• Follow Us on

Home ဆစ်ခေါင်းဆောင်အသတ်ခံရမှု ကနေဒါဝန်ကြီးချုပ်စွပ်စွဲချက် အိန္ဒိယ ပြင်းပြင်းထန်ထန် ပယ်ချ

ဆစ်ခေါင်းဆောင်အသတ်ခံရမှု ကနေဒါဝန်ကြီးချုပ်စွပ်စွဲချက် အိန္ဒိယ ပြင်းပြင်းထန်ထန် ပယ်ချ

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၁၉

 

ဆစ်ခွဲထွက်ရေးခေါင်းဆောင်တစ်ဦးအသတ်ခံရမှုနဲ့ပတ်သက်ပြီး အိန္ဒိယထောက်လှမ်းရေးတွေပါဝင်ပတ်သက်နေ တယ်ဆိုတဲ့ ကနေဒါဝန်ကြီးချုပ် ဂျပ်စတင်ထရူးဒပ်ရဲ့စွပ်စွဲချက်ကို အဓိပ္ပာယ်မရှိတဲ့စကားအဖြစ် ပြင်းပြင်းထန် ထန်ပြောဆိုပြီး အိန္ဒိယနိုင်ငံက ပယ်ချလိုက်ပါတယ်။

 

ကနေဒါနိုင်ငံက အိန္ဒိယထိပ်တန်းထောက်လှမ်းရေးအဖွဲ့ဝင်ကို နိုင်ငံတွင်းကမောင်းထုတ်ခဲ့သလို အိန္ဒိယအစိုးရ ကလည်း ကနေဒါသံတမန်ကို ငါးရက်အတွင်းနိုင်ငံတွင်းကထွက်သွားဖို့ အမိန့်ပေးထားပါတယ်။

 

“ကနေဒါနိုင်ငံသား ဆစ်လူမျိုးတစ်ဦးအသတ်ခံမှုမှာ နိုင်ငံခြားတိုင်းပြည်က အစိုးရတစ်ရပ်ပါဝင်ပတ်သက်နေတာ ဟာ ကျွန်တော်တို့နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ကျူးကျော်တဲ့ လက်မခံနိုင်တဲ့လုပ်ရပ်ပဲဖြစ်ပါတယ်။” လို့ ဝန် ကြီးချုပ် ထရူးဒပ်က တနင်္လာနေ့က ပြောပါတယ်။

 

ကနေဒါနိုင်ငံ ဗြိတိသျှကိုလံဘီယာပြည်နယ် ဗန်းခီဗာြမို့ဆင်ခြေဖုံးဖြစ်တဲ့ ဆာရီကောင်တီမှာရှိတဲ့ ဆစ်ဘုရား ကျောင်းတစ်ခုရဲ့အပြင်ဘက်မှာ ဇွန်လ ၁၈ ရက်နေ့က ဆစ်လူမျိုး ဟာဒိဆစ်နစ်ဂျာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရ တာဖြစ်ပါတယ်။

 

နစ်ဂျာသေဆုံးမှုနဲ့ပတ်သက်ပြီး အိန္ဒိယနိုင်ငံက ပါဝင်ပတ်သက်နေတယ်ဆိုတာကို ကနေဒါထောက်လှမ်းရေးတွေ က ဖော်ထုတ်ခဲ့ကြောင်း ဝန်ကြီးချုပ်ထရူးဒပ်က ပြောပါတယ်။

 

နစ်ဂျာဟာ အိန္ဒိယနိုင်ငံ မြောက်ပိုင်း ပန်ဂျပ်ပြည်နယ်မှာ လွတ်လပ်သောခါလစ်စတန်နိုင်ငံတော်ဖွဲ့စည်းဖို့အတွက် ထောက်ခံအားပေးနေတဲ့သူဖြစ်ပါတယ်။ ကနေဒါသံတမန်ကို အိန္ဒိယနိုင်ငံတွင်းက ငါးရက်အတွင်းထွက်ခွာသွားဖို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက အင်္ဂါနေ့ကပြောကြားလိုက်ပါတယ်။

 

“အခုဆုံးဖြတ်ချက်ဟာ မိမိတို့နိုင်ငံရဲ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တဲ့ကနေဒါသံတမန်တွေနဲ့ အိန္ဒိယ ဆန့်ကျင်ရေးလှုပ်ရှားမှုမှာပါဝင်တဲ့ ၎င်းတို့ရဲ့စွက်ဖက်မှုတွေနဲ့ပတ်သက်ပြီး အိန္ဒိယနိုင်ငံရဲ့ ကြီးထွားလာတဲ့စိုးရိမ် မှုတွေကို ထင်ဟပ်စေတဲ့ဆုံးဖြတ်ချက်ဖြစ်ပါတယ်။” လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်ထဲမှာထည့် သွင်းပြောကြားခဲ့ပါတယ်။

 

Ref: India rejects Canada’s suspicions on role in Sikh leader’s murder

 

#PeopleMedia


Share this post