• Follow Us on
Latest News

Home ဆင်ပေါင်ဝဲမြို့တွင် စပါးရိတ်နေသည့် အမျိုးသားတစ်ဦးကို PDF များမှ သေနတ်ဖြင့် ပစ်သတ်

ဆင်ပေါင်ဝဲမြို့တွင် စပါးရိတ်နေသည့် အမျိုးသားတစ်ဦးကို PDF များမှ သေနတ်ဖြင့် ပစ်သတ်

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၂၁

 

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့၊ ကြက်မွေးနုတ်ကျေးရွာတွင် လယ်ကွင်းထဲ၌ စပါးရိတ် နေသည့် အမျိုးသားတစ်ဦးကို PDF များမှ သေနတ်ဖြင့်ပစ်သတ်သွားကြောင်း သိရသည်။

 

ဒီဇင်ဘာလ ၁၉ ရက် ည ၆ နာရီဝန်းကျင်တွင် ကြက်မွေးနုတ်ကျေးရွာတွင်နေသည့် အမျိုးသားမှာ ၎င်း၏ နေအိမ်အနောက်ဘက်ရှိ လယ်ကွင်းထဲတွင် မှည့်နေသည့် စပါးများအား ရိတ်နေစဉ် PDF များရောက်ရှိလာပြီး ထိုအမျိုးသားကို သေနတ်ဖြင့်ပစ်ခတ်သွားကြောင်း သိရသည်။

 

PDF များမှ ဦးစိုးမင်းအောင်၏ ဦးခေါင်းကို သေနတ်ဖြင့်ပစ်ခတ်ပြီး ထိုအမျိုးသားမှာ အခင်းနေရာတွင် သေဆုံး သွားကြောင်း သိရသည်။

 

ပြီးခဲ့သည့် လပိုင်းကလည်း ဆင်ပေါင်ဝဲမြို့အပါအဝင်၊ ငါန်းဇွန်မြို့၊ နွားထိုးကြီးမြို့နှင့် လက်ပံတန်းမြို့တို့တွင် PDF များမှ ပြည်သူများကိုတစ်ရက်ထဲ (၁၀) ဦး သတ်ဖြတ်ခံရသည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။

 

Photo – Credit

 

#PeopleMedia


Share this post