ဆဋ္ဌမအကြိမ်မြောက် မြန်မာ-အိန္ဒိယနှစ်နိုင်ငံ လေတပ်ချင်း တွေ့ဆုံဆွေးနွေးပွဲကျင်းပ
PUBLISHED - May 18, 2024
နေပြည်တော်၊ မေ ၁၈
ဆဋ္ဌမအကြိမ်မြောက် မြန်မာ-အိန္ဒိယနှစ်နိုင်ငံလေတပ်ချင်း တွေ့ဆုံဆွေးနွေး ပွဲသို့ တက်ရောက်ရန် အိန္ဒိယ လေတပ်မှ Assistant Chief of the Air Staff (Intelligence) ဖြစ်သူ Air Vice Marshal Ichettira Iyappa Kuttappa VM VSM ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် မေလ ၁၃ ရက် ညနေပိုင်းတွင် နေပြည် တော်သို့ ရောက်ရှိလာရာ တပ်မတော်(လေ)မှအရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယစစ်သံမှူးနှင့် တာဝန်ရှိ သူများက နေပြည်တော်လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။
မေလ ၁၄ ရက်တွင် ဆဋ္ဌမအကြိမ်မြောက် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ လေတပ်ချင်း တွေ့ဆုံဆွေးနွေးပွဲအား နေပြည်တော်လေတပ်စခန်း၌ ကျင်းပပြုလုပ်ခဲ့ရာ ဆွေးနွေးပွဲသို့ တပ်မတော်(လေ)မှ အနောက်ပိုင်းလေ တပ်ကွပ်ကဲမှုဌာနချုပ်၊ လေတပ်ကွပ်ကဲမှု ဌာနချုပ်မှူး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ အိန္ဒိယ လေတပ်မှ Assistant Chief of the Air Staff (Intelligence) ဖြစ်သူ Air Vice Marshal Ichettira Iyappa Kuttappa VM VSM ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယစစ်သံမှူးနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
ဦးစွာအနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်၊ လေတပ်ကွပ်ကဲမှုဌာနချုပ်မှူးနှင့် အိန္ဒိယလေတပ်မှ Assistant Chief of the Air Staff (Intelligence) ဖြစ်သူ Air Vice Marshal Ichettira Iyappa Kuttappa VM VSM တို့က အဖွင့်အမှာစကားများ အသီးသီးပြောကြားကြ သည်။ ထို့နောက် ကျင်းပပြီးစီးခဲ့သော ပဉ္စမအကြိမ် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ လေတပ်ချင်း ဆွေးနွေးပွဲဆုံးဖြတ်ချက်များနှင့် ဆောင်ရွက်ပြီးစီးမှုများအားဖတ်ကြား ရှင်းလင်းပြီး ဆဋ္ဌမအကြိမ် မြန်မာ-အိန္ဒိယနှစ်နိုင်ငံလေတပ်ချင်း အစည်းအဝေးခေါင်းစဉ်များအား နှစ်နိုင်ငံ ကိုယ်စားလှယ်များက အသီးသီးဆွေးနွေးခဲ့ကြသည်။
မေလ ၁၅ ရက်တွင် အဆိုပါအိန္ဒိယ ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်ရှိ အထင်ကရနေရာများဖြစ်သည့် တပ်မတော်စစ်သမိုင်းပြတိုက်၊ သူရဲကောင်းဗိမာန်၊ ကျောက်မျက်ရတနာပြတိုက်သို့ သွားရောက်လေ့လာခဲ့ပြီး ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးနှင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတို့အား သွားရောက်ဖူးမြော်ကြည်ညို ခဲ့ကြသည်။
မေလ ၁၆ ရက်တွင် Assistant Chief of the Air Staff (Intelligence) ဖြစ်သူ Air Vice Marshal Ichettira Iyappa Kuttappa VM VSM ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် လေကြောင်းအတတ်သင်လေတပ် စခန်းဌာနချုပ်သို့ သွားရောက်ခဲ့သည်။ ထို့နောက် လေယာဉ်ရုံအမှတ်(၁)အား ဆက်လက်ကြည့်ရှုလေ့လာပြီး အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ ၎င်းနောက် မွန်းလွဲပိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်းဈေးသို့ လှည့် လည်ကြည့်ရှုလေ့လာခဲ့ပြီး ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုခဲ့ကြသည်။
မေလ ၁၇ ရက် နံနက်ပိုင်းတွင် အိန္ဒိယလေတပ်မှ Assistant Chief of the Air Staff (Intelligence) ဖြစ်သူ Air Vice Marshal Ichettira Iyappa Kuttappa VM VSM ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ဝင်များသည် ရန်ကုန်မြို့မှ အိန္ဒိယနိုင်ငံသို့ ပြန်လည် ထွက်ခွာကြရာ တပ်မတော်(လေ)မှအရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယစစ်သံမှူး Colonel Jaswinder Singh Gill နှင့် တာဝန်ရှိသူတို့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။
#PeopleMedia