• Follow Us on
Latest News

Home ဆန္ဒမပါဘဲ ယူကရိန်းစစ်ပွဲမှာ ရုရှားတွေက အတင်းဝင်တိုက်ခိုင်းနေကြောင်း အိန္ဒိယနိုင်ငံသား ၇ ဦး ဗီဒီယိုဖိုင် လွှင့်ပြီးပြော

ဆန္ဒမပါဘဲ ယူကရိန်းစစ်ပွဲမှာ ရုရှားတွေက အတင်းဝင်တိုက်ခိုင်းနေကြောင်း အိန္ဒိယနိုင်ငံသား ၇ ဦး ဗီဒီယိုဖိုင် လွှင့်ပြီးပြော

Share this post

နိုင်ငံတကာ၊ မတ် ၆

 

အိန္ဒိယနိုင်ငံသား ၇ ဦးပါဝင်တဲ့အဖွဲ့တစ်ဖွဲ့က ၎င်းတို့ဆန္ဒမပါဘဲ ယူကရိန်းစစ်ပွဲမှာ အဓမ္မ ဝင်ရောက်တိုက်ခိုက် ခိုင်းနေတယ်လို့ ပြောဆိုထားတဲ့ ဗီဒီယိုဖိုင်တစ်ခု ထွက်ပေါ်လာကြောင်း The India Express မှာ ရေးသားဖော် ပြထားပါတယ်။

 

ရုရှားစစ်တပ်အတွက် ထောက်ပံ့ရေးတာဝန်တွေထမ်းဆောင်နေရတဲ့ အိန္ဒိယနို်င်ငံသား ၂၀ အစောဆုံး ပြန် လည်လွတ်မြောက်ရေးအတွက် အိန္ဒိယအစိုးရက အစွမ်းကုန်ကြိုးစားဆောင်ရွက်နေကြောင်း အိန္ဒိယနိုင်ငံခြား ရေးဝန်ကြီးဌာနက ကြေညာခဲ့ပြီး ရက်ပေါင်းများစွာကြာတဲ့နောက်မှာ အခုဗီဒီယိုဖိုင်ထွက်ပေါ်လာတာဖြစ်ပါ တယ်။

 

ဗီဒီယိုဖိုင်ထဲမှာ ယူနီဖော်းဝတ်ထားတဲ့ အမျိုးသား ၇ ဦးကို အခန်းတစ်ခုအတွင်းတွေ့မြင်ရပြီး ၆ ဦးက အခန်း ထောင့်မှာရပ်နေကာ တစ်ဦးက ၎င်းတို့အခြေအနေကို ရှင်းပြနေပါတယ်။

 

“ကျွန်တော်တို့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့က နှစ်သစ်ကူးအတွက် ရုရှားနိုင်ငံကို ကမ္ဘာလှည့်ခရီးသွား တွေအဖြစ် လာရောက်လည်ပတ်ခဲ့ပြီး နေရာအမျိုးမျိုးကိုသွားရောက်လည်ပတ်ရာမှာ အကူအညီပေးခဲ့တဲ့ ကိုယ် စားလှယ်တစ်ဦးနဲ့ တွေ့ဆုံခဲ့ပါတယ်။ သူက ကျွန်တော်တို့ကို ဘယ်လာရုစ်ကို သွားလည်ဖို့ ကမ်းလှမ်းခဲ့တယ်။ ကျွန်တော်တို့က ဘယ်လာရုစ်သွားရင် ဗီဇာလိုတယ်ဆိုတာ မသိကြဘူး။” လို့ အဲဒီပုဂ္ဂိုလ်က ပြောပါတယ်။

 

“ကျွန်တော်တို့ ဘယ်လာရုစ်ကိုရောက်တော့ သူ့ကို ပိုက်ဆံပေးကြရတယ်။ ဒါပေမဲ့ သူက ပိုက်ဆံပိုတောင်းပါ တယ်။ သူတောင်းတဲ့ပိုက်ဆံမပေးနိုင်တော့ ကျွန်တော်တို့ကို အဝေးပြေးလမ်းမတစ်ခုပေါ်မှာ ပစ်ချထားခဲ့တယ်။” လို့ ၎င်းက ဟိန္ဒူဘာသာနဲ့ ပြောပါတယ်။

 

“အဲဒီမှာ ကျွန်တော်တို့ကို ရဲတွေကဖမ်းပြီး ရုရှားစစ်တပ်ကို လွှဲပြောင်းပေးလိုက်တယ်။ ရုရှားတွေက ကျွန်တော် တို့ကို အမည်မသိတဲ့နေရာမှာ သုံးလေးရက်ကြာအောင် ချုပ်ထားခဲ့ကြတယ်။ အဲဒီနောက် သူတို့က ကျွန်တော် တို့ကို အကူတေါ၊ ဒရိုင်ဘာတွေနဲ့ ထမင်းချက်တွေလုပ်ဖို့အတွက် စာချုပ်လက်မှတ်ထိုးဖို့ စည်းရုံးပြီး သူတို့စည်း ရုံးတဲ့အတိုင်း မလုပ်ဘူးဆိုရင် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံရမယ်လို့ ပြောပါတယ်။” လို့ ၎င်းကပြောပါတယ်။

 

“စာချုပ်ကလည်း ကျွန်တော်တို့ နားမလည်တဲ့ ရုရှားဘာသာစကားနဲ့ရေးထားတာပါ။ ဒါပေမဲ့ ကျွန်တော်တို့ အဲဒီ စာချုပ်မှာ လက်မှတ်ထိုးပေးလိုက်တယ်။ အဲဒီနောက် ကျွန်တော်တို့ကို သင်တန်းကျောင်းတစ်ခုကို ပို့လိုက်ကြ ပါတယ်။ နောက်ပိုင်းှာ ကျွန်တော်တို့ အလိမ်ခံလိုက်ရပြီဆိုတာ သဘောပေါက်သွားပါတယ်။ သူတို့ ကျွန်တော်တို့ ကို စစ်ထဲထည့်ပြီး သင်တန်းပေးနေတာပါ။” လို့ ၎င်းက ပြောပါတယ်။

 

“သင်တန်းပြီးတော့ ကျွန်တော်တို့ကို ယူကရိန်းကို ခေါ်သွားပါတယ်။ ကျွန်တော်တို့ သူငယ်ချင်းတချို့ကိုလည်း စစ်မြေပြင်ကို ပို့လိုက်ကြတယ်။ အခု ကျွန်တော်တို့ကိုလည်း ရှေ့တန်းကို ပို့မယ်လို့ ပြောနေကြတယ်။ ကျွန် တော်တို့ ဘယ်စစ်ပွဲကိုမှ တိုက်ခိုက်ဖို့ အဆင်သင့်ဖြစ်မနေသလို သေနတ်ကိုတောင် ကောင်းကောင်းအသုံးမပြု တတ်ပါဘူး။ ဒါပေမဲ့ ယူကရိန်းစစ်ပွဲမှာ ကျွန်တော်တို့ကို ဝင်တိုက်ဖို့ ဖိအားပေးခိုင်းစေနေပါတယ်။ အိန္ဒိယအစိုးရ နဲ့ သံရုံးက ကျွန်တော်တို့ကို ကူညီလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်နေပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

ဒီကနေ့အချိန်အထိ ပန်ဂျပ်၊ ကက်ရှ်မီးယား၊ ကာနာတာကာ၊ ဂူဂျာရတ်နဲ့ တီလန်ဂါနာပြည်နယ်တွေက အိန္ဒိယ နိုင်ငံသားတချို့ဟာ ရုရှား-ယူကရိန်းစစ်ပွဲမှာ ရုရှားဘက်က ဝင်ရောက်တိုက်ခိုက်နေရတယ်လို့ဆိုပါတယ်။

 

အဲဒီအိန္ဒိယလူငယ်အများစုဟာ YouTube ကတစ်ဆင့် အလုပ်အကိုင်ကောင်းကောင်းရမယ်ဆိုတဲ့ ဆွဲဆောင် စည်းရုံးမှုကြောင့် ရုရှားနိုင်ငံကို ထွက်ခွာသွားကြတာဖြစ်ပါတယ်။ အလုပ်အကိုင်ကောင်းကောင်းရမယ်လို့ ရုရှားကို ညာခေါ်ပြီး ယူကရိန်းစစ်ပွဲမှာ ဝင်ရောက်တိုက်ခိုက်ဖို့ ဖိအား ပေးစေခိုင်းခံရတဲ့ အိန္ဒိယလူငယ်တွေရဲ့ မိသားစုဝင်တွေနဲ့ The India Express က စကားပြောခဲ့ပါတယ်။

 

ရုရှားစစ်တပ်အတွက် ထောက်ပံ့ရေးစစ်သည် ဒါမှမဟုတ် အကူအဖြစ် အလုပ်လုပ်နေကြတဲ့ အိန္ဒိယနိုင်ငံသား ၂၀ က အကူအညီလိုအပ်တဲ့အတွက် အိန္ဒိယအာဏာပိုင်တွေထံ ဆက်သွယ်လာခဲ့ကြောင်း အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ရန်ဟီးယားဂျိုက်စ်ဝေါလ်က ပြီးခဲ့တဲ့သီတင်းပတ် ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ မီဒီ ယာတွေကို ပြောကြားခဲ့ပါတယ်။

 

“အိန္ဒိယအမျိုးသား ၂၀ ပိတ်မိနေတယ်ဆိုတာ သိထားပါတယ်။ သူတို့ ပြန်လည်လွတ်မြောက်ဖို့အတွက်လည်း ကျွန်တော်တို့ အစွမ်းကုန်ကြိုးစားဆောင်ရွက်နေပါတယ်။ စစ်ဖြစ်နေတဲ့တိုင်းပြည်ကို စွန့်စားသွားရောက်တာတွေ မလုပ်ဖို့လည်း အိန္ဒိယပြည်သူတွေကို ပြောထားပြီးပါပြီ။ အိန္ဒိယနိုင်ငံမှာရော ရုရှားနိုင်ငံမှာပါရှိတဲ့ ရုရှားအာဏာ ပိုင်တွေနဲ့ ဆက်သွယ်ဆောင်ရွက်နေပါတယ်။” လို့ ဂျိုက်စ်ဝေါလ်က ပြောပါတယ်။

 

Ref: 7 more Indians release video, say forced to fight Ukraine war by Russian army

 

#PeopleMedia


Share this post