• Follow Us on

Home ဆင်မင်းဈေး မှတ်တိုင်တွင် ဘတ်စ်ကား ရပ်စောင့်နေသည့် ခရီးသည် (၇)ဦးကို အရှိန်လွန်လာသည့် ကိုယ်ပိုင်ကားက ဝင်တိုက်၊ (၂)ဦး စိုးရိမ်ရ ဒဏ်ရာရရှိ

ဆင်မင်းဈေး မှတ်တိုင်တွင် ဘတ်စ်ကား ရပ်စောင့်နေသည့် ခရီးသည် (၇)ဦးကို အရှိန်လွန်လာသည့် ကိုယ်ပိုင်ကားက ဝင်တိုက်၊ (၂)ဦး စိုးရိမ်ရ ဒဏ်ရာရရှိ

Share this post

နေပြည်တော်၊ ဩဂုတ် ၁၃

 

ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ အောက်ကြည့်မြင်တိုင်လမ်း၊ ဆင်မင်းဈေး ကားမှတ်တိုင်ရှေ့တွင် ဘတ်စ်ကား ရပ်စောင့်နေသည့် ခရီးသည် (၇)ဦးကို အရှိန်လွန်လာသည့် ကိုယ်ပိုင်ကားမှ ဝင်တိုက်ခဲ့သဖြင့် ခရီးသည် (၇)ဦးလုံး ဒဏ်ရာရရှိခဲ့ကာ (၂)ဦးမှာ စိုးရိမ်ရ ဒဏ်ရာများ ရရှိခဲ့သည်။

 

ယနေ့ ဩဂုတ်လ (၁၃)ရက် နံနက် (၆)နာရီ (၄၀)မိနစ်အချိန်က ဆင်မင်းဈေးကားမှတ်တိုင်ရှေ့တွင် ဘတ်စ်ကား ရပ်စောင့်နေသည့် ခရီးသည် (၇)ဦးကို အရှိန်ပြင်းစွာ မောင်းနှင်လာသည့် YGN 4I 2392 နံပါတ်ပါ Caldina အဖြူရောင်ကားက ဝင်တိုက်ခဲ့ပြီး နောက်ထပ် ရပ်ထားသည့် ကားတစ်စီးကို ထပ်မံတိုက်ပြီးနောက် ရပ်တန့်သွားကြောင်း သိရသည်။

 

ယင်းသို့ တိုက်ခံရမှုကြောင့် ဘတ်စ်ကား ရပ်စောင့်နေသူ (၇)ဦးအနက် (၂)ဦးသည် စိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး (၅)ဦးသည် မစိုးရိမ်ရ ဒဏ်ရာများ ရရှိခဲ့သဖြင့် အဆိုပါ ဒဏ်ရာရရှိသူများကို သံဝေဂ လူမှုကူညီရေး အသင်းပိုင်ယာဉ်ဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။

 

#PeopleMedia


Share this post