ဆင်ပေါင်ဝဲမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီဝင်အမျိုးသမီး ၁ ဦး ပစ်ခတ်ခံရ၍ သေဆုံး
PUBLISHED - November 23, 2023
နေပြည်တော်၊ နိုဝင်ဘာ ၂၃
မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၊ ငရန့်ချောင်းကျေးရွာတွင် ယမန်နေ့ ည ၇ နာရီ ၄၀ အချိန်က ပြည်ခိုင်ဖြိုးပါတီ အောင်လံခရိုင်အတွင်းရေးမှူးဖြစ်သူ အမျိုးသမီး ၁ ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံး ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဆင်ပေါင်ဝဲမြို့နယ် ကျင်းကျေးရွာအုပ်စု၊ ငရန့်ချောင်းကျေးရွာနေ အောင်လံခရိုင် ပြည်ခိုင်ဖြိုးပါတီမှ အောင်လံခရိုင်ပါတီအတွင်းရေးမှူး ဒေါ်တင်မာဌေး ၄၅ နှစ်သည် နေအိမ်တွင် ရှိနေစဉ် PDF များ ဆိုင်ကယ် ၃ စီးဖြင့် ရောက်ရှိလာပြီး သေနတ်ပစ်ခတ်ခဲ့သဖြင့် ဒေါ်တင်မာဌေးမှာ ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် နေရာ၌ပင် သေဆုံးသွားကြောင်း သိရသည်။
#PeopleMedia