• Follow Us on
Latest News

Home ဆန်နှင့် စားသုံးဆီဈေးနှုန်းတည်ငြိမ်ရေးကိစ္စရပ်များကို ပထမဦးစားပေးအဖြစ် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် ပြောကြား

ဆန်နှင့် စားသုံးဆီဈေးနှုန်းတည်ငြိမ်ရေးကိစ္စရပ်များကို ပထမဦးစားပေးအဖြစ် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် ပြောကြား

Share this post

နေပြည်တော်၊ ဇွန် ၂၀

 

ဆန်နှင့် စားသုံးဆီဈေးနှုန်း တည်ငြိမ်ရေးကိစ္စရပ်များကို ပထမဦးစားပေးအဖြစ် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ယမန်နေ့က ကျင်းပသည့် ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေး ကော်မတီ အစည်းအဝေးတွင် ပြည်ထောင်စု ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောသည်။

 

အစည်းအဝေးသို့ ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကော်မတီဝင်ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ စီးပွားရေးရာဝန်ကြီးများ၊ စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူးများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

 

ပြည်ထောင်စုကုန်ဈေးနှုန်း တည်ငြိမ်ရေးကော်မတီအစည်းအဝေး ဆုံးဖြတ်ချက်များအရ ဆေးဝါးနှင့် ဆေးအထောက်အကူပစ္စည်းများအပါအဝင် အရေးကြီးကုန်စည်များ ပြတ်လပ်မှုနှင့် ဈေးနှုန်းမြင့်တက်မှုများ မဖြစ်ပေါ်စေရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၊ ပုဂ္ဂလိက ကဏ္ဍအသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တင်ပြနေ သည့် ကိန်းဂဏန်းစာရင်းအင်းများကို မြေပြင်အခြေအနေမှန်နှင့် ကိုက်ညီစေရေး စိစစ်ကြပ်မတ်ဆောင် ရွက်လျက်ရှိကြောင်း၊ ကော်မတီအနေဖြင့် နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဆန်သိုလှောင်ရုံများနှင့် ဆန်ဆိုင်များ၊ ဆေးသိုလှောင်ရုံများနှင့် ဆေးဆိုင်များကို ဈေးနှုန်းမြှင့်တင်ရောင်းချ ခြင်းနှင့် ဖြန့်ဖြူးခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများ မရှိစေရေး ပူးပေါင်းအဖွဲ့များဖြင့် အပတ်စဉ် ကွင်းဆင်းစစ်ဆေးလျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။

 

၂၀၂၄ ခုနှစ်၊ မေလအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းနှင့် ရွှေဈေးနှုန်းများ မြင့်တက်လာသည်ကို တွေ့ရှိရ ကြောင်း၊ မရှိမဖြစ်လိုအပ်သည့် သွင်းကုန်ပစ္စည်းများအတွက် နိုင်ငံခြားငွေရရှိရေးကို နိုင်ငံခြားသုံးငွေကြီးကြပ်မှု ကော်မတီ (FESC) က စိစစ်ခွင့်ပြုပေးလျက်ရှိကြောင်း၊ နိုင်ငံခြားငွေ အမှန်တကယ် အသုံးပြုရန်လိုအပ်သူများ အတွက် ရရှိနိုင်ရေးကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ရွှေနှင့် နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ် ရေးနှင့်ပတ်သက်၍ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများက ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကော်မတီ အနေဖြင့် ဆန်နှင့် စားသုံးဆီဈေးနှုန်း တည်ငြိမ်ရေးကိစ္စရပ်များကို ပထမဦးစားပေးအဖြစ် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောသည်။

 

ဆန်ဈေးနှုန်းနှင့် ပတ်သက်၍ စိုက်ပျိုးရေးသွင်းအားစုဈေးနှုန်းများ မြင့်တက်ခြင်း၊ အလုပ်သမားခအပါအဝင် အထွေထွေကုန်ကျစရိတ်များ မြင့်တက်ခြင်းတို့သည် ဆန်ဈေးနှုန်းများ မြင့်တက်စေသည့် အကြောင်းများဖြစ် ကြောင်း၊ စားအုန်းဆီကို ရည်ညွှန်းဈေးသတ်မှတ်၍ တင်သွင်းရောင်းချသည့် ကုမ္ပဏီများက တိုက်ရိုက်ဖြန့်ဖြူး ရောင်းချပေးလျက်ရှိကြောင်း၊ စားအုန်းဆီ ဖြန့်ဖြူးရောင်းချရာတွင် အကျိုးအမြတ်ရရှိရေးကိုသာမကြည့်ဘဲ ပြည်သူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရေးနှင့် ဈေးနှုန်းတည်ငြိမ်ရေးတို့ကိုလည်း ညီညွတ်မျှတအောင် ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောကြားခဲ့သည်။

 

#PeopleMedia


Share this post