ဆယ္ေယာက္မွာ ကိုးေယာက္က ဘာမွမလုပ္ဘဲ ဒီမိုကေရစီဘယ္ေတာ့ရမလဲ ေမးေၾကာင္း ေဒၚေအာင္ဆန္းစု ၾကည္ေျပာ
PUBLISHED - February 26, 2020
ရန္ကုန္၊ ေဖေဖာ္ဝါရီ – ၂၅
ကရင္ျပည္နယ္၊ လႈိင္းဘြဲ႕ၿမိဳ႕မွာက်င္းပျပဳလုပ္သည့္ လူထုေတြ႕ဆုံပြဲတြင္ ဆယ္ေယာက္မွာ ကိုးေယာက္က ဘာမွ မလုပ္ဘဲ ဒီမိုကေရစီဘယ္ေတာ့ရမလဲေမးေၾကာင္း ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ က ေျပာၾကားလိုက္သည္။
ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္းဆန္းစုၾကည္သည္ ယေန႔နံနက္ပိုင္းက ကရင္ျပည္နယ္၊ ျမ၀တီၿမိဳ႕၌ လူထုေတြ႕ဆုံပြဲျပဳလုပ္ၿပီးသည့္ေနာက္ လႈိင္းဘြဲ႕ၿမိဳ႕တြင္မြန္းလြဲပိုင္း၌ လူထုေတြ႕ဆုံပြဲက်င္းပျပဳလုပ္ခဲ့ျခင္း လည္းျဖစ္သည္။
“ဒီမိုကေရစီအတြက္လူပ္ရွားေနတဲ့အခ်ိန္မွာ မၾကာခဏတစ္ခ်ိဳ႕က ကြၽန္မကိုေမးၾကပါတယ္။ ဒီမိုကေရစီ ဘယ္ေတာ့ရမွာလည္းေမးတဲ့လူေတြက အမ်ားသျဖင့္ ဆယ္ေယာက္မွာ ကိုးေယာက္ေလာက္က ဒီမိုကေရစီရ ေရးအတြက္ ဘာမွမလုပ္ေပးတဲ့သူေတြတကယ္လုပ္ေပးတဲ့သူေတြက ဒီေမးခြန္းကို သူတို႔ကမေမးဘူး” ဟု ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ေျပာသည္။
ဒီမိုကေရစီအမွန္တကယ္လိုခ်င္သူမ်ားသည္ အမွန္တကယ္ႀကိဳးစားၿပီးလုပ္ေၾကာင္းႏွင့္ ဒီမိုကေရစီဘယ္ေတာ့ ရမလည္းမေမးေၾကာင္းလည္း အတိုင္ပင္ခံေျပာသည္။
“(ဒီမိုကေရစီ)တကယ္ရျဖစ္ေအာင္ ႀကိဳးစားလႈပ္ရွားေနတဲ့သူက သူတို႔ကိုယ္သူတို႔ယုံၾကည္မႈ့ရွိတယ္ သူတို႔လုပ္ ေနတဲ့အလုပ္ကို ယုံၾကည္မႈရွိတယ္တစ္ခ်ိန္တစ္ခါမွာအေႏွးနဲ႔အျမန္ရမွာပဲဆိုၿပီး သူတို႔စိတ္ထဲစြဲေနတယ္” ဟု ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ေျပာသည္။
ယေန႔ျပဳလုပ္သည့္ လႈိင္းဘြဲ႕ၿမိဳ႕လူထုေတြ႕ဆုံပြဲမွာေဒသခံမ်ားက ေဒသအတြင္း လမ္းပန္းဆက္သြယ္ေရးႏွင့္ ေဒသအတြင္းလွ်ပ္စစ္ဓာတ္အားရရွိေရးကို အမ်ားဆုံးေမးျမန္းတင္ျပခဲ့ၾကသည္။
(Unicode)
ဆယ်ယောက်မှာ ကိုးယောက်က ဘာမှမလုပ်ဘဲ ဒီမိုကရေစီဘယ်တော့ရမလဲ မေးကြောင်း ဒေါ်အောင်ဆန်းစု ကြည်ပြော
…………………………………………………………
ရန်ကုန်၊ ဖေဖော်ဝါရီ – ၂၅
ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့မှာကျင်းပပြုလုပ်သည့် လူထုတွေ့ဆုံပွဲတွင် ဆယ်ယောက်မှာ ကိုးယောက်က ဘာမှ မလုပ်ဘဲ ဒီမိုကရေစီဘယ်တော့ရမလဲမေးကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောကြားလိုက်သည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်းဆန်းစုကြည်သည် ယနေ့နံနက်ပိုင်းက ကရင်ပြည်နယ်၊ မြဝတီမြို့၌ လူထုတွေ့ဆုံပွဲပြုလုပ်ပြီးသည့်နောက် လှိုင်းဘွဲ့မြို့တွင်မွန်းလွဲပိုင်း၌ လူထုတွေ့ဆုံပွဲကျင်းပပြုလုပ်ခဲ့ခြင်း လည်းဖြစ်သည်။
“ဒီမိုကရေစီအတွက်လူပ်ရှားနေတဲ့အချိန်မှာ မကြာခဏတစ်ချို့က ကျွန်မကိုမေးကြပါတယ်။ ဒီမိုကရေစီ ဘယ်တော့ရမှာလည်းမေးတဲ့လူတွေက အများသဖြင့် ဆယ်ယောက်မှာ ကိုးယောက်လောက်က ဒီမိုကရေစီရ ရေးအတွက် ဘာမှမလုပ်ပေးတဲ့သူတွေတကယ်လုပ်ပေးတဲ့သူတွေက ဒီမေးခွန်းကို သူတို့ကမမေးဘူး” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ပြောသည်။
ဒီမိုကရေစီအမှန်တကယ်လိုချင်သူများသည် အမှန်တကယ်ကြိုးစားပြီးလုပ်ကြောင်းနှင့် ဒီမိုကရေစီဘယ်တော့ ရမလည်းမမေးကြောင်းလည်း အတိုင်ပင်ခံပြောသည်။
“(ဒီမိုကရေစီ)တကယ်ရဖြစ်အောင် ကြိုးစားလှုပ်ရှားနေတဲ့သူက သူတို့ကိုယ်သူတို့ယုံကြည်မှု့ရှိတယ် သူတို့လုပ် နေတဲ့အလုပ်ကို ယုံကြည်မှုရှိတယ်တစ်ချိန်တစ်ခါမှာအနှေးနဲ့အမြန်ရမှာပဲဆိုပြီး သူတို့စိတ်ထဲစွဲနေတယ်” ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပြောသည်။
ယနေ့ပြုလုပ်သည့် လှိုင်းဘွဲ့မြို့လူထုတွေ့ဆုံပွဲမှာဒေသခံများက ဒေသအတွင်း လမ်းပန်းဆက်သွယ်ရေးနှင့် ဒေသအတွင်းလျှပ်စစ်ဓာတ်အားရရှိရေးကို အများဆုံးမေးမြန်းတင်ပြခဲ့ကြသည်။
#PeopleMedia