• Follow Us on

Home ဆင်းရဲချို့တဲ့အုပ်စုကို ပထမဦးစားပေးပြီး အွန်လိုင်းငွေကြေး ဘတ်ငွေ ၁၀၀၀၀ အစီအစဉ် စက်တင်ဘာလတွင် စတင်ထောက်ပံ့မည်

ဆင်းရဲချို့တဲ့အုပ်စုကို ပထမဦးစားပေးပြီး အွန်လိုင်းငွေကြေး ဘတ်ငွေ ၁၀၀၀၀ အစီအစဉ် စက်တင်ဘာလတွင် စတင်ထောက်ပံ့မည်

Share this post

နိုင်ငံတကာ၊ သြဂုတ် ၂၃

 

လူမှုအသိုင်းအဝိုင်းက ဆင်းရဲချို့တဲ့တဲ့အုပ်စုတွေစာရင်းထဲက ဦးစားပေးအုပ်စုတွေကို သတ်မှတ်ပြီးဖြစ်တဲ့အ တွက် အွန်လိုင်းငွေကြေးထောက်ပံ့မှုအစီအစဉ် (digital wallet scheme) အရ ဘတ်ငွေ ၁၀၀၀၀ ထောက်ပံ့မှု အစီအစဉ်ကို စက်တင်ဘာလမှာ စတင်ဆောင်ရွက်မှာဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှက်နာ ဝပ်က ကြာသပတေးနေ့ (သြဂုတ်လ ၂၂ ရက်နေ့) က ပြောကြားလိုက်ပါတယ်။

 

၂၀၂၃ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ ဖီယူထိုင်းပါတီက မဲဆန္ဒရှင်တွေကို ပေးထားတဲ့ကတိအတိုင်းဆောင် ရွက်တဲ့အနေနဲ့ ဘတ်ငွေ ၁၀၀၀၀ ထောက်ပံ့မှုကို ဆင်းရဲချို့တဲ့မှုစာရင်းဝင် ပြည်သူ ၁၃.၅ သန်းနဲ့ မသန်စွမ်း ပြည်သူ ၁ သန်းကို ထောက်ပံ့သွားမှာဖြစ်ကြောင်း Nation အုပ်စုရဲ့ ညစာစားပွဲအခမ်းအနားမှာ မိန့်ခွန်းပြော ကြားစဉ် သက်ဆင်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

 

အောက်တိုဘာလ နှောင်းပိုင်းမှာတော့ အစီအစဉ်အတွက် မှတ်ပုံတင်ထားတဲ့ ပြည်သူတွေထဲက နောက်ထပ် အုပ်စုကို ဘတ်ငွေ ၁၀၀၀၀ ထောက်ပံ့မှုပေးအပ်သွားမှာဖြစ်ပြီး အဲဒီအုပ်စုဟာ သန်း ၃၀ ထက် မကျော်နိုင်ဘူး လို့ ခန့်မှန်းထားကြောင်း သက်ဆင်က ပြောပါတယ်။

 

ဒီအစီအစဉ်ကို အကောင်အထည်ဖော်ရာမှာ အသုံးပြုဖို့ လိုအပ်တဲ့ Database စနစ် ကြိုတင်ရေးဆွဲမှု အောက် တိုဘာလမတိုင်ခင် ပြီးစီးသွားခဲ့ရင် ဒုတိယအုပ်စုဟာ အွန်လိုင်းငွေကြေးထောက်ပံ့မှုအစီအစဉ်ကတစ်ဆင့် ထောက်ပံ့ကြေးရရှိသွားမှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

 

စီမံကိန်းအတွက် ရန်ပုံငွေကို ထပ်တိုးဘတ်ဂျက်အသုံးစရိတ်အက်ဥပဒေအရ ခွင့်ပြုထားတဲ့ဘတ်ဂျက်နဲ့ စက် တင်ဘာလအတွက် ဗဟိုဘတ်ဂျက်က သုံးစွဲသွားမှာဖြစ်သလို အောက်တိုဘာလမှာတော့ ၂၀၂၅ ခုဘဏ္ဍာရေး နှစ်က ဘတ်ဂျက်ကို သုံးစွဲသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

 

အွန်လိုင်းငွေကြေးထောက်ပံ့မှုအစီအစဉ် (digital wallet scheme) ဆောင်ရွက်မှုဟာ ထိုင်းနိုင်ငံရဲ့ ဒစ်ဂျစ် တယ်နည်းပညာ အသုံးပြုမှုကို အားပေးမြှင့်တင်သွားမှာဖြစ်ကြောင်း သက်ဆင်က ပြောပါတယ်။

 

“ဒီမူဝါဒကို ဆန့်ကျင်တဲ့အတိုက်အခံအုပ်စုရှိတယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒီမူဝါဒကို ဆန့်ကျင်သူတွေဟာ တွမ်ယမ်ကူးန် အကျပ်အတည်းဆီကို ဦးတည်သွားစေနိုင်တဲ့ အခြေခံအကြောင်းရင်းတွေဖြစ်တယ်ဆိုတာကို သူ တို့တွေ လက်ရှိအချိန်မှာ မသိသေးတာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

နိုင်ငံတွင်း နောက်ထပ် ဘဏ္ဍာရေးအကျပ်အတည်းဖြစ်မှာကို ရှောင်ရှားဖို့အတွက် ဒီမူဝါဒရဲ့ အရေးကြီးပုံကို သက်ဆင်က ထောက်ပြပေးခဲ့တယ်လို့ ဆိုပါတယ်။

 

နိုင်ငံတွင်း တစ်လဝင်ငွေ ဘတ် ၇၀၀၀၀ အောက်ရှိသလို ဘဏ်စုငွေ ဘတ် ၅၀၀၀၀၀ ထက် လျော့နည်းပြီး အခု နှစ် စက်တင်ဘာလ မတိုင်မီ အသက် ၁၆ နှစ်နဲ့ အထက်အရွယ်ရှိ နိုင်ငံသား သန်း ၅၀ ဝန်းကျင်ကို ထောက်ပံ့ဖို့ အတွက် ရည်ရွယ်ပြီး အွန်လိုင်းငွေကြေးထောက်ပံ့မှုအစီအစဉ် (digital wallet scheme) ကို ဆောင်ရွက်တာ ဖြစ်ပါတယ်။

 

ထောက်ပံ့ငွေကြေးတွေကို ဘယ်လိုသိမ်းဆည်းထားရမယ်၊ ဘယ်နေရာမှာသုံးရမယ်ဆိုတာနဲ့ ပတ်သက်တဲ့ အ သေးစိတ်အချက်အလက်မျိုးတွေကိုတော့ သက်ဆင်က ပြောကြားခြင်းမရှိပါဘူး။

 

ဝန်ကြီးချုပ်ဟောင်း ဆရက်ထာထာဗီဆင် ဖြုတ်ချခံလိုက်ရပြီး သက်ဆင်သမီး ပေထောင်တန်ရှင်နာဝပ်တက် လာချိန်မှာ digital wallet scheme မူဝါဒအသေးစိတ်ကို ပြောင်းလဲခဲ့တယ်လို့ ဆိုပါတယ်။

 

အခုသီတင်းပတ်အတွင်း ပြစ်ဒဏ်တွေကနေ လွတ်ငြိမ်းချမ်းသာခွင့်ရလာပြီးနောက် ဝန်ကြီးချုပ်ဟောင်း သက် ဆင်အနေနဲ့ လူထုရှေ့မှာ စကားပြောတာ ပထမဦးဆုံးအကြိမ်ဖြစ်ပါတယ်။

 

Ref: 10k handout begins in Sept, prioritising vulnerable sections: Thaksin

 

#PeopleMedia


Share this post