• Follow Us on
Latest News

Home ဆန်စပါးစိုက်ပျိုးတဲ့လယ်သမားတွေအတွက် ထိုင်းအစိုးရ အမတော်ကြေးထောက်ပံ့မည်

ဆန်စပါးစိုက်ပျိုးတဲ့လယ်သမားတွေအတွက် ထိုင်းအစိုးရ အမတော်ကြေးထောက်ပံ့မည်

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၄

 

အခုနှစ်အတွင်း ထိုင်းနိုင်ငံတစ်ဝန်း ဆန်စပါးစိုက်ပျိုးတဲ့လယ်သမားတွေအတွက် အမတော်ကြေး (အစိုးရ ထောက်ပံ့ငွေ) ဘတ် ၄.၆ သန်း ထောက်ပံ့နိုင်ဖို့အတွက် ဘတ် ၃၈.၅၈ ဘီလျံ ထောက်ပံ့ဖို့ အစိုးရအဖွဲ့က ဆုံး ဖြတ်လိုက်ကြောင်း လယ်ယာစိုက်ပျိုးရေးဝန်ကြီး နာရူမွန်ပင်းယိုဆင်ဝတ်က ပြောပါတယ်။

 

အခုရန်ပုံငွေတွေကို အသုံးပြုပြီး လယ်တစ်ရိုင် (၁ ဧက = ၂.၅၂၉ ရိုင်) ကို ဘတ် ၁၀၀၀ နှုန်းနဲ့ မိသားစုတစ်စု ကို လယ် ၁၀ ရိုင်အထိ ထောက်ပံ့သွားမှာဖြစ်ကြောင်း ဝန်ကြီးက ပြောပါတယ်။

 

အစိုးရအဖွဲ့က ဘတ်ဂျက်ကို တရားဝင်အတည်ပြုပြီးတာနဲ့ လယ်ယာစိုက်ပျိုးရေးတိုးချဲ့ဌာနက သတ်မှတ်စည်း ကမ်းချက်နဲ့ညီတဲ့ လယ်သမားတွေစာရင်းကို လယ်ယာစိုက်ပျိုးရေးနဲ့ လယ်ယာစိုက်ပျိုးရေးသမဝါယမဘဏ်ကို ပေးပို့သွားမှာဖြစ်ကြောင်း နာရူမွန်က ပြောပါတယ်။

 

လယ်ယာစိုက်ပျိုးရေးနဲ့ လယ်ယာစိုက်ပျိုးရေးသမဝါယမဘဏ်က သက်ဆိုင်ရာလယ်သမားတွေဆီကို ထောက်ပံ့ ကြေး ဆက်လက်ပေးပို့သွားမှာဖြစ်ပါတယ်။

 

ထောက်ပံ့ကြေးရရှိရေး စည်းကမ်းချက်နဲညီဖို့အတွက် လယ်သမားတွေဟာ ၎င်းတို့လယ်ယာမြေတွေကို လယ် ယာစိုက်ပျိုးရေးတိုးချဲ့ဌာနမှာ မှတ်ပုံတင်ထားရမှာဖြစ်ပါတယ်။

 

သတ်မှတ်စည်းကမ်းချက်နဲ့ညီညွတ်တဲ့ လယ်သမားတွေရဲ့အမည်စာရင်းကို လယ်ယာစိုက်ပျိုးရေးတိုးချဲ့ဌာနရဲ့ ဝက်ဆိုက်မှာ ဖော်ပြသွားမှာဖြစ်ကြောင်း နာရူမွန်က ပြောပါတယ်။

 

မှတ်ပုံတင်ချင်တဲ့ လယ်သမားအသစ်တွေအနေနဲ့ ၎င်းတို့ခရိုင်အတွင်းမှာရှိတဲ့ လယ်ယာစိုက်ပျိုးရေးရုံးတွေနဲ့ ဆက်သွယ်မှတ်ပုံတင်ပြီး လယ်ယာစိုက်ပျိုးရေးတိုးချဲ့ဌာနရဲ့ဝက်ဆိုက်မှာ ၎င်းတို့နာမည်တွေကို စစ်ဆေးကြည့် ရှုနိုင်ကြောင်း နာရူမွန်က ပြောပါတယ်။

 

Ref: Cabinet approves 38.58 billion baht for rice farmers’ subsidies

 

#PeopleMedia


Share this post