• Follow Us on
Latest News

Home ဆည်တော်ကြီးမှ မတ္တရာသို့ပေးထားသည့် ရေမြောင်းအတွင်း၌ အမျိုးသမီးတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

ဆည်တော်ကြီးမှ မတ္တရာသို့ပေးထားသည့် ရေမြောင်းအတွင်း၌ အမျိုးသမီးတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၁

 

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ မတ္တရာမြို့၊ ငါးလုံးပြွန်ကျေးရွာအနီးရှိ ဆည်တော်ကြီးမှ မတ္တရာသို့ ပေးထားသည့်ရေမြောင်းအတွင်း၌ အမျိုးသမီးတစ်ဦးကို ဒေသခံအကြမ်းဖက်များမှ ပစ်ခတ်ရာ အခင်းနေရာတွင် သေဆုံးသွားကြောင်း သိရပါတယ်။

 

ဖေဖော်ဝါရီလ ၂၀ ရက် နံနက် ၁၁ နာရီအချိန်ခန့်တွင် ရေမြောင်းထဲတွင် အမျိုးသမီးသေဆုံးနေသည်ကို ပြည်သူများမှသတင်းပေးသောကြောင့် ထိုနေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးခဲ့ ကြောင်း သိရပါတယ်။

 

ထိုပစ်ခတ်ခံရပြီး သေဆုံးသွားသည့် အမျိုးသမီးမှာ မတ္တရာမြို့နယ်၊ ကျွဲကျကျေးရွာတွင် နေထိုင်သည့် အသက် (၅၄) နှစ်အရွယ် ဒေါ်မာမာအေးမှာ သာမန်ပြည်သူတစ်ဦးဖြစ်ကြောင်း သိရပါတယ်။

 

သေနတ်ပစ်ခတ်ခံရသည့် အမျိုးသမီး၏ မျက်လုံးနှင့် နောက်စေ့တို့တွင် ကျည်ထိမှန်သည့် ဒဏ်ရာများ ရရှိပြီး သေဆုံးသွားကြောင်း သိရပါတယ်။

 

Photo – Credit

 

#PeopleMedia

 

(unicode)


………………………………………….

 


 


 


 


 


 

Photo – Credit

 

#PeopleMedia


Share this post