမျာထည့်သွင်း ဖွဲ့စည်းထားကြောင်း အစိုးရအစီရင်ခံစာထွက်ပေါ်လာပြီးနောက် တရုတ်ရှောင်းမီမိုဘိုင်းဖုန်းများကို ဝယ်ယူခြင်း မပြုရန်နှင့် ဝယ်ယူထားသူများလည်း ပြန်လည်စွန့်ပစ်ရန် လစ်ယူယေးနီးယားကာကွယ်ရေးဝန်ကြီးဌာနက ထုတ် ပြန်ကြေညာခဲ့သည်။

 

တရုတ်စမတ်ဖုန်းကုမ္ပဏီကြီးဖြစ်သော ရှောင်းမီကော်ပိုရေးရှင်းက ဥရောပ၌ရောင်းချသောဖုန်းများတွင် စုံစမ်း ထောက်လှမ်းပြီး လိုအပ်သလိုစိစစ်ဖြတ်တောက်နိုင်သည့်စွမ်းရည်ရှိကြောင်း၊ ဥပမာ “တိဘက်နိုင်ငံလွတ်မြောက် ပါစေ” ၊ “ထိုင်ဝမ်လွတ်လပ်ရေးအဓွန့်ရှည်ပါစေ”၊ “ဒီမိုကရေစီလှုပ်ရှားမှု” စသည့် ဆောင်ပုဒ်များကို ဆင်ဆာ ဖြတ်တောက်ကြောင်း လစ်သူယေးနီးယားအစိုးရပိုင် ဆိုင်ဘာလုံခြုံရေးအဖွဲ့က စက်တင်ဘာလ ၂၁ ရက်နေ့က ပြောသည်။

 

“ဥရောပသမဂ္ဂဒေသ” အတွက် ရှောင်းမီ 10T 5G ဖုန်းဆော့ဖ်ဝဲလ်စွမ်းရည်ကို ပိတ်ထားကြောင်း၊ သို့သော် အဝေးမှနေ၍ အချိန်မရွေး ပြန်ဖွင့်နိုင်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ဆိုင်ဘာလုံခြုံရေးစင် တာ၏ အစီရင်ခံစာတွင်ထည့်သွင်းဖော်ပြထားသည်။

 

“ကျွန်တော်တို့အနေနဲ့ ပြောချင်တာကတော့ တရုတ်ဖုန်းအသစ်တွေကို မဝယ်ပါနဲ့လို့ပြောချင်ပါတယ်။ ဝယ်ပြီး သားဖုန်းတွေကိုလည်း ဖြစ်နိုင်သမျှ အမြန်ဆုံးလွှင့်ပစ်လိုက်စေချင်ပါတယ်။” ဟု ဒုတိယကာကွယ်ရေးဝန်ကြီး မာဂီရက်စ်အဘူကီဗီဆီးယက်စ်က သတင်းထောက်များကိုပြောသည်။ ရှောင်းမီကုမ္ပဏီထံ ရိုက်တာသတင်းဌာ နက မေးမြန်းရာတွင် တစ်စုံတစ်ရာပြန်လည်ဖြေကြားခြင်းမရှိပေ။

 

လစ်ယူယေးနီးယားနှင့် တရုတ်နိုင်ငံတို့ကြား ဆက်ဆံရေးမှာ လတ်တလောကာလတွင် ခပ်တန်းတန်းဖြစ်လျက် ရှိသည်။ ထိုင်ဝမ်နိုင်ငံက လစ်သူယေးနီးယားသို့စေလွှတ်ထားသည့် mission အဖွဲ့ကို ထိုင်ဝမ်ကိုယ်စားလှယ်ရုံး ဟုခေါ်ဆိုလိုက်ပြီးနောက် တရုတ်နိုင်ငံက လစ်သူယေးနီးယားနိုင်ငံ၊ ဗဲလ်နီးယပ်စ်မြို့ရှိ ၎င်းတို့သံတမန်ကို ပြန် လည်ခေါ်ယူသွားမည်ဖြစ်ကြောင်းပြောဆိုပြီး တရုတ်နိုင်ငံ၊ ဘီဂျင်းရှိ လစ်သူယေးနီးယားသံအမတ်ကိုပြန်လည် ခေါ်ယူရန် တောင်းဆိုခဲ့သည်။

 

ဥရောပနှင့် အမေရိကန်ပြည်ထောင်စုသို့ သွားရောက်သော ထိုင်ဝမ်ကိုယ်စားလှယ်အဖွဲ့များသည် တရုတ်က ၎င်းတို့ပိုင်နယ်မြေဟုကြေညာထားသည့် “ထိုင်ဝမ်ကျွန်း” ဆိုသည့်နာမည်ကိုမသုံးဘဲ ထိုင်ဝမ်မြို့တော်တိုင်ပေ ၏အမည်ကိုသာသုံးစွဲသည်။

 

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်၏ အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ခ်ဆူလီဗန်က လွန်ခဲ့သည့်သီတင်းပတ်က လစ်သူယေးနီးယားဝန်ကြီးချုပ်အင်ဂရီဒါဆီမိုနီတီနှင့် စကားပြောခဲ့ပြီး တရုတ်နိုင်ငံ၏ဖိအားပေးမှုများကို ရင်ဆိုင် ရာတွင် အမေရိကန်အနေဖြင့် လစ်သူယေးနီးယားကူညီထောက်ပံ့သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

Ref: Lithuania says throw away Chinese phones due to censorship concerns

 

#PeopleMedia

 

(unicode)


……………………………………………………………………….

 


 


 


 


 


 


 


 


 

Ref: Lithuania says throw away Chinese phones due to censorship concerns

 

#PeopleMedia


Share this post