ဆဋ္ဌမမြောက်မျိုးဆက် ကိုယ်ပျောက်ဂျက်တိုက်လေယာဉ်ထုတ်လုပ်ရေး အရှိန်မြှင့်ဆောင်ရွက်ဖို့ အီတလီ၊ ဂျပန်နဲ့ ဗြိတိန်တို့ သဘောတူလက်မှတ်ရေးထိုး

PUBLISHED - December 18, 2023
နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၈
ဆဋ္ဌမမြောက်မျိုးဆက် ကိုယ်ပျောက်ဂျက်တိုက်လေယာဉ်ထုတ်လုပ်ရေး အကျိုးတူရည်မှန်းချက်ကို ထပ်မံ အရှိန် မြှင့်ဆောင်ရွက်ဖို့အတွက် ဂျပန်နိုင်ငံ တိုကျိုမြို့မှာ အီတလီ၊ ဂျပန်နဲ့ ဗြိတိန်နိုင်ငံတို့ သဘောတူစာချုပ်တစ်ရပ် လက်မှတ်ရေးထိုးခဲ့ပါတယ်။
အဲဒီစာချုပ်အရ “ကမ္ဘာလုံးဆိုင်ရာတိုက်ခိုက်ရေးလေကြောင်းစီမံကိန်း” နိုင်ငံတကာအစိုးရအဖွဲ့အစည်း [the Global Combat Air Programme (GCAP) International Government Organisation (GIGO)] ကို ထူထောင်လိုက်တာဖြစ်ပါတယ်။
(GCAP)/ (GIGO) ဟာ အဖွ့ဲဝင်နိုင်ငံအားလုံးကိုယ်စား GCAP အတွက် လမ်းညွှန်ခြင်း၊ ညွှန်ကြားခြင်း၊ ထိန်းချုပ် ခြင်း၊ ကြီးကြပ်ခြင်းနဲ့ စီမံခန့်ခွဲမှုကိစ္စရပ်တွေကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
(GCAP)/ (GIGO) အဖွဲ့အစည်းကို BAE Systems ကုမ္ပဏီ၊ Leonardo ကုမ္ပဏီနဲ့ Mitsubishi Heavy Industries ကုမ္ပဏီတို့နဲ့အတူ သုံးနိုင်ငံစလုံးက အစိုးရအရာရှိတွေနဲ့ ပါဝင်ဖွဲ့စည်းထားတာဖြစ်ပါတယ်။
GIGO အဖွဲ့ဟာ ၂၀၃၅ ခုနှစ်မတိုင်ခင် ဆဋ္ဌမမြောက်မျိုးဆက် ကိုယ်ပျောက်ဂျက်တိုက်လေယာဉ်ထုတ်လုပ်ရေး ကိုရော အဖွဲ့ဝင်နိုင်ငံတွေရဲ့ စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးစက်ရုံတွေ အဆင့်မြှင့်တင်ရေးကိုရော ဆောင် ရွက်သွားဖို့ စီစဉ်ထားပါတယ်။
လုပ်ငန်းစဉ်နှစ်ခုစလုံးအတွက် ဌာနခွဲတွေကို ဗြိတိန်နိုင်ငံမှာ အခြေစိုက်တည်ထောင်သွားမှာဖြစ်ပါတယ်။
သုံးနိုင်ငံ သဘောတူညီချက်ရဲ့ အရေးကြီးပုံနဲ့ အဲဒီသဘောတူညီချက်ကယူဆောင်လာမယ့် စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေးနယ်ပယ်က ပြောင်းလဲမှုတွေအကြောင်းကို Leonardo ကုမ္ပဏီ ညွှန်ကြားရေးမှူး ဂူလိုင်မိုမာဗီဂလီ ယာက အလေးထားပြောကြားခဲ့ပါတယ်။
“ခေတ်မီနည်းပညာတွေက ထောက်ပံ့ထားတဲ့ နောက်ထပ်မျိုးဆက်သစ် အဓိကအခွင့်အလမ်းတစ်ရပ်ကို ထုတ် ဖော်သွားမယ့် GCAP အဖွဲ့ဟာ နိုင်ငံတကာလေယာဉ်ထုတ်လုပ်ရေးပူးပေါင်းဆောင်ရွက်မှုအတွက် အပြောင်းအ လဲအစီအစဉ်သစ်တစ်ရပ်ကို ရေးဆွဲနေတာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
အဲဒီစီမံချက်ဟာ လက်ရှိအချိန်မှာ ဝန်ထမ်းပေါင်း ၉,၀၀၀ ကို အလုပ်ခန့်အပ်ထားပြီးဖြစ်ပြီး ထောက်ပံ့ရေး ကုမ္ပဏီ ၁,၀၀၀ နဲ့အတူ ပူးတွဲလုပ်ငန်းဆောင်ရွက်နေပါတယ်။
ကမ္ဘာတစ်ဝန်းက နိုင်ငံတွေဟာ မျိုးဆက်သစ်ကိုယ်ပျောက်လေယာဉ် ဒီဇိုင်းရေးဆွဲထုတ်လုပ်ရေးအတွက် တစ် နိုင်ငံနဲ့ တစ်နိုင်ငံ အပြိုင်အဆိုင် ဆောင်ရွက်လျက်ရှိပါတယ်။
၂၀၂၂ ခုနှစ်အတွင်းက တရုတ်နိုင်ငံရဲ့ ဆဋ္ဌမမြောက်မျိုးဆက်ဂျက်တိုက်လေယာဉ်အတွက် အဆိုပြုထားတဲ့ ဒီဇိုင်းလို့ ယူဆရတဲ့ အမြီးမဲ့ဂျက်တိုက်လေယာဉ်ပုံစံတစ်မျိုးကို တရုတ်နိုင်ငံက ထုတ်ဖော်ပြသခဲ့ပါတယ်။
အခုနှစ်အစောပိုင်းကာလကလည်း အမေရိကန်နိုင်ငံက ၂၀၂၄ ခုနှစ် အစောပိုင်းကာလမှာ စတင်ဆောင်ရွက် သွားနိုင်ဖွယ်ရှိတဲ့ အဆင့်မြင့်မျိုးဆက်သစ်ဂျက်တိုက်လေယာဉ်ထုတ်လုပ်ရေးအတွက် ခန့်မှန်း ၂.၃ ဘီလျံသုံးစွဲ သွားမှာဖြစ်ကြောင်းပြောဆိုပြီး ပူးတွဲဆောင်ရွက်မယ့် မိတ်ဖက် ကုမ္ပဏီတွေကို ဖိတ်ခေါ်ကြောင်း ကြေညာခဲ့ပါ တယ်။
Ref: Italy, Japan, UK Sign Deal Bolstering Sixth-Gen Stealth Fighter Program
#PeopleMedia